ဇြဲကပင္ေတာင္ေပၚက ခုန္ခ်ကြယ္လြန္ခဲ့တဲ့ ေက်ာင္းသားေလးရဲ႕ က်န္ရစ္သူမိသားစုကို သြားေရာက္ႏွစ္သိမ့္ေပးခဲ့တဲ့ Sinon Loresca

လူမ်ိဳးျခား ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္ေပမယ့္ Sinon Loresca ကေတာ့ ျမန္မာပရိသတ္တိုင္း မသိတဲ့သူမရိွေလာက္ေအာင္ ထင္ရွားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ Sinon က နွလံုးသားလွသူတစ္ေယာက္ျဖစ္ျပီး သူတစ္ပါးကို ကူညီျဖည့္စည္းေပးတတ္တာေၾကာင့္ ပရိသတ္ေတြရဲ့ ခ်ီးက်ဴးအားေပးျခင္းကုိ

တစ္ခဲနက္ခံရသူတစ္ေယာက္ျဖစ္ပါတယ္။ Sinon ကေတာ့ ဒီေန့မွာေတာ့ မၾကာေသးခင္က ဇြဲကပင္ေတာင္ကေန ခုန္ခ်သတ္ေသသြားတဲ့ တကၠသိုလ္ေက်ာင္းသားေလးရဲ့ ေနအိမ္ကို သြားေရာက္ခဲ့ေၾကာင္း အခုလိုေျပာျပထားပါတယ္။ “ဒီေန႔ ကၽြန္ေတာ္ မၾကာ‌ေသးခင္က Suicide လုပ္သြားတဲ့ေကာင္ေလးရဲ႕ မိဘေတြအိမ္ကို ‌

သြားခဲ့ပါတယ္။ ကၽြန္ေတာ္ သူတို႔ေတြကို ႏွစ္သိမ့္ေပးခဲ့တယ္။ သူတို႔ေတြ ဘယ္ေလာက္မ်ား ပူေဆြးေသာကေရာက္ေနမလဲဗ်ာ 😔 အဲ့ဒါေၾကာင့္ သူတို႔အခုလိုမေမွ်ာ္လင့္တဲ့အရာျဖစ္သြားတဲ့အခ်ိန္၊ ပူေဆြးေသာကေရာက္ေနတဲ့အခ်ိန္မွာ သြားေရာက္ခဲ့တာပါ။ ဒီေန႔ေတာ့ဒီေလာက္ပါဘဲ 🙏🏽🖤” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝထားပါတယ္။ ကြယ္လြန္သူ တကၠသိုလ္ေက်ာင္းသားေလးက

ျပီးခဲ့တဲ့ ဇူလိုင္လ (၁၀)ရက္ေန့ကပဲ ဇြဲကပင္ေတာင္ေပၚကေန ခုန္ခ်သြားခဲ့တာျဖစ္ျပီး ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။ ေက်ာင္းသားေလးရဲ့ မိဘေတြလည္း Sinon ရဲ့ နွစ္သိမ့္မႈေၾကာင့္ ခဏတာေတာ့ စိတ္သက္သာရာရရိွသြားမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

လူမျိုးခြား မော်ဒယ်လ်တစ်ယောက်ဖြစ်ပေမယ့် Sinon Loresca ကတော့ မြန်မာပရိသတ်တိုင်း မသိတဲ့သူမရှိလောက်အောင် ထင်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Sinon က နှလုံးသားလှသူတစ်ယောက်ဖြစ်ပြီး သူတစ်ပါးကို ကူညီဖြည့်စည်းပေးတတ်တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးအားပေးခြင်းကို

တစ်ခဲနက်ခံရသူတစ်ယောက်ဖြစ်ပါတယ်။ Sinon ကတော့ ဒီနေ့မှာတော့ မကြာသေးခင်က ဇွဲကပင်တောင်ကနေ ခုန်ချသတ်သေသွားတဲ့ တက္ကသိုလ်ကျောင်းသားလေးရဲ့ နေအိမ်ကို သွားရောက်ခဲ့ကြောင်း အခုလိုပြောပြထားပါတယ်။ “ဒီနေ့ ကျွန်တော် မကြာ‌သေးခင်က Suicide လုပ်သွားတဲ့ကောင်လေးရဲ့ မိဘတွေအိမ်ကို ‌

သွားခဲ့ပါတယ်။ ကျွန်တော် သူတို့တွေကို နှစ်သိမ့်ပေးခဲ့တယ်။ သူတို့တွေ ဘယ်လောက်များ ပူဆွေးသောကရောက်နေမလဲဗျာ 😔 အဲ့ဒါကြောင့် သူတို့အခုလိုမမျှော်လင့်တဲ့အရာဖြစ်သွားတဲ့အချိန်၊ ပူဆွေးသောကရောက်နေတဲ့အချိန်မှာ သွားရောက်ခဲ့တာပါ။ ဒီနေ့တော့ဒီလောက်ပါဘဲ 🙏🏽🖤” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။ ကွယ်လွန်သူ တက္ကသိုလ်ကျောင်းသားလေးက

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၀)ရက်နေ့ကပဲ ဇွဲကပင်တောင်ပေါ်ကနေ ခုန်ချသွားခဲ့တာဖြစ်ပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားလေးရဲ့ မိဘတွေလည်း Sinon ရဲ့ နှစ်သိမ့်မှုကြောင့် ခဏတာတော့ စိတ်သက်သာရာရရှိသွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Sinon Loresca’s Facebook

Add a Comment

Your email address will not be published. Required fields are marked *