သစ်တံခါးဆရာတော်ကြီးကို ဝါဆိုသင်္ကန်းကပ်လှူခွင့်ရပြီး ဖူးမြှော်ခဲ့ရတာကြောင့် အတိုင်းမသိဝမ်းသာမိတယ်ဆိုတဲ့ နန်းမြတ်ဖြိုးသင်း





Read in UNICODE

ဘုန်းလျှံကတော့ သူ့ရဲ့အပြစ်တွေကို ဆေးကြောခဲ့ပြီး အခုဆိုရင် စိတ်သစ်၊ လူသစ်နဲ့ ဘဝသစ်မှာ အခြေချနေထိုင်နေပြီပဲဖြစ်ပါတယ်။ ဘုန်းလျှံကတော့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်သွားမှာဖြစ်ပြီး အလုပ်တွေမရှိခင်မှာ အလှူအတန်းတွေကို

ဆက်တိုက်လုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဘုန်းလျှံကို အချစ်မလျော့ပဲ အရင်ကအတိုင်း အားပေးနေကြဆဲ ဖြစ်တာကို တွေ့ရပါတယ်။ ဒီကနေ့ ဇူလိုင်လ (၁၅) ရက်နေ့မှာလည်း ဘုန်းလျှံက လှည်းကူးမြို့နယ်ရှိ

ရခိုင်စစ်ဘေးရှောင်မိသားစုများကို ကိုယ်တိုင်သွားရောက်ပြီး အားပေးစကားပြောခဲ့တာကို တွေ့ရပါတယ်။ ဘုန်းလျှံက “လှည်းကူး ရခိုင်စစ်ဘေးရှောင် ရခိုင်မိသာစုများနဲ့ အားပေးစကားပြောရင်း အလှုလုပ်ဖို့စီစဉ်ခဲ့ပါတယ်။ ဒီနေ့ကိုအမှတ်ရနေမှာပါဗျာ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။ ဘုန်းလျှံကတော့ သူကိုယ်တိုင်လည်း

ခက်ခဲဆင်းရဲတဲ့ အချိန်တစ်ခုကို ဖြတ်သန်းခဲ့ရသူမို့ သူတစ်ပါးအပေါ် စာနာစိတ်အပြည့်နဲ့ ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘုန်းလျှံနဲ့ စစ်ဘေးရှောင်မိသားစုတွေရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ရင်ထဲမှာ တစ်ခုခုခံစားသွားရမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Nang Myat Phyo Thin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *