အကယ္ဒမီမ်ားရွင္ျဖစ္ေသာ္လည္း သာမန္လူေတြလို လမ္းေဘးစာ ႀကိဳက္ေၾကာင္း ျပသခဲ့တဲ့ ေဖြးေဖြး

ေဖြးေဖြးကေတာ့ အနုပညာအလုပ္ေတြ ဆက္တိုက္လုပ္ကိုင္ေနျပီး ေအာင္ျမင္တဲ့ေနရာတစ္ေနရာမွာ အခုိင္အမာရပ္တည္ေနတာပဲ ျဖစ္ပါတယ္။ ေဖြးေဖြးက “လက္ပံ”၊ “ကၽြန္မက နွင္းဆီပါေမာင္”၊ “ေရႊၾကာ” စတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြနဲ့ အကယ္ဒမီဆု သံုးဆုတိတိကုိ

ရရိွပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ေဖြးေဖြးရဲ့ လႈပ္ရွားမႈတိုင္းကို စိတ္ဝင္တစားနဲ့ ေစာင့္ၾကည့္အားေပးၾကလ်က္ ရိွပါတယ္။ ဒီေန့မွာေတာ့ ေဖြးေဖြးက သူမရဲ့ သူငယ္ခ်င္းေတြနဲ့အတူတူ ဗိုလ္ခ်ဳပ္ေစ်းမွာ ေလွ်ာက္သြား ေလွ်ာက္စားရင္း လြတ္လပ္တဲ့အခ်ိန္ေတြကုိ ကုန္ဆံုးေနတာပဲ ျဖစ္ပါတယ္။ ေဖြးေဖြးက ပရိသတ္ေတြအားက်ရတဲ့

အနုပညာရွင္တစ္ေယာက္ျဖစ္ေပမယ့္ “အကယ္ဒမီမ်ားရွင္လည္း လမ္းေဘးစာၾကိဳက္တယ္ရွင့္” ဆိုျပီး ေျပာထားတာကို ေတြ့ရပါတယ္။ ေဖြးေဖြးကေတာ့ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္တဲ့ မင္းသမီးတစ္ေယာက္ျဖစ္ေပမယ့္ ဖန္သားျပင္ေနာက္ကြယ္မွာေတာ့

သူမရဲ့ဘဝကို လြတ္လြတ္လပ္လပ္သာ ေနထိုင္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ရိုးရွင္းျပီး ပကာသနကင္းလြန္းတဲ့ ေဖြးေဖြးကို ဒီထက္မက ပိုျပီး ခ်စ္သြားၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးအားလံုး သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္။

Read in UNICODE

ဖွေးဖွေးကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေပြီး အောင်မြင်တဲ့နေရာတစ်နေရာမှာ အခိုင်အမာရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက “လက်ပံ”၊ “ကျွန်မက နှင်းဆီပါမောင်”၊ “ရွှေကြာ” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆု သုံးဆုတိတိကို

ရရှိပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဖွေးဖွေးရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်အားပေးကြလျက် ရှိပါတယ်။ ဒီနေ့မှာတော့ ဖွေးဖွေးက သူမရဲ့ သူငယ်ချင်းတွေနဲ့အတူတူ ဗိုလ်ချုပ်ဈေးမှာ လျှောက်သွား လျှောက်စားရင်း လွတ်လပ်တဲ့အချိန်တွေကို ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက ပရိသတ်တွေအားကျရတဲ့

အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် “အကယ်ဒမီများရှင်လည်း လမ်းဘေးစာကြိုက်တယ်ရှင့်” ဆိုပြီး ပြောထားတာကို တွေ့ရပါတယ်။ ဖွေးဖွေးကတော့ လျှမ်းလျှမ်းတောက် အောင်မြင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် ဖန်သားပြင်နောက်ကွယ်မှာတော့

သူမရဲ့ဘဝကို လွတ်လွတ်လပ်လပ်သာ နေထိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရိုးရှင်းပြီး ပကာသနကင်းလွန်းတဲ့ ဖွေးဖွေးကို ဒီထက်မက ပိုပြီး ချစ်သွားကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Phway Phway’s Facebook

Add a Comment

Your email address will not be published. Required fields are marked *