သမီးေလးေတြကပါ သီလရွင္ဝတ္ဖို႔ ဆံုးျဖတ္ထားတာေၾကာင့္ ဝမ္းသာပီတိျဖစ္ေနတဲ့ စမိုင္းလ္

စမိုင္းလ္ကေတာ့ သမီးေလးေတြရဲ႕ စကားေၾကာင့္ စိတ္ေက်နပ္ခဲ့ရတာေလးကို အခုလို ေျပာျပလာပါတယ္။ သမီးေလး ႏွစ္ေယာက္က သီလရွင္ဝတ္ခ်င္တယ္လို႔ ဆိုလာတဲ့ စကားေၾကာင့္ပါတဲ့။ “အေက်နပ္ဆုံးစကားကေတာ့ သမီးေတြက တစ္ေန႔က်ရင္သူတို႔လည္းမာမီလို သီလရွင္ဝတ္မယ္တဲ့ ။ ဂတုံးနဲ႔မလွလည္းအတုဝတ္အိပ္မယ္တဲ့” ဆိုၿပီးေတာ့ ဇူလိုင္လ ၁၆ ရက္ေန႔ ည ၁၁ နာရီေက်ာ္က

သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ အဲဒီေနာက္ အမွတ္တရ ဓာတ္ပုံေလးေတြလည္း တင္ခဲ့တာကို ေတြ႕ရပါတယ္။ သ႐ုပ္ေဆာင္ စမိုင္းလ္ နဲ႔ ခင္ပြန္းျဖစ္သူတို႔ဟာ ဇူလိုင္လ (၅) ရက္ေန႔က စၿပီး သစ္တံခါးေက်ာင္းတိုက္မွာ သာသနာ့ေဘာင္ကို စတင္ဝင္ေရာက္ခဲ့တာပါ။ အဲဒီေနာက္ ေမွာ္ဘီၿမိဳ႕မွာရွိတဲ့ ေအာင္ဇဗၺဴေတာရ ေက်ာင္းမွာ သီတင္းသုံးခဲ့ၾကပါေသးတယ္။ သာသနာ့ေဘာင္ထဲ

ဝင္ေရာက္ေနစဥ္အတြင္းမွာလည္း စမိုင္းလ္ တို႔ ဇနီးေမာင္ႏွံဟာ ဘုန္းႀကီးေက်ာင္းရဲ႕ သန႔္ရွင္းေရး အပိုင္းေတြကိုလည္း ဝင္ေရာက္ လုပ္ေဆာင္ခဲ့တာ ေတြ႕ရပါတယ္။ ဇူလိုင္လ (၁၅) ရက္ေန႔မွာေတာ့ ေအာင္ဇဗၺဴေတာရေက်ာင္းမွာ လူဝတ္လဲ ခဲ့တာျဖစ္ၿပီး ဆရာေတာ္၊ သံဃာေတာ္မ်ား အတြက္ ဆြမ္း၊ သကၤန္းႏွင့္ ဝတၳဳေငြမ်ားလည္း ဆပ္ကပ္လႉဒါန္းခဲ့ပါေသးတယ္။ သ႐ုပ္ေဆာင္ စမိုင္းလ္ ဟာ အခုခ်ိန္မွာ

ကိုယ္ပိုင္စီးပြားေရးေတြလည္း အမ်ားႀကီးပိုင္ဆိုင္ထား သလိုကိုယ္ပိုင္႐ုပ္ရွင္ထုတ္လုပ္ေရး ကိုလည္း စီစဥ္ေဆာင္႐ြက္ေနသူတစ္ဦးပါ။ အခုဆိုရင္ စမိုင္းလ္႐ုပ္ရွင္ထုတ္လုပ္ေရးကိုပါ ဦးေဆာင္ေနသလို ပရိသတ္နဲ႔ အဆက္အသြယ္မျပတ္ဖို႔ သ႐ုပ္ေဆာင္ အလုပ္ေတြပါ ျပန္လုပ္ေနၿပီလို႔ သိရပါတယ္။ လက္ရွိမွာေတာ့ အဘြားျဖစ္သူ ဝါရင့္သ႐ုပ္ေဆာင္ႀကီး ေဒၚခင္ေလးေဆြရယ္၊ သူခ်စ္ရတဲ့ ခင္ပြန္းရယ္၊ သမီးေလး ႏွစ္ေယာက္ရယ္ နဲ႔ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ျဖတ္သန္းေနတာ ျဖစ္ပါတယ္။

Read in UNICODE

စမိုင်းလ်ကတော့ သမီးလေးတွေရဲ့ စကားကြောင့် စိတ်ကျေနပ်ခဲ့ရတာလေးကို အခုလို ပြောပြလာပါတယ်။ သမီးလေး နှစ်ယောက်က သီလရှင်ဝတ်ချင်တယ်လို့ ဆိုလာတဲ့ စကားကြောင့်ပါတဲ့။ “အကျေနပ်ဆုံးစကားကတော့ သမီးတွေက တစ်နေ့ကျရင်သူတို့လည်းမာမီလို သီလရှင်ဝတ်မယ်တဲ့ ။ ဂတုံးနဲ့မလှလည်းအတုဝတ်အိပ်မယ်တဲ့” ဆိုပြီးတော့ ဇူလိုင်လ ၁၆ ရက်နေ့ ည ၁၁ နာရီကျော်က

သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံလေးတွေလည်း တင်ခဲ့တာကို တွေ့ရပါတယ်။ သရုပ်ဆောင် စမိုင်းလ် နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ဇူလိုင်လ (၅) ရက်နေ့က စပြီး သစ်တံခါးကျောင်းတိုက်မှာ သာသနာ့ဘောင်ကို စတင်ဝင်ရောက်ခဲ့တာပါ။ အဲဒီနောက် မှော်ဘီမြို့မှာရှိတဲ့ အောင်ဇဗ္ဗူတောရ ကျောင်းမှာ သီတင်းသုံးခဲ့ကြပါသေးတယ်။ သာသနာ့ဘောင်ထဲ

ဝင်ရောက်နေစဉ်အတွင်းမှာလည်း စမိုင်းလ် တို့ ဇနီးမောင်နှံဟာ ဘုန်းကြီးကျောင်းရဲ့ သန့်ရှင်းရေး အပိုင်းတွေကိုလည်း ဝင်ရောက် လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဇူလိုင်လ (၁၅) ရက်နေ့မှာတော့ အောင်ဇဗ္ဗူတောရကျောင်းမှာ လူဝတ်လဲ ခဲ့တာဖြစ်ပြီး ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်း၊ သင်္ကန်းနှင့် ဝတ္ထုငွေများလည်း ဆပ်ကပ်လှူဒါန်းခဲ့ပါသေးတယ်။ သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ

ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထား သလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေရယ်၊ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *