သားအမိတွေကြားမှာ သူငယ်ချင်းတွေလို တိုင်တိုင်ပင်ပင်ရှိပြီး သေချာဆုံးမသွန်သင်ထားတယ်ဆိုတဲ့ စိုးမိုးကြည်






Read in UNICODE

အနုပညာလောကမှာ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဆယ်စုနှစ်တွေကတည်း အောင်မြင်လာခဲ့ပြီး ယနေ့အချိန်ထိ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် လျှောက်လှမ်းရပ်တည်နေသူကတော့ သရုပ်ဆောင်စိုးမိုးကြည်ပဲ ဖြစ်ပါတယ်နော်..။ပရိသတ်အချစ်တွေနဲ့အတူ အနုပညာလောကမှာ

မှတ်တိုင်တစ်ခုစိုက်ထူနိုင်ထားတဲ့ စိုးမိုးကြည်ကတော့ သမီးလေးတစ်ယောက် သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားကာ ပျော်ရွှင်စရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်နော်..။ ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားတဲ့

စိုးမိုးကြည်ကတော့ အခုတစ်ခါမှာလည်း သူငယ်ချင်းလို တိုင်တိုင်ပင်ပင်နဲ့ ပျော်စရာကောင်းတဲ့ သူမတို့သားအမိတွေရဲ့ ဆက်ဆံရေးလေးအကြောင်း ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။ အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် တိုင်တိုင်ပင်ပင်ရှိကြပြီး ကိုယ့်ရဲ့ဆန္ဒကိုပဲ

မကြည့်ဘဲ သားသမီးတွေရဲ့ ဆန္ဒတွေကို အလေးထားကာ ဖြစ်ချင်တာလေးတွေကိုလည်း တိုင်ပင်ကြကာ ဆုံးမဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။ နိုင်ငံခြားမှာ ကျောင်းတတ်နေတဲ့ သမီးလေးနဲ့ ဉာဏ်ကောင်းတဲ့ သားလေးအကြောင်းကို ပြောပြထားပြီး ဘယ်သူကိုပဲဖြစ်ဖြစ်

ဘယ်နေရာပဲရောက်ရောက် စိတ်ထားဖြူဖြူစင်စင်ထားရမယ်လို့ သားနဲ့သမီးကို ဆုံးမသွန်သင်ထားတဲ့အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။ အနုပညာအလုပ်တွေကို ဝါသနာပါနေပြီဖြစ်တဲ့ သားလေးအကြောင်းကိုလည်း ပြောပြထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချော စိုးမိုးကြည်ရဲ့ ေီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Source : Myanamarlaod’s Interview | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *