သူမကို ရြံစရာေကာင္းတယ္လို႔ ေဝဖန္ခဲ့သူကို ပညာသားပါပါ ျပန္လည္ေခ်ပခဲ့တဲ့ နန္းစႏၵာလွထြန္း

နန္းစႏၵာလွထြန္းကေတာ့ နာမည္ေလးၾကား႐ုံနဲ႔ ရွမ္းတိုင္းရင္းသူေလးဆိုတာ အထူး​ေျပာစရာမလိုေအာင္ပါပဲေနာ္။ MRTV -4မွာ ျပသခဲ့တဲ့ ” ပၪၥလက္႐ြာ” ဇာတ္လမ္းတြဲမွာေရဝတီဆိုတဲ့ကာရိိုက္တာေလးနဲ႔ ပရိသတ္ရင္ထဲ အရင္ဆုံးေရာက္ရွိခဲ့သူေလးပါ။ ပရိသတ္ေတြတခဲနက္အားေပးခဲ့ရတဲ့ အရိပ္ဇာတ္လမ္းတြဲမွာလည္း နာစ့္မဆရာမေလး သက္သက္အေနနဲ႔

ပုရိသပရိသတ္ေတြ တျဖဳတ္ျဖဳတ္ေႂကြခဲ့ရသူေလးပါ။ ဒီေန႔မွာေတာ့ လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ဂယက္ထခဲ့တဲ့ သူမရဲ႕ပြဲတက္ပုံရိပ္ေလးေတြကိုျပန္လည္ shareခဲ့တာျဖစ္ပါတယ္။ သူမရဲ႕ပိုစ့္ေအာက္မွာ အာ့တုန္းကခ်စ္စရာေလးခုေတာ့႐ြံစရာႀကီးလို႔ ဝင္ေရာင္မွတ္ခ်က္ေပးကာတိုက္ခိုက္ခဲ့သူကို ” Deshok Deshok က်မက လွတယ္ေလ .. ဘယ္လိုျဖစ္ျဖစ္ စင္ ေပၚကပဲ ”

ဆိုၿပီးျပန္လည္မွတ္ခ်က္ေပးခဲ့တာပါ။ အမာခံပရိသတ္ေတြမ်ားစြာရွိတဲ့ နန္းစႏၵာလွထြန္းအတြက္ သူမရဲ႕ခ်စ္တဲ့ပရိသတ္ေတြက မခံမရပ္ႏိုင္ေဒါသျဖစ္ခဲ့ရတာျဖစ္ေပမယ့္ နန္းနန္းကေတာ့ ” ညီမေလးေရ ေတာင္းပန္ပါတယ္ေနာ္ 😌 .. မမ ရဲ႕ Nannies ပရိတ္သတ္ေတြက အဲ့လိုပဲ မမကို အရမ္းခ်စ္က်လို႔ပါ 😘 ကိုယ့္ခ်စ္ဆုံးေတြလည္း ရန္မျဖစ္က်နဲ႔ေတာ့ေနာ္ မမက ဘာမွမျဖစ္ဘူး ေနာက္ေနတာ

မန္႔ေတြကို ရီရလြန္းလို႔ 😄 သူကလည္းစိတ္ထဲဘာမွမရွိပဲ ဒီတ္ုင္းပ်င္းလို႔ ဝင္ေရးလိုက္တာ ေနမွာပါ .. စိတ္ေလွ်ာ့ေနာ္ Nannies 🥰 FB ႀကီးကို သန္႔သန္႔ေလးပဲသုံးက်မယ္ ” ဆိုတဲ့စာေလးနဲ႔ လိမၼာပါးနပ္စြာ အဆုံးသတ္ၿပီး သူမရဲ႕ပရိသတ္ေတြကို ဖ်န္ေျဖ ခဲ့တာပါ။ တကယ့္ကို Professional အႏုပညာသမားပီသလြန္းပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

နန်းစန္ဒာလှထွန်းကတော့ နာမည်လေးကြားရုံနဲ့ ရှမ်းတိုင်းရင်းသူလေးဆိုတာ အထူးပြောစရာမလိုအောင်ပါပဲနော်။ MRTV -4မှာ ပြသခဲ့တဲ့ ” ပဉ္စလက်ရွာ” ဇာတ်လမ်းတွဲမှာရေဝတီဆိုတဲ့ကာရိုက်တာလေးနဲ့ ပရိသတ်ရင်ထဲ အရင်ဆုံးရောက်ရှိခဲ့သူလေးပါ။ ပရိသတ်တွေတခဲနက်အားပေးခဲ့ရတဲ့ အရိပ်ဇာတ်လမ်းတွဲမှာလည်း နာစ့်မဆရာမလေး သက်သက်အနေနဲ့

ပုရိသပရိသတ်တွေ တဖြုတ်ဖြုတ်ကြွေခဲ့ရသူလေးပါ။ ဒီနေ့မှာတော့ လွန်ခဲ့တဲ့ နှစ်နှစ်က ဂယက်ထခဲ့တဲ့ သူမရဲ့ပွဲတက်ပုံရိပ်လေးတွေကိုပြန်လည် shareခဲ့တာဖြစ်ပါတယ်။ သူမရဲ့ပိုစ့်အောက်မှာ အာ့တုန်းကချစ်စရာလေးခုတော့ရွံစရာကြီးလို့ ဝင်ရောင်မှတ်ချက်ပေးကာတိုက်ခိုက်ခဲ့သူကို ” Deshok Deshok ကျမက လှတယ်လေ .. ဘယ်လိုဖြစ်ဖြစ် စင် ပေါ်ကပဲ ”

ဆိုပြီးပြန်လည်မှတ်ချက်ပေးခဲ့တာပါ။ အမာခံပရိသတ်တွေများစွာရှိတဲ့ နန်းစန္ဒာလှထွန်းအတွက် သူမရဲ့ချစ်တဲ့ပရိသတ်တွေက မခံမရပ်နိုင်ဒေါသဖြစ်ခဲ့ရတာဖြစ်ပေမယ့် နန်းနန်းကတော့ ” ညီမလေးရေ တောင်းပန်ပါတယ်နော် 😌 .. မမ ရဲ့ Nannies ပရိတ်သတ်တွေက အဲ့လိုပဲ မမကို အရမ်းချစ်ကျလို့ပါ 😘 ကိုယ့်ချစ်ဆုံးတွေလည်း ရန်မဖြစ်ကျနဲ့တော့နော် မမက ဘာမှမဖြစ်ဘူး နောက်နေတာ

မန့်တွေကို ရီရလွန်းလို့ 😄 သူကလည်းစိတ်ထဲဘာမှမရှိပဲ ဒီတ်ုင်းပျင်းလို့ ဝင်ရေးလိုက်တာ နေမှာပါ .. စိတ်လျှော့နော် Nannies 🥰 FB ကြီးကို သန့်သန့်လေးပဲသုံးကျမယ် ” ဆိုတဲ့စာလေးနဲ့ လိမ္မာပါးနပ်စွာ အဆုံးသတ်ပြီး သူမရဲ့ပရိသတ်တွေကို ဖျန်ဖြေ ခဲ့တာပါ။ တကယ့်ကို Professional အနုပညာသမားပီသလွန်းပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Nan Sandar Hla Htun’s Facebook

Add a Comment

Your email address will not be published. Required fields are marked *