နိုင်ငံရပ်ခြားမှာ ကွယ်လွန်သွားခဲ့တဲ့ ဦးကျော်ဟိန်းအတွက် စိတ်ထိခိုက်ကြေကွဲရကြောင်း ဝမ်းနည်းစွာပြောပြခဲ့တဲ့ ဝါဝါအောင်
ဝါဝါအောင်တို့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ဩစတေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့မှာ ဆု့းပါးပျံလွန်တော်မူသွားတဲ့ ဆရာတော်ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း) အတွက် စိတ်မကောင်း ဝမ်းနည်းနေကြတဲ့ အကြောင်းလေး ပြောပြလာပါတယ်နော်..။ နိုင်ငံရပ်ခြားမှာ ဆု့းပါးပျံ့လွန်တော်မူသွားတဲ့ ဆရာတော်ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း) လို အနုပညာလောကရဲ့ ဂုရုကြီးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာတဲ့အတွက် ဇနီးမောင်နှံ နှစ်ယောက်စလုံး စိတ်ထိခိုက် ဝမ်းနည်းကြေကွဲနေရတဲ့ အကြောင်းလေးကို
Read in UNICODE
အနုပညာလောကမှာ သရုပ်ဆောင်ပိုင်နိုင်ကျွမ်းကျင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် ဆယ်လီစုံတွဲတွေထဲမှာ ဦးအောင်ခိုင်နဲ့ ဝါဝါအောင်တို့ကလည်း အပါအဝင်ပါပဲ..။ ဇနီးမောင်နှံနှစ်ယောက်စလုံး ကျရာဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ပြီး လိုက်ဖက်ညီညီနဲ့ အနုပညာအလုပ်တွေကို လက်တွဲညီညီလုပ်ဆောင်နေကြကာ ပရိသတ်တွေရဲ့ အားပေးဝန်းရံချစ်ခင်မှုတွေနဲ့အတူ ဇာတ်ကားတွေများစွာ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်..။ ဦးအောင်ခိုင်နဲ့
ဝါဝါအောင်တို့ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ဩစတေးလျနိုင်ငံ၊ ကင်မ်ဘာရာမြို့မှာ ဆ့ုးပါးပျံလွန်တော်မူသွားတဲ့ ဆရာတော်ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း) အတွက် စိတ်မကောင်း ဝမ်းနည်းနေကြတဲ့ အကြောင်းလေး ပြောပြလာပါတယ်နော်..။ နိုင်ငံရပ်ခြားမှာ ဆ့ုးပါးပျံ့လွန်တော်မူသွားတဲ့ ဆရာတော်ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း) လို အနုပညာလောကရဲ့ ဂုရုကြီးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာတဲ့အတွက် ဇနီးမောင်နှံ နှစ်ယောက်စလုံး စိတ်ထိခိုက် ဝမ်းနည်းကြေကွဲနေရတဲ့ အကြောင်းလေးကို
ဝမ်းနည်း မျက်ရည်လေးတွေနဲ့ ပြောပြထားတာ ဖြစ်ပါတယ်..။ “မိသားစုနဲ့ထပ်တူခံစားလိုက်ရတာရယ် နောက်တစ်ခုက အနုပညာလောကမှာ တကယ်ကိုတော်တဲ့ ဂုရုကြီးတစ်ပါးပဲလေ ဆုံးရှုံးလိုက်ရတာ သူကတော့ အနုပညာလောကကိုစွန့်ပြီးတော့ ဘုန်းကြီးဘဝနဲ့ နေနေတာပဲ ငယ်ငယ်လေးကတည်း ဦးကျော်ဟိန်းဇာတ်ကားတွေနဲ့ ကြီးပြင်းခဲ့ရတာ အန်တီဝါနဲ့က တစ်ကားပဲ ရိုက်လိုက်ရတယ်
တကယ်တော်တဲ့ အနုပညာရှင်ကြီးဟာ စောစောစီးစီးလူဝတ်ကို စွန့်သွားပြီးတော့ သင်္ကန်းစီးခဲ့တယ် အခုလည်း နိုင်ငံရပ်ခြားမှာ ဆုံးပါးသွားတဲ့အတွက် ရင်ထဲမှာ မကောင်းဘူး ဦးအောင်ခိုင်ခံစားနေရတာကိုကြည့်ပြီး ပိုပြီးတော့ စိတ်မကောင်းဖြစ်တယ် ..” ဆိုပြီး အန်တီဝါက ပြောပြထားတာပါ..။ ဆရာဖြစ်သူအတွက် စိတ်ထိခိုက်နေတဲ့ ခင်ပွန်းဖြစ်သူ ဦးအောင်ခိုင်ကိုကြည့်ပြီး ပိုပြီး စိတ်မကောင်းဖြစ်ရတဲ့အကြောင်းလေးတွေကိုလည်း ဝမ်းနည်းမျက်ရည်လေးတွေနဲ့ ပြောပြထားတဲ့ အန်တီဝါရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှေ၀ တင်ဆက်ပေးလိုက်ပါတယ်နော်..။
Source : Myanmarload | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *