အစာအိမ်ရောင်လို့ ဆေးရုံတက်နေရတဲ့ ချစ်ဇနီးလေးဘေးမှာ တဖဝါးမှမခွာဘဲ ပြုစုစောင့်ရှောက်ပေးနေတဲ့ ဆင်မ






Read in UNICODE

ဇာတ်ပို့သရုပ်ဆောင်ဆင်မကတော့ အနုပညာအလုပ်တွေကိုဟိုးအရင်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားတာပါနော်။ဆင်မက လက်ရှိမှာဆိုရင်တော့ အနုပညာအလုပ်တွေနည်းပါးနေတဲ့အချိန်မှာ ချစ်ဇနီးလေးနဲ့အတူ

တစ်နိုင်တစ်ပိုင်စီးပွားရေးလေးကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။ဆင်မရဲ့ ချစ်ဇနီးကလည်း ပါရမီဖြည့်ဖက်ကောင်းပီသပြီး ဇနီးမောင်နှံနှစ်ယောက်ကတော့ အေးအတူပူအမျှလက်တွဲနေကြတာဖြစ်ပါတယ်နော်။ ဆင်မရဲ့အနုပညာအရည်အသွေးတွေကိုလည်း ပရိသတ်တွေ

ကကြိုက်နှစ်သက်ကြလို့ အခုချိန်ထိတိုင် အနုပညာလောကမှာ နေရာတစ်နေရာရနေတာဖြစ်ပါတယ်။ဆင်မက သူ့အပေါ်ဆိုးတူကောင်းဖက်ရှိပေးတဲ့ ဇနီးသည်အပေါ်မှာလည်း ချစ်ခင်ကြင်နာပေးပြီး ဂရုစိုက်ပေးပါတယ်နော်။ဆင်မတို့ဇနီးမောင်နှံကတော့စီးပွားရေးဆိုလည်း

တက်ညီလက်ညီလုပ်ဆောင်ကြပြီး ပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်တတ်ကြလို့ ပရိသတ်တွေကလည်း အားကျပြီး ချစ်နေရတာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဆင်မရဲ့ဇနီးက အစာအိမ်ရောင် အနာဖြစ်လို့ ဆေးရုံတက်နေရတဲ့အချိန်မှာ ဆင်မကတော့ ချစ်ဇနီးရဲ့ဘေးနားမှာနေပြီး

ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။အစာအိမ်မှန်ပြောင်းကြည့်တာ ဘာမှမဖြစ်တဲ့အတွက် စိုးရိမ်စရာသိပ်မရှိတဲ့အကြောင်းကို ဆင်မက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာခဲ့တာဖြစ်ပြီး မိန်းမရဲ့ဘေးနားမှာ တစ်ဖဝါးမှမခွာဘဲ နေနေတဲ့ ပုံလေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source : Sin Ma’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *