ဘုန်းလျှံ ဆုကဗျာ မိုးစက် အိမြတ်တို့နဲ့အတူ ကြော်ငြာရိုက်ကူးအပြီးမှာ ပျော်ပျော်ပါးပါးစကားပြောရင်း ရယ်မောပျော်ရွှင်နေတဲ့ ဖြူဖြူထွေး
Read in UNICODE
အလှူဒါနတွေဆိုရင် လက်မနှေးပဲ အမြဲပြုလုပ်ဆောင်ရွက်ပေးလေ့ရှိတဲ့ ဖြူဖြူထွေးကတော့ အနုပညာလောကမှာ ပြိုင်ဖက်မရှိအောင်မြင်ကျော်ကြားနေသူတစ်ယောက်ပါ။ ရိုးသားကြိုးစားတဲ့ သူမရဲ့ စိတ်ဓာတ်လေးကို ပရိသတ်တွေသာမကပဲ အနုပညာရှင်တွေပါ အားပေးချစ်ခင်နေကြတာလည်း
ဖြစ်ပါတယ်။ အနုပညာလောကထဲကို အခက်အခဲပေါင်းစုံကိုရင်ဆိုင်ကျော်ဖြတ်ရင်း ဝင်ရောက်လာခဲ့တဲ့ ဖြူဖြူထွေးက ယခုလက်ရှိမှာတော့ မြန်မာ့သမိုင်းမှာ ဂုဏ်ယူရလောက်တဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူး။ဖြူဖြူထွေးက လတ်တလော
အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ် ။ လာအပ်တဲ့ကြော်ငြာတွေကို ကိုယ်ပိုင်စိတ်ကူးဉာဏ်လေးနဲ့ ဇာတ်လမ်းအတိုလေးအဖြစ်ဖန်တီးကာ ဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးနေသူပါ။ သူမဖန်တီးထားတဲ့
ဇာတ်လမ်းတိုလေးတွေကလည်း တကယ်ထိရောက်တဲ့ အဓိပ္ပာယ်ကို ပေးနိုင်တာကြောင့် ဖြူဖြူထွေး ခေတ်လို့ ပရိသတ်တွေက ခေါ်ကြပါသေးတယ်…. ။ဖြူဖြူထွေးက ယခုမှာလည်း AYA bankကြော်ငြာကို မင်းသားချော ဘုန်းလျှံ ၊ မိုးစက် ၊ ဆုကဗျာ ၊ အိမြတ်တို့နဲ့အတူ ရိုက်ကူးထားတာပါ။ ရိုက်ကူးပြီးတဲ့ အခါ
ပစ္စည်းအစုံအလင်နဲ့ ကန်တော့တာကြောင့် ဝမ်းသာပီတိဖြစ်နေပြီး ” ရုပ်လေးတွေကို ဖြီးလို့ ” ဆိုတဲ့ စာသားလေးနဲ့အတူ အမှတ်တရပုံလေးတွေကို တင်ပေးလာတာကြောင့် ချစ်ပရိသတ်တွေကြည့်ပြီး အချစ်ပိုစေမိမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ဖြူဖြူထွေးရဲ့ ဆက်လက်လှုပ်ရှားမယ့်အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက စောင့်မျှော်အားပေးလိုက်ကြပါအုန်းနော်…..။
Source : Phyu Phyu Htwe’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *