မန္တလေးရောက်ရောက်ချင်း ဘုရားမှာတွေ့တဲ့ အမေအိုကြီးတွေအတွက် မွန်မြတ်တဲ့ အလှူလေးတစ်ခု ပြုလုပ်ခဲ့တဲ့ ရဲလေးမ
Read in UNICODE
ဇာတ်ပို့ ၊ ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ ရဲလေးမကတော့ အနုပညာလောကမှာ တစ်နေရာတစ်နေရာကို အခိုင်မာရပ်တည်ထားနိုင်တဲ့ သူပဲဖြစ်ပါတယ်။ ရဲလေးမ က သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်တွေကို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သူပဲဖြစ်ပါတယ်။ ဒါ့အပြင် ရဲလေးမ က စိတ်သဘောထားပြည့်ဝပြီး ပျော်ပျော်ရွှင်ရွှင်
နေတတ်သလို သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတတ်တာကိုလည်း တွေ့ရပါတယ်။ ရဲလေးမ က အနုပညာအလုပ်တွေအပြင် အရသာရှိတဲ့ မုန့်ဟင်းခါး ရောင်းပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရဲလေးမ က ခရီးတွေကို ဆက်တိုက်ဆိုသလို ထွက်နေရပြီး သူသွားခဲ့တဲ့ ခရီးစဉ်တွေကိုလည်း ပရိသတ်တွေကို အမြဲဖော်ပြပေးလေ့ရှိပါတယ်။ ရောက်လေရာအရပ်မှာ
ချို့တဲ့နေတဲ့သူတွေကိုမြင်ရင်လည်း တတ်နိုင်သလောက်လေးကို အမြဲလှူဒါန်းပေတက်တဲ့ ရဲလေးမ က အခုဆိုရင်လည်း မန္တလေးကိုရောက်တုန်းလေး ပီတိဖြစ်စရာကုသိုလ်လေးတစ်ခုကို ရယူခဲ့ပါတယ်နော်..။ ဒီပုံလေးတွေထဲမှာတော့ ရဲလေးမက အမေကြီးတွေကို တက်နိုင်သလောက် ငွေကြေး လှူဒါန်းပေးခဲ့ပြီး မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့
လည်း ရဲလေးမ က “မန္တလေးရောက်ရောက်ချင်းပဲပြုခဲ့တဲ့ဒါနလေးပါ ခုနှစ်ရက်သားသမီးမေတ္တာချစ်တဲ့ပရိတ်သက်တေ ရဲ့ဆောင့်ရှောက်မူ့နဲ့ရပ်တည်ရတဲ့အနုပညာသမားမို့ အားလုံးရဲ့ကိုယ်စားပြုအလှုလေးတစ်ခုပါ ရွှေကြက်ကြ ဘုရားမှအမေကြီးတွေ ကိုလှူခဲ့တာပါ သာဓုခေါ်ပေးပါနော် ” ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ် ။ ချစ်ပရိသတ်တွေလည်း ရဲလေးမ ရဲ့ မွန်မြတ်တဲ့ အလှူလေးကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်..။
Source : Ye Lay Ma’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *