ညီအကိုတွေလို ခင်မင်ရင်းနှီးတာ နှစ်(၂၀)လောက် ရှိပြီဖြစ်တဲ့ ပိုင်ဇေရဲထွန်းနဲ့အတူ ညစာစားရင်း စကားတွေပြောခဲ့တဲ့ ကိုပေါက်
Read in UNICODE
ကိုပေါက်ကတော့ ငယ်စဉ်ကတည်းက အနုပညာလောကထဲမှာ ကျင်လည်ခဲ့သူတစ်ယောက်ဖြစ်ပြီး လူချစ်လူခင်ပေါများသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကိုပေါက်ကလည်း သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုမောင်နှမတွေကိုလည်း သံယောဇဉ်ကြီးသူတစ်ယောက်လည်း
ဖြစ်ပါတယ်။ ကိုပေါက်က ဒီနေ့မှာတော့ သူ့ရဲ့ ငယ်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ပိုင်ဇေရဲထွန်းနဲ့အတူတူ အချိန်ကုန်ဆုံးဖြစ်တဲ့အကြောင်း ပြောလာပါတယ်။ ကိုပေါက်က “လွန်ခဲ့သော နှစ်၂၀ကျော်လောက်ထဲက ညီအကိုလို သူငယ်ချင်းလိုတွဲခဲ့တဲ့ မင်းသားနဲ့
မနေ့ညက သူ့အိမ်မှာစားတဲ့ ညစာ။ အရောင်ကလဲစုံ စားလို့လဲကောင်း အရသာလဲရှိလှတဲ့ မီနီ ဘာဂါလေးတွေနဲ့ အမှတ်တရ” ဆိုပြီး ငယ်ငယ်ကတည်းက ခင်မင်ရတဲ့ မင်းသားချော ပိုင်ဇေရဲထွန်းနဲ့ အမှတ်တရပုံတွေကို မျှဝေပေးထားပါတယ်။ ကိုပေါက်နဲ့ ပိုင်ဇေရဲထွန်းကတော့
အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်ခဲ့ကြသလို အပြင်မှာလည်း ညီအစ်ကိုအရင်းတွေလို ပြောမနာ ဆိုမနာ ချစ်ကြသူတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိုပေါက်နဲ့ ပိုင်ဇေရဲထွန်းရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Aung Min Naing’s Facebook
Add a Comment
Your email address will not be published. Required fields are marked *