အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ (၉)နှစ်ကျော်တွဲခဲ့တဲ့ ချစ်သူနဲ့ပြတ်သွားပြီဆိုတဲ့ သတင်းကို ပြန်လည်ဖြေရှင်းခဲ့တဲ့ သဇင်နွယ်ဝင်း





Read in UNICODE

လတ်တလောမှာတော့ Han Nyein Oo Pageကနေ အနုပညာဆယ်လီသတင်းတွေကို ဖော်ပြနေတာပဲဖြစ်ပါတယ်။ လူအတော်အများကလည်း ထိုPageကိုအရမ်းကို စိတ်ဝင်စားမှုမြင့်တက်နေကြတယ်လို့ ဆိုရမှာပါ။ ခုရက်ပိုင်းမှာလည်း အစီအစဉ်တင်ဆက်သူ သဇင်နွယ်ဝင်း ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးဖော်ပြခဲ့တာကြောင့် သဇင်နွယ်ဝင်းကတော့အခုလိုပဲ ပြန်လည်ဖြေရှင်းခဲ့တာပါ။ ” ခုလို stayhome ကာလမှာ အားလုံးကစီးပွါးရေးတွေကြပ်၊ မိသားစုစားဝတ်နေရေးကြောင့် ပူပန်၊ အလုပ်တွေရပ်ဆိုင်းထားရလို့

မပြေမလည် အခက်ခဲတွေ ဖြစ် စသဖြင့် ရုန်းကန်နေရတဲ့ အချိန်ကြီးမှာလေ သမီးရည်းစား ညားကြသည် ၊ကွဲကြသည်ဆိုတဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတွေက စားဝတ်နေရေး အတွက်လုပ်ကိုင်ရှာဖွေကြိုးစားရုန်းကန်နေရတဲ့သူတွေအတွက် တကယ်တော့ ဘာမှကို အရေးမပါတော့တာ… ပြေလည်နေတဲ့သူတွေရှိကောင်းရှိနေနိုင်ပေမဲ့ တဖက်မှာ ထမင်းတနပ်အတွက် စိတ်ရော လူရော ပင်ပန်းဆင်းရဲနေရတဲ့ ဘဝတွေအများကြီး၊ အဓိကနဲ့ သာမညခွဲထားပြီး ကို့အလုပ်နဲ့ကို အာရုံစိုက်လုပ်နေပေမဲ့

မဟုတ်မမှန်သောအကြောင်းအရာတွေ,ကိုယ်ကျင့်သိက္ခာကိုပါ ထိပါးတဲ့ထိ ပြောဆိုရေးသားတဲ့ တရားမဝင်တဲ့သတင်းမီဒီယာ page တွေ များလာတော့လေ သတင်းအမှားများရင် အမှန်လို့ အားလုံးထင် မြင်ယူဆသွားနိုင်လို့ သဇင်ခုလို ရေးလိုက်တာပါ…သဇင် ရေးကြီးခွင်ကျယ် မဖြေရှင်းဘူးဆိုတာကလဲ အရေးလဲမကြီးလို့ပါ… ပြီးတော့ အစီစဉ်တင်ဆက်သူသဇင်ဆိုတာကို သိတဲ့သူအနည်းအကျဉ်း မသိတဲ့သူတွေ ခပ်များများရယ်ပါ… ဒါပေမဲ့ fbမှာသဇင်နဲ့ ခင်၊ သဇင့်ကိုချစ်လို့ ဂရုစိုက်ပေးတဲ့ ညီအကိုမောင်နှမ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေ

အားလုံးစိုးရိမ်စွာ လာမေးကြလို့ status လေးတင်ပြီးရှင်းပြတာပါ …သဇင် အနန္တော အနန္ဒ ငါးပါးရဲ့ ဆုံးမမှု နဲ့ မိဘကျေးဇူးတတ်နိုင်သမျှဆပ်ရင်း ဘဝကို အကောင်းဆုံး ကြိုးစားဖြတ်သန်းပါတယ်… အားလုံးကို ကျေးဇူးများကြီးတင်ပါတယ်❤️❤️ Peace နော်” ✌️😘 သဇင်က ခွီနေကြမို့ အခွီစိတ်ကိုထိန်းရင်း အတည်ရေးလိုက်ပါတယ်”ဆိုတဲ့စာလေးနဲ့ သူမကိုချစ်တဲ့ပရိသတ်တွေစိတ်မပူကြဖို့ ပြန်လည်ဖြေရှင်းခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Thazin Nwe Win’s Facebook

Add a Comment

Your email address will not be published. Required fields are marked *