ရိုက်ကွင်းမှာ အတူရှိတုန်း အန်တီ မေသဉ္ဇာဦးရဲ့ စတိုင်ကို ကြိုက်လွန်းလို့ ဗီဒီယိုလေးရိုက်ပြီး ဆေးထိုးခဲ့တဲ့ ယွန်းယွန်း
Read in UNICODE
ယွန်းယွန်းကတော့ ပျိုမျစ်နုနယ်တဲ့အလှတရားတွေနဲ့ အစွမ်းကုန်လှသွေးကြွယ်နေတဲ့ မိန်းမချောလေးတစ်ဦးပဲ ဖြစ်ပါတယ်။ ကလေးဘဝအရွယ်ကတည်းက ဇာတ်ကားတွေရိုက်ကူးပြီး ကလေးသရုပ်ဆောင်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ယွန်းယွန်းလေးက အခုဆိုရင် အရွယ်
ရောက်လာခဲ့ပြီတောင် ဖြစ်ပါတယ်။ ယွန်းယွန်းက ပညာရေးမှာလည်း ကြိုးစားသလို အနုပညာအလုပ်တွေကိုလည်း တစ်ဖက်တစ်လမ်းကနေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဆံနွယ်ရှည်လေးတွေကို တယုတယထိန်းသိမ်းပြီး အခုချိန်အထိမညှပ်သေးတဲ့ ယွန်းယွန်းက
ဘာမှမပြင်ဆင်ထားရင်တောင် ရိုးရိုးလေးလှနေတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ယွန်းယွန်းက အကယ်ဒမီထွန်းထွန်း၊ အကယ်ဒမီ မေသဉ္ဇာဦး၊ အကယ်ဒမီအေးမြတ်သူတို့နဲ့အတူ ဒါရိုက်တာဝင်းလွင်ထက်ရိုက်ကူးမယ့် “အိမ်” ဇာတ်ကားရဲ့ရိုက်ကွင်းကို ရောက်ရှိနေတာ
ဖြစ်ပါတယ်။ ရိုက်ကွင်းမှာတော့ ယွန်းယွန်းက အန်တီမေသဉ္ဇာဦးတို့နဲ့အတူ ပျော်နေတာပဲ ဖြစ်ပါတယ်။ အခုလည်း ယွန်းယွန်းက အန်တီမေသဉ္ဇာဦးထိုင်နေတဲ့ပုံစံလေးက သဘောတွေကျပြီး ဗီဒီယိုရိုက်ကာ စနောက်လိုက်တာပဲ ဖြစ်ပါတယ်။ ယွန်းယွန်းနဲ့ မေသဉ္ဇာဦးတို့ကတော့
တရင်းတနှီးစကားတွေပြောကာ စနောက်ကျီစယ်ရင်း ပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းယွန်းကိုယ်တိုင်စနောက်ရင်း ရိုက်ကူးထားတဲ့ မေသဉ္ဇာဦးရဲ့ဗီဒီယိုလေးကိုလည်း အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Yoon Yoon’s Facebook | Reference & Credit : Myanamrload
Add a Comment
Your email address will not be published. Required fields are marked *