ကားဘေးနား ပိုက်ဆံလာတောင်းတဲ့သူဆီက ပိုက်ဆံတွေအကုန်ပြန်နှိုက်ပြီး ထွက်ပြေးခဲ့တဲ့ သူရိယရဲ့ ဟာသဗီဒီယို
Read in UNICODE
ကလေးဘဝအရွယ်ကတည်းကနေ သူရိယကတော့ စိန်ဘယက်ကြော်ငြာလေးတွေ စတင်ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။ စိန်ဘယက်ဆေးတိုက်ရဲ့သားတစ်ဦးဖြစ်တဲ့ သူရိယက အခုချိန်မှာတော့ သရုပ်ဆောင်တစ်ဦးအဖြစ် အောင်မြင်စွာရပ်တည်နေတာ ဖြစ်ပါတယ်။ သူရိယက
မိန်းကလေးပရိသတ်တွေ ကြွေနိုင်လောက်အောင်ကို ချောမောခန့်ညားလွန်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ ကိုလူချောလေးလည်း ဖြစ်ပါတယ်။ သူရိယက ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားရိုက်ကူးပြီး ဇာတ်ရုပ်မျိုးစုံကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းသလို အသံလည်းကောင်းတဲ့ သူရိယက လက်ရှိမှာလည်း
Cover Song လေးတွေသီဆိုပြီး တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အခုလည်း သူရိယက ပရိသတ်တွေ သဘောကျရယ်မောသွားစေမယ့် အခွီတလိုင်းဟာသဗီဒီယိုလေးတစ်ခုကို မျှဝေပေးထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာ သူရိယက ပိုက်ဆံလာတောင်းတဲ့သူဆီကနေ ပိုက်ဆံတွေပြန်နှိုက်ပြီး ရုပ်တည်ကြီးနဲ့
ကားမောင်းထွက်သွားခဲ့တာ ဖြစ်ပါတယ်။ “မယူပါဘူးဆို အတင်းလာပေးနေတယ်” ဆိုပြီး တင်ထားတဲ့ သူရိယရဲ့အခွီဗီဒီယိုလေးကိုတော့ ပရိသတ်တွေလည်း သဘောကျနှစ်ခြိုက်ကြမယ်ထင်ပါတယ်နော်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး သူရိယရဲ့အခွီတလိုင်း ဟာသဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Thu Ri Ya’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *