ပိုက္ဆံ(၂)သိန္းေပးၿပီး အလုပ္ျဖဳတ္ခံရၿပီးေနာက္ အခုလိုေအာင္ျမင္လာေၾကာင္း ေျပာျပခဲ့တဲ့ ျဖဴျဖဴေထြး

ျဖဴျဖဴေထြးကေတာ့ Facebook မွာ ဟာသ video ေတြကို အေပ်ာ္တမ္း႐ိုက္ကူးၿပီးတင္ရင္းကေန မထင္မွတ္ဘဲ Facebook Cele တစ္ေယာက္အျဖစ္ အရမ္းကို ေအာင္ျမင္လာခဲ့သူျဖစ္ပါတယ္။ အခုလို မေအာင္ျမင္လာခင္က ျဖဴျဖဴေထြးကို ပရိသတ္ေတြ စၿပီး သတိထားမိခဲ့တာေတာ့ ေက်ာင္းပြဲတစ္ခုမွာ ျမန္မာဝတ္စုံ နဲ႔ ကြၽမ္းထိုးကေနတဲ့ ဗြီဒီယိုဖိုင္ တစ္ခုေၾကာင့္ပါ။ အဲ့ဒီလို ကခဲ့တဲ့အတြက္ေၾကာင့္လည္း ျဖဴျဖဴေထြးဟာ ပရိသတ္ေတြရဲ႕ ျပင္းျပင္းထန္ထန္ ေဝဖန္ခံခဲ့ရဖူးပါတယ္။ အဲ့ဒီတုန္းက ကြၽမ္းထိုးကျဖစ္ခဲ့တဲ့

ကိစၥနဲ႔ပက္သက္ၿပီး ပရိသတ္မသိေသးတဲ့ေနာက္ကြယ္က အမွန္တရားတစ္ခုကို ျဖဴျဖဴေထြးက ဖြင့္ဟလာပါတယ္။ အရင္တုန္းက အႏုပညာရွင္ေတြကို မိုက္တစ္လုံးနဲ႔ အင္တာဗ်ဴးရတဲ့ သတင္းေထာက္လုပ္ဖူးတယ္။ ကိုယ္ကလည္း ႐ုံးမွာ သြက္သြက္လက္လက္ ခ်က္ခ်က္ခ်ာခ်ာဆိုေတာ့ ကိုယ့္ကို ကင္မရာသမားနဲ႔ ႏွစ္ေယာက္တည္း လႊတ္လိုက္တာေပါ့။ အဲ့မွာ မိုက္တစ္လုံးကိုင္ၿပီး လိုက္ဗ်ဴးေတာ့တာပဲ။ ေနာက္တစ္ေန႔က်ေတာ့ အထက္လူႀကီးက ႐ုံးခန္းကို ခဏလာခဲ့ပါဦးဆိုၿပီး ကိုယ့္ကိုေခၚတယ္။ ကိုယ္ကလည္း

ဘာလဲေပါ့ ၊ ငါအလုပ္လုပ္တာမ်ားေတာ္လို႔ ေဘာ္နပ္စ္ေတြ ဘာေတြေပးမွာမ်ားလားေပါ့။ ႐ုံးခန္းထဲေရာက္ေတာ့ ပိုက္ဆံ ၂ သိန္းထုတ္ေပးၿပီး သမီးေနာက္ေန႔ကစၿပီး အလုပ္လာစရာမလိုေတာ့ဘူးလို႔ေျပာတယ္။ ဟင္ ဘာလို႔လဲေပါ့။ ကိုယ္ကလည္း ဘယ္ေလွ်ာ့မလဲ။ ဆရာ အလုပ္ထုတ္ရင္ ၆ လစာ တို႔ ၃ စာတို႔ ေပးရတာ မဟုတ္ဘူးလားဆိုေတာ့ .. နင့္ကို ၂ သိန္းေပးတာေတာင္ ကံေကာင္းတဲ့။ နင္ အင္တာဗ်ဴးလာတာ

အသံေတြ တစ္ခုမွပါမလာဘူးဆိုၿပီး အလုပ္ထုတ္ခံလိုက္ရတာ။ေနာက္ေန႔က်ေတာ့ ေက်ာင္းမွာ ကပြဲရွိတယ္။ သူငယ္ခ်င္းကလည္း ကိုယ့္ကို စင္ေပၚတက္ကဆိုၿပီး အတင္းေတြေျမႇာက္ေပးေနတာ။ ကိုယ္ကလည္း ဒီမွာ အလုပ္ထုတ္ခံရလို႔ စိတ္ကညစ္ေနတာ အေမ့ကိုလည္းမေျပာရဲဘူး။ ေနာက္ဆုံး မထူးဘူးဟာဆိုၿပီး စိတ္ညစ္ညစ္နဲ႔ လုပ္ခ်င္တာေတြ လုပ္ပစ္ခဲ့တာပဲလို႔ သူကဆိုပါတယ္။ အရင္က

ပရိသတ္အျမင္ကပ္တာခံခဲ့ရေပမယ့္ အခုေနာက္ပိုင္းမွာ အေကာင္းျမင္တဲ့သူမ်ားလာတဲ့အေပၚမွာလည္း “အရင္တုန္းကေတာ့ အဆဲခံရရင္ ကိုယ္ကလည္း လူငယ္ဆိုေတာ့ အ႐ြဲ႕တိုက္ၿပီးလုပ္တာေပါ့။ သူတို႔က ဆဲရင္ သူတို႔ဆဲတာထက္ပိုၿပီး ကိုယ္က သူတို႔ မႀကိဳက္တာေတြ ႐ြဲ႕ၿပီးလုပ္ျပတယ္။ ေနာက္ပိုင္းက်ေတာ့ ကိုယ့္ကို အားေပးတဲ့သူတခ်ိဳ႕ကလည္း ဘယ္ဟာက သင့္ေတာ္တယ္ ၊ ဘယ္ဟာက

မသင့္ေတာ္ဘူးဆိုၿပီး ေထာက္ျပလာၾကတယ္။ ကိုယ္ကလည္း ဆင္ျခင္ၿပီးေျပာင္းလဲလိုက္တာေပါ့ “လို႔ ျဖဴျဖဴေထြးက ဆိုပါတယ္။ျဖဴျဖဴေထြးကေတာ့ လတ္တေလာမွာ အလႉအတန္းေတြ ဆက္တိုက္ျပဳလုပ္ေနၿပီး ႐ုပ္ရွင္ေလာကထဲက အခက္အခဲျဖစ္ေနတဲ့ ဝါရင့္ အႏုပညာတခ်ိဳ႕ကို လက္တြဲေခၚကာ ေၾကာ္ျငာအတူ႐ိုက္ကူးေပးတဲ့အျပင္ ႐ိုက္ကြင္းေပၚမွာ ဂါဝရထားၿပီး ႐ိုေသစြာ ကန္ေတာ့တဲ့ အျပဳအမူေတြေၾကာင့္ လတ္တေလာမွာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္ႏွစ္သက္ျခင္းကိုခံေနရတာျဖစ္ပါတယ္။

Reda in UNICODE

ဖြူဖြူထွေးကတော့ Facebook မှာ ဟာသ video တွေကို အပျော်တမ်းရိုက်ကူးပြီးတင်ရင်းကနေ မထင်မှတ်ဘဲ Facebook Cele တစ်ယောက်အဖြစ် အရမ်းကို အောင်မြင်လာခဲ့သူဖြစ်ပါတယ်။ အခုလို မအောင်မြင်လာခင်က ဖြူဖြူထွေးကို ပရိသတ်တွေ စပြီး သတိထားမိခဲ့တာတော့ ကျောင်းပွဲတစ်ခုမှာ မြန်မာဝတ်စုံ နဲ့ ကျွမ်းထိုးကနေတဲ့ ဗွီဒီယိုဖိုင် တစ်ခုကြောင့်ပါ။ အဲ့ဒီလို ကခဲ့တဲ့အတွက်ကြောင့်လည်း ဖြူဖြူထွေးဟာ ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရဖူးပါတယ်။ အဲ့ဒီတုန်းက ကျွမ်းထိုးကဖြစ်ခဲ့တဲ့

ကိစ္စနဲ့ပက်သက်ပြီး ပရိသတ်မသိသေးတဲ့နောက်ကွယ်က အမှန်တရားတစ်ခုကို ဖြူဖြူထွေးက ဖွင့်ဟလာပါတယ်။ အရင်တုန်းက အနုပညာရှင်တွေကို မိုက်တစ်လုံးနဲ့ အင်တာဗျူးရတဲ့ သတင်းထောက်လုပ်ဖူးတယ်။ ကိုယ်ကလည်း ရုံးမှာ သွက်သွက်လက်လက် ချက်ချက်ချာချာဆိုတော့ ကိုယ့်ကို ကင်မရာသမားနဲ့ နှစ်ယောက်တည်း လွှတ်လိုက်တာပေါ့။ အဲ့မှာ မိုက်တစ်လုံးကိုင်ပြီး လိုက်ဗျူးတော့တာပဲ။ နောက်တစ်နေ့ကျတော့ အထက်လူကြီးက ရုံးခန်းကို ခဏလာခဲ့ပါဦးဆိုပြီး ကိုယ့်ကိုခေါ်တယ်။ ကိုယ်ကလည်း

ဘာလဲပေါ့ ၊ ငါအလုပ်လုပ်တာများတော်လို့ ဘော်နပ်စ်တွေ ဘာတွေပေးမှာများလားပေါ့။ ရုံးခန်းထဲရောက်တော့ ပိုက်ဆံ ၂ သိန်းထုတ်ပေးပြီး သမီးနောက်နေ့ကစပြီး အလုပ်လာစရာမလိုတော့ဘူးလို့ပြောတယ်။ ဟင် ဘာလို့လဲပေါ့။ ကိုယ်ကလည်း ဘယ်လျှော့မလဲ။ ဆရာ အလုပ်ထုတ်ရင် ၆ လစာ တို့ ၃ စာတို့ ပေးရတာ မဟုတ်ဘူးလားဆိုတော့ .. နင့်ကို ၂ သိန်းပေးတာတောင် ကံကောင်းတဲ့။ နင် အင်တာဗျူးလာတာ

အသံတွေ တစ်ခုမှပါမလာဘူးဆိုပြီး အလုပ်ထုတ်ခံလိုက်ရတာ။နောက်နေ့ကျတော့ ကျောင်းမှာ ကပွဲရှိတယ်။ သူငယ်ချင်းကလည်း ကိုယ့်ကို စင်ပေါ်တက်ကဆိုပြီး အတင်းတွေမြှောက်ပေးနေတာ။ ကိုယ်ကလည်း ဒီမှာ အလုပ်ထုတ်ခံရလို့ စိတ်ကညစ်နေတာ အမေ့ကိုလည်းမပြောရဲဘူး။ နောက်ဆုံး မထူးဘူးဟာဆိုပြီး စိတ်ညစ်ညစ်နဲ့ လုပ်ချင်တာတွေ လုပ်ပစ်ခဲ့တာပဲလို့ သူကဆိုပါတယ်။ အရင်က

ပရိသတ်အမြင်ကပ်တာခံခဲ့ရပေမယ့် အခုနောက်ပိုင်းမှာ အကောင်းမြင်တဲ့သူများလာတဲ့အပေါ်မှာလည်း “အရင်တုန်းကတော့ အဆဲခံရရင် ကိုယ်ကလည်း လူငယ်ဆိုတော့ အရွဲ့တိုက်ပြီးလုပ်တာပေါ့။ သူတို့က ဆဲရင် သူတို့ဆဲတာထက်ပိုပြီး ကိုယ်က သူတို့ မကြိုက်တာတွေ ရွဲ့ပြီးလုပ်ပြတယ်။ နောက်ပိုင်းကျတော့ ကိုယ့်ကို အားပေးတဲ့သူတချို့ကလည်း ဘယ်ဟာက သင့်တော်တယ် ၊ ဘယ်ဟာက

မသင့်တော်ဘူးဆိုပြီး ထောက်ပြလာကြတယ်။ ကိုယ်ကလည်း ဆင်ခြင်ပြီးပြောင်းလဲလိုက်တာပေါ့ “လို့ ဖြူဖြူထွေးက ဆိုပါတယ်။ဖြူဖြူထွေးကတော့ လတ်တလောမှာ အလှူအတန်းတွေ ဆက်တိုက်ပြုလုပ်နေပြီး ရုပ်ရှင်လောကထဲက အခက်အခဲဖြစ်နေတဲ့ ဝါရင့် အနုပညာတချို့ကို လက်တွဲခေါ်ကာ ကြော်ငြာအတူရိုက်ကူးပေးတဲ့အပြင် ရိုက်ကွင်းပေါ်မှာ ဂါဝရထားပြီး ရိုသေစွာ ကန်တော့တဲ့ အပြုအမူတွေကြောင့် လတ်တလောမှာ ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်ခြင်းကိုခံနေရတာဖြစ်ပါတယ်။

Source : Phyu Phyu Htwe’s Interview

Add a Comment

Your email address will not be published. Required fields are marked *