ဖားကန့်မြေပြိုမှုအတွက် လှူဒါန်းဖို့ အွန်လိုင်းဗဈးရောင်းပွဲအတွက် ဟင်းတွေ ကိုယ်တိုင်ကြိုးစား ချက်ပြုတ်နေကြတဲ့ ဟန်ဇာမိုးဝင်း နဲ့ ဖိုးချစ်







Read in UNICODE

ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်အောင် ဖန်တီးပေးနေကြပြီး ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့တဲ့ ဇာတ်သဘင်အဖွဲ့အစည်းကြီးဟာဆိုရင်လည်း ယနေ့ခေတ်ထိတိုင် တည်တည်ငြိမ်ငြိမ်နဲ့ ရပ်တည်နေကြဆဲဖြစ်ပါတယ်။ဖိုးချစ်၊တင်မောင်ဆန်းမင်းဝင်း၊ဟန်ဇာမိုးဝင်းတို့လို

ဇာတ်မင်းသားတွေကလည်း ပရိသတ်တွေအတွက် အမြဲကြိုးစားနေကြတာဖြစ်ပြီး အခုလတ်တလောမှာဖြစ်ပွားခဲ့တဲ့ ဖားကန့်ဒေသ မြေပြိုမှုမှာ လှူဒါန်းဖို့အတွက် ဇာတ်သဘင်အဖွဲ့အစည်းကြီးက ဝိုင်းဝန်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။လူရွှင်တော် ဦးကောင်းကျော်ကတော့

လှူဒါန်းမယ့်အစီအစဉ်လေးကို အောက်ပါအတိုင်း ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။ “မင်္ဂလာပါ မိသားစုတို့ရေ မနက်ဖြန်17-7-2020နေ့တွင် ဖားကန့်ဒေသ မြေပြိုမှုတွင် သေဆုံးသွားကြသော သူများအတွက် ရည်စူးပြီး လှုဒါန်းဖို့အတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံး

(ပိုသူလှု/လိုသူကူ)အစီအစဉ်ဖြင့်အွန်လိုင်းဈေးရောင်းပွဲတော် တွင် ဟင်းလျာများကို ကိုယ်တိုင်ချက်ပြုတ် ပြီးကုသိုလ်ပြု နေကြသည့် ဦးချမ်းသာ ဦးမိုးဝင်း (မြို့ရွှေမန်းသား)ဖိုးချစ် တင်မောင်ဆန်းမင်းဝင်း ဟန်ဇာမိုးဝင်း တို့နှင့်သဘင်မိသားစုများ၏ အွန်လိုင်းဈေးရောင်းပွဲတွင်

လူရွှင်တော်အသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဒိန်းဒေါင်ဦးဆောင်ပြီး ပြည်သူချစ်သော ဟာသလူရွှင်တော်များမှ ပါဝင်ပူးပေါင်း ကုသိုလ်ပြုကြမှာဖြစ်ပါကြောင်း သတင်းကောင်းပါး ပါသည်။ liveလွှင့်ပြီးရောင်းမှာပါ မိမိတို့စားချင်သည်များကို လိပ်စာနှင့်ဖုန်းလေးပေးပြီးသာမှာလိုက်ပါ အိမ်အရောက်လာပို့ပါမည် ရောင်းချသည်များကို မည်၍မည်မျှတန်ဖိုးများ မသတ်မှတ်ထားပါ

မိမိတို့စေတနာရှိသလောက်သာပြန်လည်လှုဒါန်းနိုင်ပါသည် ။ပြည်သူချစ်သောဟာသလူရွှင်တော်များကိုဟ်တိုင်ချက်ပြုတ်ခြင်း မှာယူသူများကို လိုက်လံပို့ဆောင်ခြင်းများကို ကုသိုလ်ပြုပေးမှာဖြစ်ပါသည်။ကိုင်း မနက်ဖန် စားရင်းလှု လှုရင်းစား ပြီး ပါဝင်ကုသိုလ်ပြုနိုင်ပါကြောင်း ???”ဆိုပြီး ဦးကောင်းကျော်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ နှိုးဆော်လိုက်တာဖြစ်ပါတယ်နော်။

Source : U Kaung Kyaw’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *