မိခင္ျဖစ္သူေၾကာင့္ သူငယ္ခ်င္းေတြၾကားထဲမွာ မ်က္ႏွာရတယ္ဆိုတဲ့အေၾကာင္း ေျပာျပခဲ့တဲ့ ၿဖိဳးျမတ္ေအာင္

ၿဖိဳးျမတ္ေအာင္ဟာ မိခင္ရဲ႕ ဆုံးမသြန္သင္မႈေတြကို ျပန္လည္ မွ်ေဝခဲ့ပါတယ္။ ခ်ဳပ္ျခယ္တဲ့ မိခင္မဟုတ္တာ ေၾကာင့္လည္း စိတ္ခ်မ္းသာရတယ္လို႔ ေျပာျပလာပါတယ္။ “ အေမက ကြၽန္ေတာ့္ကို မခ်ဳပ္ျခယ္ဘူး။ ကြၽန္ေတာ္ ဘာပဲ လုပ္လုပ္ ဟင့္အင္းဆိုတာ မရွိဘူး။ အင္းဆိုတာခ်ည္းပဲ။ ကိုယ္လုပ္ခ်င္တဲ့ အရာကို လြတ္လြတ္လပ္လပ္ လုပ္ခြင့္ရတဲ့ အတြက္ စိတ္ခ်မ္းသာရပါတယ္။ ဒါေပမယ့္ အေမဆုံးမ ထားတာေတာ့ ရွင္းရွင္းေလး သူမ်ားပစၥည္း မခိုးနဲ႔၊ သူမ်ားကို မဟုတ္တာ မလုပ္နဲ႔၊ သူမ်ားကို မေစာ္ကားနဲ႔ က်န္တာ ႀကိဳက္တာ

အကုန္ လုပ္လို႔ရတယ္” လို႔ ဆိုပါတယ္။ သားေတြရဲ႕ မိခင္ျဖစ္တာေၾကာင့္လည္း အေပါင္းအသင္းနဲ႔ ပတ္သက္လာရင္ ကန႔္ကြက္ထားတာ မရွိတဲ့အေၾကာင္းကိုလည္း ၿဖိဳးျမတ္ေအာင္က ေျပာျပခဲ့ျပန္ပါေသးတယ္။ “ အေမက နည္းပညာေခတ္ႀကီးမမီေပမယ့္ သားသမီးေတြကို အလိုလိုက္တယ္။ သူငယ္ခ်င္း အေပါင္းအသင္း ဘယ္ႏွေယာက္ လာလာ နင့္ သူငယ္ခ်င္းကေတာ့ ဘာပါ ဆိုတာလည္း မေျပာဘူး။ အကုန္လုံးကို သူ႔ သားသမီးေတြ လိုမ်ိဳး ဆက္ဆံတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ကလည္း ကိုယ့္သူငယ္ခ်င္းကို

အိမ္ေခၚလာရတဲ့ အခါ မ်က္ႏွာရတယ္ေလ။ ကြၽန္ေတာ္လည္း အတတ္ႏိုင္ဆုံး အေမ့ကို စိတ္ခ်မ္းသာေအာင္ ထားတယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ၿဖိဳးျမတ္ေအာင္က ဇူလိုင္(၉) ရက္ေန႔က မိသားစုနဲ႔ အတူတူ ေမြးေန႔ အလႉလုပ္ခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ မီဒီယာ အင္တာဗ်ဴးေတြကိုလည္း ညီအစ္ကို ႏွစ္ေယာက္ အတူတူ ေျဖဆိုခဲ့တာ ေတြ႕ရပါတယ္။ သူဟာကိုဗစ္ကာလအတြင္းမွာ သူငယ္ခ်င္းေတြနဲ႔အတူ သီခ်င္းအသစ္ေတြ ဖန္တီးေနသလို ပရဟိတအလုပ္ေတြ ဆက္တိုက္လုပ္ေနတာ ေတြ႕ရပါတယ္။ ၿဖိဳးျမတ္ေအာင္ကိုေတာ့ Myanmar Idol Season 3 Winner တစ္ေယာက္အျဖစ္

ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ သူ႔ရဲ႕ ဂီတေျခလွမ္းေတြကိုအေသးစိတ္ျမင္ေတြ႕လာရတာျဖစ္ပါတယ္။ Myanmar Idol က ေနရရွိလာတဲ့ ဆုေငြေတြကိုလည္းၿဖိဳးျမတ္ေအာင္က အလႉအတန္းေတြ အဆက္မျပတ္ လုပ္ခဲ့တာကို ေတြ႕ရပါတယ္။ သူကေတာ့ အႏုပညာအလုပ္အျပင္ ပရဟိတအလုပ္ေတြကိုပါ ဦးစားေပး လုပ္ကိုင္တတ္သလို ဘာသာေရး ကိုင္းရႈိင္းသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ၿဖိဳးျမတ္ေအာင္ဟာ ၿပိဳင္ပြဲၿပီးကတည္းက အလုပ္ေတြ ရႈပ္ေနတဲ့ အခ်ိန္မွာေတာင္ ဘာသာေရးနဲ႔ ပတ္သက္ၿပီး ပုံမွန္လုပ္ျဖစ္ေနတယ္လို႔ သိရပါတယ္။

Read in UNICODE

ဖြိုးမြတ်အောင်ဟာ မိခင်ရဲ့ ဆုံးမသွန်သင်မှုတွေကို ပြန်လည် မျှဝေခဲ့ပါတယ်။ ချုပ်ခြယ်တဲ့ မိခင်မဟုတ်တာ ကြောင့်လည်း စိတ်ချမ်းသာရတယ်လို့ ပြောပြလာပါတယ်။ “ အမေက ကျွန်တော့်ကို မချုပ်ခြယ်ဘူး။ ကျွန်တော် ဘာပဲ လုပ်လုပ် ဟင့်အင်းဆိုတာ မရှိဘူး။ အင်းဆိုတာချည်းပဲ။ ကိုယ်လုပ်ချင်တဲ့ အရာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတဲ့ အတွက် စိတ်ချမ်းသာရပါတယ်။ ဒါပေမယ့် အမေဆုံးမ ထားတာတော့ ရှင်းရှင်းလေး သူများပစ္စည်း မခိုးနဲ့၊ သူများကို မဟုတ်တာ မလုပ်နဲ့၊ သူများကို မစော်ကားနဲ့ ကျန်တာ ကြိုက်တာ

အကုန် လုပ်လို့ရတယ်” လို့ ဆိုပါတယ်။ သားတွေရဲ့ မိခင်ဖြစ်တာကြောင့်လည်း အပေါင်းအသင်းနဲ့ ပတ်သက်လာရင် ကန့်ကွက်ထားတာ မရှိတဲ့အကြောင်းကိုလည်း ဖြိုးမြတ်အောင်က ပြောပြခဲ့ပြန်ပါသေးတယ်။ “ အမေက နည်းပညာခေတ်ကြီးမမီပေမယ့် သားသမီးတွေကို အလိုလိုက်တယ်။ သူငယ်ချင်း အပေါင်းအသင်း ဘယ်နှယောက် လာလာ နင့် သူငယ်ချင်းကတော့ ဘာပါ ဆိုတာလည်း မပြောဘူး။ အကုန်လုံးကို သူ့ သားသမီးတွေ လိုမျိုး ဆက်ဆံတယ်။ အဲဒီတော့ ကျွန်တော်တို့ကလည်း ကိုယ့်သူငယ်ချင်းကို

အိမ်ခေါ်လာရတဲ့ အခါ မျက်နှာရတယ်လေ။ ကျွန်တော်လည်း အတတ်နိုင်ဆုံး အမေ့ကို စိတ်ချမ်းသာအောင် ထားတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ဖြိုးမြတ်အောင်က ဇူလိုင်(၉) ရက်နေ့က မိသားစုနဲ့ အတူတူ မွေးနေ့ အလှူလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မီဒီယာ အင်တာဗျူးတွေကိုလည်း ညီအစ်ကို နှစ်ယောက် အတူတူ ဖြေဆိုခဲ့တာ တွေ့ရပါတယ်။ သူဟာကိုဗစ်ကာလအတွင်းမှာ သူငယ်ချင်းတွေနဲ့အတူ သီချင်းအသစ်တွေ ဖန်တီးနေသလို ပရဟိတအလုပ်တွေ ဆက်တိုက်လုပ်နေတာ တွေ့ရပါတယ်။ ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ်

ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ သူကတော့ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်သလို ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ဟာ ပြိုင်ပွဲပြီးကတည်းက အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *