ကောက်စိုက်နေတဲ့ တောင်သူတွေကို ရင်းနှီးစွာ ပြောဆိုရင်း တတ်နိုင်သလောက် ငွေကြေးလှူဒါန်းခဲ့တဲ့ Sinon Loresca






Read in UNICODE

Sinon Loresca ကိုတော့ ပရိသတ်တွေသိကြမယ်ထင်ပါတယ်။ သူကတော့ အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေမှာပါ အောင်မြင်ကျော်ကြားနေတဲ့အပြင် လက်ရှိမြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့သူပဲဖြစ်ပါတယ်။ Sinon Loresca ကမြန်မာနိုင်ငံကို

ရောက်ရှိနေတဲ့အချိန်လေးမှာ သူတတ်နိုင်သလောက် အလှူအတန်းတွေ ပြုလုပ်နေသလို လိုအပ်နေတဲ့သူတွေကိုလည်း ကိုယ်တိုင်သွားရောက်လှူဒါန်းမှုတွေကိုလည်း ပရိသတ်တွေမြင်တွေပြီးသားဖြစ်မှာပါနော်…။ Sinon Loresca ဟာ အောင်မြင်မှုတွေရရှိနေခဲ့ပေမယ့်လည်း

သူ့ရဲ့ ဖြူစင်တဲ့စိတ်ထားလေးကတော့ တကယ့်ကို လေးစားဖွယ်ကောင်းလောက်ပါတယ်။ လတ်တလော ကပ်ရောဂါ အချိန်ကာလတွေမှာလည်း Sinon Loresca လိုအပ်နေတဲ့ သူတွေကို ငွေကြေး နဲ့ စားစရာ တွေကို လှူဒါန်းပေးခဲ့ပြီး သူ့ရဲ့ အလှူပုံရိပ်လေးတွေကို

မြန်မာပြည်က ပရိသတ်တွေအတွက် အမြဲဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း Sinon Loresca က ပရိသတ်တွေ ကြည်နူးပီတိ ဖြစ်စရာကောင်းလောက်တဲ့ အလှူလေးတစ်ခု ပြုလုပ်ခဲ့တဲ့ ဗီဒီယိုကို တင်ပေးလာခဲ့ပါတယ် ဒီ ဗီဒီယိုလေးထဲမှာတော့ ပီတိဖြစ်စရာ အလှူလေးကတော့ ကောက်စိုက်နေကြတဲ့

တောင်သူတွေနဲ့ ကို တရင်းတနှီး စကားတွေပြောကာ တက်နိုင်သလောက် ငွေကြေး လှူဒါန်းပေးခဲ့ပါတယ်။ Sinon Loresca ရဲ့ အလှူလေးကတော့ အတုယူလေးစားစရာကောင်းလောက်ပြီး တကယ့်ကို မွန်မြတ်လှပါတယ်။ ကဲ..ချစ်ပရိသတ်ရေး လူမှုရေး အကျိုးပြု ပရဟိတ အလုပ်ကိုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေတဲ့ လေးစားစရာ Sinon Loresca ကို အရင်ကထက်ချစ်ပေးကြပါဦးနော်..။

Source : Sinon Loresca’s Facebook | Reference & Credit : Myanamrload

Add a Comment

Your email address will not be published. Required fields are marked *