ရန္ကုန္ နာေရးကူညီမႈအသင္းကို ေငြက်ပ္သိန္းႏွစ္ဆယ္လႉဒါန္းခဲ့တဲ့ ဂြၽန္လြင္

အႏုပညာမ်ိဳးဆက္သစ္ေတြကို ေမြးထုတ္ေပးေနတဲ့ ဂြၽန္လြင္ကေတာ့Star & Models Agencyရဲ႕ပဲ့ကိုင္ရွင္ျဖစ္သလို အႏုပညာရွင္အမ်ားစုရဲ႕ ဆရာအျဖစ္ေလးစားျခင္းခံရသူပါ။ လိုအပ္တဲ့ေနရာမွာဝင္ေရာက္ဖ်န္ေျဖေလ့ရွိတဲ့ ဂြၽန္လြင္ကေတာ့ အလႉအတန္းလည္း

ရက္ေရာသူတစ္ေယာက္ပါ။ သိပ္မၾကာေသးခင္ကလည္း အသက္(၅၃)ျပည့္သြားခဲ့တဲ့ဂြၽန္လြင္ကေတာ့ အလႉတစ္ခုျပဳလုပ္ခဲ့ျပန္ပါတယ္။ သူ႔ရဲ႕ေဖ့ဘြတ္ခ္မွာ “ကြယ္လြန္သူ (ဦးလွျမင့္) (၁၈) ႏွစ္ျပည့္အားရည္စူး၍ တင္ေအာင္လြင္ (ခ) ဂြၽန္လြင္ (၅၃) ႏွစ္ျပည့္ေမြးေန႔အလႉ

ျမတ္ဒါန အေနျဖင့္ ဦးေက်ာ္သူဦးစီးေသာ နာေရးကူညီမႈအသင္း (ရန္ကုန္) ကိုျမန္မာေငြက်ပ္သိန္းႏွစ္ဆယ္တိတိ လႉဒါန္းခဲ့ပါတယ္။ အခုလိုေမြးေန႔အတြက္ရည္စူးၿပီး လႉဒါန္းရျခင္းေၾကာင့္လည္း ဝမ္းသာပီတီျဖစ္ရပါတယ္။ ေဖ့ဘုတ္က မိတ္ေဆြသူငယ္ခ်င္းမ်ားလည္း

ကြၽန္ေတာ္ျပဳသမွ် ကုသိုလ္ရရွိႏိုင္ေစဖို႔ သာဓုေခၚဆိုႏိုင္ပါတယ္။” ဆိုၿပီးေတာ့ အသိေပးေရးသားထားပါတယ္။ ဂြၽန္လြင္ကေတာ့ ေမြးေန႔အလႉကို အက်ိဳးရွိတဲ့ေနရာမွာ ေငြသိန္း(၂၀)ေတာင္လႉဒါန္းခဲ့တာပါ။ အမ်ားအက်ိဳးအတြက္ေတြးေပးတတ္လြန္းတဲ့ ဂြၽန္လြင္ကေတာ့ လိုအပ္တဲ့ေနရာမွာလႉတာေတြ ကူညီတာေတြလုပ္ေလ့ရွိတာေၾကာင့္ တကယ့္ကိုေလးစားထိုက္သူတစ္ေယာက္ပါပဲေနာ္…

Read in UNICODE

အနုပညာမျိုးဆက်သစ်တွေကို မွေးထုတ်ပေးနေတဲ့ ဂျွန်လွင်ကတော့Star & Models Agencyရဲ့ပဲ့ကိုင်ရှင်ဖြစ်သလို အနုပညာရှင်အများစုရဲ့ ဆရာအဖြစ်လေးစားခြင်းခံရသူပါ။ လိုအပ်တဲ့နေရာမှာဝင်ရောက်ဖျန်ဖြေလေ့ရှိတဲ့ ဂျွန်လွင်ကတော့ အလှူအတန်းလည်း

ရက်ရောသူတစ်ယောက်ပါ။ သိပ်မကြာသေးခင်ကလည်း အသက်(၅၃)ပြည့်သွားခဲ့တဲ့ဂျွန်လွင်ကတော့ အလှူတစ်ခုပြုလုပ်ခဲ့ပြန်ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကွယ်လွန်သူ (ဦးလှမြင့်) (၁၈) နှစ်ပြည့်အားရည်စူး၍ တင်အောင်လွင် (ခ) ဂျွန်လွင် (၅၃) နှစ်ပြည့်မွေးနေ့အလှူ

မြတ်ဒါန အနေဖြင့် ဦးကျော်သူဦးစီးသော နာရေးကူညီမှုအသင်း (ရန်ကုန်) ကိုမြန်မာငွေကျပ်သိန်းနှစ်ဆယ်တိတိ လှူဒါန်းခဲ့ပါတယ်။ အခုလိုမွေးနေ့အတွက်ရည်စူးပြီး လှူဒါန်းရခြင်းကြောင့်လည်း ဝမ်းသာပီတီဖြစ်ရပါတယ်။ ဖေ့ဘုတ်က မိတ်ဆွေသူငယ်ချင်းများလည်း

ကျွန်တော်ပြုသမျှ ကုသိုလ်ရရှိနိုင်စေဖို့ သာဓုခေါ်ဆိုနိုင်ပါတယ်။” ဆိုပြီးတော့ အသိပေးရေးသားထားပါတယ်။ ဂျွန်လွင်ကတော့ မွေးနေ့အလှူကို အကျိုးရှိတဲ့နေရာမှာ ငွေသိန်း(၂၀)တောင်လှူဒါန်းခဲ့တာပါ။ အများအကျိုးအတွက်တွေးပေးတတ်လွန်းတဲ့ ဂျွန်လွင်ကတော့ လိုအပ်တဲ့နေရာမှာလှူတာတွေ ကူညီတာတွေလုပ်လေ့ရှိတာကြောင့် တကယ့်ကိုလေးစားထိုက်သူတစ်ယောက်ပါပဲနော်…

Source : John Lwin’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *