သူများတွေ ရှုတင်တွေရိုက်နေချိန်မှာ သူကျ ဘာလို့မရိုက်ရတာလဲဆိုပြီး ဝမ်းနည်းနေတဲ့ သားညီ





Read in UNICODE

သားညီကတော့ အစ်ကိုဖြစ်သူ ဒွေးနဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ပြီး ဒွေးကွယ်လွန်သွားချိန်မှာတော့ အောင်မြင်တဲ့ နေရာတစ်နေရာကို ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သားညီက နောက်ပိုင်းမှာ ဒါရိုက်တာတစ်ယောက်အဖြစ်ပါ

ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာပြီး ခိုင်မာတဲ့ နေရာတစ်နေရာကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သားညီရဲ့ လှုပ်ရှားမှုတိုင်းကို အရင်ကလိုပဲ ဆက်လက်အားပေးနေကြဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ ကပ်ရောဂါအခြေအနေကြောင့် ရုပ်ရှင်ရိုက်ကူးခြင်းတွေရပ်နားထားတဲ့ သားညီက

သူများတွေ လုပ်ငန်းခွင်အသီးသီးဝင်နေကြပြီး ရှုတင်တွေရိုက်နေချိန်မှာ သူကျရုပ်ရှင်မရိုက်ရတဲ့အဖြစ်လေးကို ဝမ်းနည်းနေတာကို တွေ့ရပါတယ်။ သားညီက “သူများတွေ Shooting ဆိုပြီး My Day တွေ တင်တာတွေ့ရင် ငါကျ ဘာလို့ရိုက်လို့မရတာလဲဆိုပြီး သိပ်သိချင်မိတယ် !!!” ဆိုပြီး သူ့ရဲ့အဖြစ်လေးကို ပြောလာပါတယ်။ သားညီကတော့ အနုပညာသမားတစ်ယောက်ပီပီ အလုပ်တွေကို

ပြန်လည်စတင်ချင်နေပြီဖြစ်ပေမယ့် အခြေအနေက အခွင့်အရေးမပေးသေးတာကြောင့် အလုပ်တွေ ရပ်နားထားရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း သားညီတစ်ယောက် အရင်လို ရုပ်ရှင်ဇာတ်ကားတွေ အမြန်ဆုံးရိုက်ကူးရဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Thar Nyi’s Facebook

Add a Comment

Your email address will not be published. Required fields are marked *