ညီအကိုအရင္းေတြလို တစ္ေယာက္နဲ႔တေယာက္ ခင္မင္ရင္းႏွီးေနၾကတဲ့ စိုးသူနဲ႔ စႏၵီျမင့္လြင္ရဲ႕ ခင္ပြန္း
|ယေန႔တိုင္ေအာင္ ပရိသတ္ေတြရဲ႕ရင္ထဲမွာ စြဲစြဲၿမဲၿမဲေနရာယူထားတဲ့ ဝါရင့္အႏုပညာရွင္တစ္ဦးကေတာ့ အဆိုေတာ္၊ သ႐ုပ္ေဆာင္ စိုးသူပဲ ျဖစ္ပါတယ္။ ေခ်ာေမာခန႔္ညားတဲ့ဥပဓိ႐ုပ္ကို ပိုင္ဆိုင္ထားတဲ့ အကယ္ဒမီစိုးသူက အသက္ (၅၄) ႏွစ္ရွိၿပီျဖစ္ေပမယ့္လည္း လူငယ္ေတြနဲ႔အၿပိဳင္

ငယ္႐ြယ္ႏုပ်ိဳေနတာ ျဖစ္ပါတယ္။ ေတးသီခ်င္းေတြသီဆိုေနဆဲျဖစ္တဲ့ စိုးသူက သူ႔ရဲ႕ဇာတ္ကားေတြ၊ သီခ်င္းေတြနဲ႔ ပရိသတ္ေတြအေပၚမွာ လႊမ္းမိုးထားႏိုင္တာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ စိုးသူက လူမႈကြန္ယက္စာမ်က္ႏွာကတစ္ဆင့္ သူ႔ရဲ႕လႈပ္ရွားမႈေလးေတြကို

အၿမဲတမ္းမွ်ေဝေပးေနတာ ျဖစ္ပါတယ္။ ဘုရားတရားကိုင္းရႈိင္းတဲ့ စိုးသူက စႏၵီျမင့္လြင္တို႔မိသားစုနဲ႔အတူ မၾကာခဏဆိုသလို ကုသိုလ္ေကာင္းမႈေတြျပဳလုပ္ေလ့ရွိတာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း စိုးသူက စႏၵီျမင့္လြင္ရဲ႕ခင္ပြန္းျဖစ္သူကိုသီဟလြင္နဲ႔ အတူဆုံရင္း

ခင္ခင္မင္မင္ရွိၿပီး အရမ္းကိုရင္းႏွီးေနတာ ျဖစ္ပါတယ္။ မၾကာေသးခင္ကလည္း စႏၵီျမင့္လြင္ရဲ႕ခင္ပြန္းကိုသီဟလြင္က မင္းသားေခ်ာစိုးသူနဲ႔အတူ ႐ိုက္ကူးထားတဲ့ အမွတ္တရပုံေလးေတြကို တင္ထားတာ ျဖစ္ပါတယ္။ ကိုသီဟလြင္နဲ႔ စိုးသူတို႔ကေတာ့

ကုသိုလ္အလုပ္ေတြကို အတူတူျပဳလုပ္ရင္း တစ္ေယာက္နဲ႔တစ္ေယာက္ ညီအစ္ကိုေတြလို ခင္မင္ရင္းႏွီးေနၾကတာပဲ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ မင္းသားေခ်ာ စိုးသူနဲ႔ စႏၵီျမင့္လြင္ခင္ပြန္းတို႔ရဲ႕အမွတ္တရပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Read in UNICODE
ယနေ့တိုင်အောင် ပရိသတ်တွေရဲ့ရင်ထဲမှာ စွဲစွဲမြဲမြဲနေရာယူထားတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးကတော့ အဆိုတော်၊ သရုပ်ဆောင် စိုးသူပဲ ဖြစ်ပါတယ်။ ချောမောခန့်ညားတဲ့ဥပဓိရုပ်ကို ပိုင်ဆိုင်ထားတဲ့ အကယ်ဒမီစိုးသူက အသက် (၅၄) နှစ်ရှိပြီဖြစ်ပေမယ့်လည်း လူငယ်တွေနဲ့အပြိုင်

ငယ်ရွယ်နုပျိုနေတာ ဖြစ်ပါတယ်။ တေးသီချင်းတွေသီဆိုနေဆဲဖြစ်တဲ့ စိုးသူက သူ့ရဲ့ဇာတ်ကားတွေ၊ သီချင်းတွေနဲ့ ပရိသတ်တွေအပေါ်မှာ လွှမ်းမိုးထားနိုင်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စိုးသူက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် သူ့ရဲ့လှုပ်ရှားမှုလေးတွေကို

အမြဲတမ်းမျှဝေပေးနေတာ ဖြစ်ပါတယ်။ ဘုရားတရားကိုင်းရှိုင်းတဲ့ စိုးသူက စန္ဒီမြင့်လွင်တို့မိသားစုနဲ့အတူ မကြာခဏဆိုသလို ကုသိုလ်ကောင်းမှုတွေပြုလုပ်လေ့ရှိတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း စိုးသူက စန္ဒီမြင့်လွင်ရဲ့ခင်ပွန်းဖြစ်သူကိုသီဟလွင်နဲ့ အတူဆုံရင်း

ခင်ခင်မင်မင်ရှိပြီး အရမ်းကိုရင်းနှီးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း စန္ဒီမြင့်လွင်ရဲ့ခင်ပွန်းကိုသီဟလွင်က မင်းသားချောစိုးသူနဲ့အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကိုသီဟလွင်နဲ့ စိုးသူတို့ကတော့

ကုသိုလ်အလုပ်တွေကို အတူတူပြုလုပ်ရင်း တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးနေကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော စိုးသူနဲ့ စန္ဒီမြင့်လွင်ခင်ပွန်းတို့ရဲ့အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Thiha Lwin’s IG | Reference & Credit : Myanmarload