အသက်(၁၈)နှစ်အရွယ်က ဦးကျော်ဟိန်းနဲ့အတူ ရိုက်ခဲ့တဲ့ အမှတ်တရတွေမျှဝေရင်း လွမ်းဆွတ်သတိရနေတဲ့ နှင်းဝတ်ရည်သောင်း





Read in UNICODE

အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးက လေးစားချစ်ခင်ရတဲ့ မင်းသားကြီး ကျော်ဟိန်းကတော့ သူ့ကိုချစ်တဲ့သူတွေကို အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားပြီပဲ ဖြစ်ပါတယ်။ ဦးကျော်ဟိန်းအတွက် အနုပညာလောကသားတွေက စိတ်ထိခိုက်ဝမ်းနည်းနေသလို အနုပညာအလုပ်တွေနဲ့

အလှမ်းဝေးနေပြီဖြစ်တဲ့ သရုပ်ဆောင်နဲ့ မော်ဒယ် နှင်းဝတ်ရည်သောင်းကလည်း သတိတရရှိနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နှင်းဝတ်ရည်သောင်းက သူမ (၁၈)နှစ်အရွယ်တုန်းက ဦးကျော်ဟိန်းနဲ့အတူဆုံခဲ့တဲ့ ရိုက်ကွင်းအမှတ်တရတွေကို အခုလိုပဲ မျှဝေပေးထားပါတယ်။ “ဦးကျော်ဟိန်းက ဆရာကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဆရာက ဘယ်အရာကိုမဆို သူ့ရဲ့စိတ်ရင်း စေတနာရင်းနဲ့

သင်ကြားပေးတတ်သူတစ်ယောက်ပါ။ ” ဆိုပြီး သူမအသက် (၁၈) နှစ်တုန်းက ဒါရိုကတာ ဇာဂနာရိုက်ကူးတဲ့ ရိုက်ကွင်းပေါ်က အမှတ်တရဟောင်းတွေကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် သတိတရမျှဝေပေးထားတာပဲ ဖြစ်ပါတယ်။ နှင်းဝတ်ရည်သောင်းကလည်း အခုဆိုရင် သူမကိုယ်တိုင်လည်း နိုင်ငံရပ်ခြားမှာ

အလုပ်တွေလုပ်ကိုင်နေတာဖြစ်ပြီး အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီပုံလေးတွေကိုကြည့်ရင်း နှင်းဝတ်ရည်သောင်းနဲ့ သွားလေသူ ဦးကျော်ဟိန်းတို့ရဲ့ တချိန်က အမှတ်တရတွေကို သတိရနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Hnin Thaung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *