ယေန႔ အသက္(၅၃)ႏွစ္ျပည့္သြားၿပီျဖစ္ၿပီး ေမြးေန႔လက္ေဆာင္ အေနနဲ႔ ေဒၚလာတစ္ေသာင္းေတာင္ ရရွိခဲ့တဲ့ ဂြ်န္လြင္

ဒီေန႔ဇူလိုင္လ(၁၅) ရက္ေန႔ေလးကေတာ့ျမန္မာႏိုင္ငံမွာ ေအာင္ျမင္တဲ့အႏုပညာရွင္မ်ားစြာကို ေမြးထုတ္ေပးခဲ့တဲ့ ေမာ္ဒယ္လ္ဖခင္ႀကီးဂြၽန္လြင္ရဲ႕ ေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ ဂြၽန္လြင္ကေတာ့ ဒီေန႔မွာ အသက္(၅၃) ႏွစ္ျပည့္ခဲ့ၿပီျဖစ္ၿပီး ဒီႏွစ္မွာ တန္ဖိုးႀကီးမားတဲ့ လက္ေဆာင္

ေဒၚလာတစ္ေသာင္းရခဲ့တာမို႔ သူ႔ဘဝတစ္သက္တာလုံးမွာ ကံအေကာင္းဆုံးေမြးေန႔ေလးဆိုရင္လည္း မမွားပါဘူး။ေမြးေန႔အလႉအေနနဲ႔ မိသားစုဝင္ေတြနဲ႔ စုေပါင္းၿပီး သူ႔ကိုယ္ပိုင္အလႉေငြသိန္း(၁၅၀) ပါဝင္ကာ ရွင္ဥပဂုတၱရဟႏၲာအရွင္ျမတ္ေက်ာင္းေဆာင္ကို လႉဒါန္းခဲ့ၿပီး လြန္ခဲ့တဲ့ရက္ပိုင္းက ေရစက္ခ်အမွ်ေပးေဝခဲ့ပါတယ္။ အဲ့ဒီအလႉပြဲမွာလည္း

စိန္လက္စြပ္၊ စိန္နားကပ္၊ အေမရိကန္ေဒၚလာ၊ ထိုင္းဘတ္ေငြ၊ ျမန္မာက်ပ္ေငြတို႔ကို ေ႐ႊမိုးေငြမိုး႐ြာသြန္းၿပီးလည္း လႉဒါန္းခဲ့ပါေသးတယ္။ ဂြၽန္လြင္ကေတာ့ အသက္(၅၃) ႏွစ္ေမြးေန႔ကစၿပီး ” အသက္တစ္ႏွစ္ၿပီး တစ္ႏွစ္ႀကီးလာတဲ့အခါကိုယ့္ဘဝအတြက္ ဘာေတြျပင္ဆင္ၿပီး သံသရာေကာင္းဖို႔ အမ်ားအက်ိဳးသယ္ပိုးရင္း

ေနာက္သံသရာကို ယူေဆာင္သြားသင့္တဲ့ ကုသိုလ္ထူးေတြကိုသာ အစပ်ိဳးယူေဆာင္သြားမယ္လို႔ စဥ္းစားရင္းနဲ႔ အသက္ (၅၃) ႏွစ္ျပည့္ခ်ိန္မွစၿပီး အသက္ (၅၂) ႏွစ္ႏွင့္မတူေတာ့တဲ့ ဂြၽန္လြင္အျဖစ္ ေနထိုင္ရပ္တည္သြားမယ္လို႔ စဥ္းစားဆုံးျဖတ္ထားၿပီးျဖစ္ပါတယ္” ဆိုၿပီးေတာ့လည္း ဒီထက္မက

အမ်ားေကာင္းက်ိဳးသယ္ပိုးသြားပါမယ္ဆိုၿပီးေတာ့လည္း ေရးသားမွ်ေဝခဲ့ပါေသးတယ္ ပရိသတ္ႀကီးေရ.. အၾကင္နာတရားထြန္းကားေရး ေဆာင္ပုဒ္ကို လက္ကိုင္ထားကာ လိုအပ္ေနတဲ့ေနရာတိုင္းကို လက္မေႏွးကူညီေနသူ ဂြၽန္လြင္တစ္ေယာက္ ဒီေန႔က်ေရာက္တဲ့ေမြးေန႔ကစၿပီး ဒီထက္မက လူခ်စ္လူခင္ေပါမ်ားၿပီး စိတ္ရွိတိုင္း လႉဒါန္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ဒီနေ့ဇူလိုင်လ(၁၅) ရက်နေ့လေးကတော့မြန်မာနိုင်ငံမှာ အောင်မြင်တဲ့အနုပညာရှင်များစွာကို မွေးထုတ်ပေးခဲ့တဲ့ မော်ဒယ်လ်ဖခင်ကြီးဂျွန်လွင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ဂျွန်လွင်ကတော့ ဒီနေ့မှာ အသက်(၅၃) နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ဒီနှစ်မှာ တန်ဖိုးကြီးမားတဲ့ လက်ဆောင်

ဒေါ်လာတစ်သောင်းရခဲ့တာမို့ သူ့ဘဝတစ်သက်တာလုံးမှာ ကံအကောင်းဆုံးမွေးနေ့လေးဆိုရင်လည်း မမှားပါဘူး။မွေးနေ့အလှူအနေနဲ့ မိသားစုဝင်တွေနဲ့ စုပေါင်းပြီး သူ့ကိုယ်ပိုင်အလှူငွေသိန်း(၁၅၀) ပါဝင်ကာ ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ်ကျောင်းဆောင်ကို လှူဒါန်းခဲ့ပြီး လွန်ခဲ့တဲ့ရက်ပိုင်းက ရေစက်ချအမျှပေးဝေခဲ့ပါတယ်။ အဲ့ဒီအလှူပွဲမှာလည်း

စိန်လက်စွပ်၊ စိန်နားကပ်၊ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်ငွေ၊ မြန်မာကျပ်ငွေတို့ကို ရွှေမိုးငွေမိုးရွာသွန်းပြီးလည်း လှူဒါန်းခဲ့ပါသေးတယ်။ ဂျွန်လွင်ကတော့ အသက်(၅၃) နှစ်မွေးနေ့ကစပြီး ” အသက်တစ်နှစ်ပြီး တစ်နှစ်ကြီးလာတဲ့အခါကိုယ့်ဘဝအတွက် ဘာတွေပြင်ဆင်ပြီး သံသရာကောင်းဖို့ အများအကျိုးသယ်ပိုးရင်း

နောက်သံသရာကို ယူဆောင်သွားသင့်တဲ့ ကုသိုလ်ထူးတွေကိုသာ အစပျိုးယူဆောင်သွားမယ်လို့ စဉ်းစားရင်းနဲ့ အသက် (၅၃) နှစ်ပြည့်ချိန်မှစပြီး အသက် (၅၂) နှစ်နှင့်မတူတော့တဲ့ ဂျွန်လွင်အဖြစ် နေထိုင်ရပ်တည်သွားမယ်လို့ စဉ်းစားဆုံးဖြတ်ထားပြီးဖြစ်ပါတယ်” ဆိုပြီးတော့လည်း ဒီထက်မက

အများကောင်းကျိုးသယ်ပိုးသွားပါမယ်ဆိုပြီးတော့လည်း ရေးသားမျှဝေခဲ့ပါသေးတယ် ပရိသတ်ကြီးရေ.. အကြင်နာတရားထွန်းကားရေး ဆောင်ပုဒ်ကို လက်ကိုင်ထားကာ လိုအပ်နေတဲ့နေရာတိုင်းကို လက်မနှေးကူညီနေသူ ဂျွန်လွင်တစ်ယောက် ဒီနေ့ကျရောက်တဲ့မွေးနေ့ကစပြီး ဒီထက်မက လူချစ်လူခင်ပေါများပြီး စိတ်ရှိတိုင်း လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : John Lwin’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *