သမီးေလးမွာ အေပါင္းအသင္းနဲ႔ ပတ္သက္ရင္ စိတ္ဒဏ္ရာရွိေပမယ့္လဲ အေကာင္းဆံုး လမ္းၫႊန္ဆံုးမေပးခဲ့တဲ့ ေမခလာ

ေမခလာကေတာ့ စတူဒီယိုေခတ္ကတည္းကေန အခုခ်ိန္ထိ ေအာင္ျမင္မႈေပါင္းမ်ားစြာကို ရရိွပိုင္ဆိုင္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ေမခလာက သရုပ္ေဆာင္ရန္ေက်ာ္နဲ့အတူတူ သမီးေလးတစ္ေယာက္ကို ေမြးဖြားထားျပီး သာယာေပ်ာ္ရႊင္တဲ ့မိသားစုေလးကို တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ အိမ္ေထာင္ရွင္မေကာင္းတစ္ေယာက္ပီသတဲ့ ေမခလာက အေပါင္းအသင္းနဲ့ ပက္သတ္ရင္ စိတ္ဒဏ္ရာရိွတဲ့သမီးငယ္ကို အေကာင္းဆံုးျပဳျပင္သင္ၾကားမႈေတြ

ျပဳလုပ္ေပးခဲ့တာေၾကာင့္ ေျပာင္းလဲသြားခဲ့ေၾကာင္း သူမရဲ့သမီးငယ္ ျပည့္ျပည့္က အခုလိုပဲေျပာထားပါတယ္။ “အမွန္တိုင္းေျပာရရင္ အရင္က အရမ္းထုံ၊ အရမ္းအခဲ့တယ္။ သူငယ္ခ်င္းေတြၾကားမွာလည္း ေပးေပါင္းႀကီးျဖစ္ခဲ့တယ္။ လူတိုင္းကိုလည္း ကိုယ့္လိုပဲထင္ၿပီးေပါင္းခဲ့တယ္။ ယုံခဲ့တယ္။ ကူညီခဲ့တယ္။ ဒါေပမယ့္ အေပါင္းအသင္းေတြကအစ အနီးနားလူေတြအဆုံး ေနာက္ေက်ာဓားနဲ႔ထိုးတာခံခဲ့ရတယ္။ မဟုတ္ဘဲနဲ႔လည္း ဟုတ္တယ္ စြပ္စြဲခံခဲ့ရတယ္။ ၾကာလာေတာ့ စိတ္ၾကမ္းလူၾကမ္းလာတယ္။ ေဒါသႀကီးလာတယ္

ဒါေပမယ့္ တစ္ခုေတာ့ရွိတယ္။အဲ့လူကို႔ေပၚဘယ္ေလာက္အက်င့္ယုတ္ယုတ္ စိတ္ဆိုးလည္းခဏပဲ သူ႔ရဲ႕ေကာင္းတာေလးေတြ ေတြးၿပီး ျပန္စိတ္ေျပတယ္ ” “အဲ့ဒါေတြက ေမေမဆုံးမထားတာေတြေၾကာင့္လည္းပါတယ္။ လူတိုင္းကို အရင္လူေတြလိုပဲ ထင္လာတယ္ ဒါေပမယ့္ ေမေမကအၿမဲျပဳျပင္ေပးတယ္။ အစက ေဒါသႀကီးတာ၊ စိတ္တိုလြယ္တာ၊ အညႇိဳးထားတာေတြကို ဟုတ္လွၿပီထင္ခဲ့တာ ေနာက္ပိုင္းက်မွ အဲ့အရာေတြက ကိုပဲပူေလာင္ရတယ္။ ကိုယ္ကသာပူေလာင္ေနတာ။ ကိုယ္ေဒါသထြက္ေနတဲ့သူ၊ အညႇိဳးထားေနတဲ့သူကေတာ့ အေနသာႀကီးဆိုတာ

သိလာတယ္။ အဲ့ဒါေၾကာင့္ စိတ္ကိုေလွ်ာ့တတ္လာတယ္။ အေမက ကို႔အေပၚမေကာင္းတဲ့သူကိုေတာင္ ေမတၱာထားတတ္ေအာင္ အမုန္းမပြါးေအာင္၊ ေဒါသမထြက္ေအာင္ သင္ေပးထားလို႔ အခုခ်ိန္မွာ ကို႔ကိုဘာပဲလာေျပာေျပာ ဘာပဲလာလုပ္လုပ္ ဘယ္လိုပဲလာအ႐ြဲ႕တိုက္တိုက္၊ ဥေပကၡာျပဳႏိုင္သြားၿပီ။ စိတ္ေကာင္းထားတတ္ေအာင္ ေဒါသဆိုတဲ့အရာ၊ အညႇိဳးထားတာမေကာင္းဘူးဆိုတာေတြ အၿမဲသင္ေပးတဲ့ ေမေမကို ေက်းဇူးတင္လို႔မဆုံးဘူး။” ဆိုျပီး ေျပာထားပါတယ္။ ေမခလာကေတာ့ သမီးေလးကို ေကာင္းမြန္တဲ့ လမ္းညႊန္မႈေတြကို ျပသနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးအားလံုး သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္။

Read in UNICODE

မေခလာကတော့ စတူဒီယိုခေတ်ကတည်းကနေ အခုချိန်ထိ အောင်မြင်မှုပေါင်းများစွာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ မေခလာက သရုပ်ဆောင်ရန်ကျော်နဲ့အတူတူ သမီးလေးတစ်ယောက်ကို မွေးဖွားထားပြီး သာယာပျော်ရွှင်တဲ့မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပီသတဲ့ မေခလာက အပေါင်းအသင်းနဲ့ ပက်သတ်ရင် စိတ်ဒဏ်ရာရှိတဲ့သမီးငယ်ကို အကောင်းဆုံးပြုပြင်သင်ကြားမှုတွေ

ပြုလုပ်ပေးခဲ့တာကြောင့် ပြောင်းလဲသွားခဲ့ကြောင်း သူမရဲ့သမီးငယ် ပြည့်ပြည့်က အခုလိုပဲပြောထားပါတယ်။ “အမှန်တိုင်းပြောရရင် အရင်က အရမ်းထုံ၊ အရမ်းအခဲ့တယ်။ သူငယ်ချင်းတွေကြားမှာလည်း ပေးပေါင်းကြီးဖြစ်ခဲ့တယ်။ လူတိုင်းကိုလည်း ကိုယ့်လိုပဲထင်ပြီးပေါင်းခဲ့တယ်။ ယုံခဲ့တယ်။ ကူညီခဲ့တယ်။ ဒါပေမယ့် အပေါင်းအသင်းတွေကအစ အနီးနားလူတွေအဆုံး နောက်ကျောဓားနဲ့ထိုးတာခံခဲ့ရတယ်။ မဟုတ်ဘဲနဲ့လည်း ဟုတ်တယ် စွပ်စွဲခံခဲ့ရတယ်။ ကြာလာတော့ စိတ်ကြမ်းလူကြမ်းလာတယ်။ ဒေါသကြီးလာတယ်

ဒါပေမယ့် တစ်ခုတော့ရှိတယ်။အဲ့လူကို့ပေါ်ဘယ်လောက်အကျင့်ယုတ်ယုတ် စိတ်ဆိုးလည်းခဏပဲ သူ့ရဲ့ကောင်းတာလေးတွေ တွေးပြီး ပြန်စိတ်ပြေတယ် ” “အဲ့ဒါတွေက မေမေဆုံးမထားတာတွေကြောင့်လည်းပါတယ်။ လူတိုင်းကို အရင်လူတွေလိုပဲ ထင်လာတယ် ဒါပေမယ့် မေမေကအမြဲပြုပြင်ပေးတယ်။ အစက ဒေါသကြီးတာ၊ စိတ်တိုလွယ်တာ၊ အညှိုးထားတာတွေကို ဟုတ်လှပြီထင်ခဲ့တာ နောက်ပိုင်းကျမှ အဲ့အရာတွေက ကိုပဲပူလောင်ရတယ်။ ကိုယ်ကသာပူလောင်နေတာ။ ကိုယ်ဒေါသထွက်နေတဲ့သူ၊ အညှိုးထားနေတဲ့သူကတော့ အနေသာကြီးဆိုတာ

သိလာတယ်။ အဲ့ဒါကြောင့် စိတ်ကိုလျှော့တတ်လာတယ်။ အမေက ကို့အပေါ်မကောင်းတဲ့သူကိုတောင် မေတ္တာထားတတ်အောင် အမုန်းမပွါးအောင်၊ ဒေါသမထွက်အောင် သင်ပေးထားလို့ အခုချိန်မှာ ကို့ကိုဘာပဲလာပြောပြော ဘာပဲလာလုပ်လုပ် ဘယ်လိုပဲလာအရွဲ့တိုက်တိုက်၊ ဥပေက္ခာပြုနိုင်သွားပြီ။ စိတ်ကောင်းထားတတ်အောင် ဒေါသဆိုတဲ့အရာ၊ အညှိုးထားတာမကောင်းဘူးဆိုတာတွေ အမြဲသင်ပေးတဲ့ မေမေကို ကျေးဇူးတင်လို့မဆုံးဘူး။” ဆိုပြီး ပြောထားပါတယ်။ မေခလာကတော့ သမီးလေးကို ကောင်းမွန်တဲ့ လမ်းညွှန်မှုတွေကို ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Pyae Pyae’s Facebook

Add a Comment

Your email address will not be published. Required fields are marked *