ဦးေက်ာ္ဟိန္းကို ေက်းဇူးဆပ္တဲ့အေနနဲ႔ သက္ေပ်ာက္ဆြမ္းအျပင္ ရက္လည္ဆြမ္းပါ ကပ္လွဴသြားမယ္ဆိုတဲ့ ေအာင္ခိုင္

အႏုပညာေလာကရဲ႕ ေလးစားအတုယူစရာ စံျပပုဂၢိဳလ္ေကာင္း တစ္ေယာက္ျဖစ္သလို အားလုံးက ေလးစားခ်စ္ခင္ၾကတဲ့ စြယ္စုံရ အကယ္ဒမီမင္းသားႀကီး ဦးေက်ာ္ဟိန္းကေတာ့ အားလုံးကို အၿပီးတိုင္စြန႔္ခြာထြက္သြားၿပီမို႔ မိသားစုေတြအျပင္ ပရိသတ္ေတြနဲ႔ အႏုပညာရွင္ေတြ အားလုံးက ႏွေမ်ာတသျဖစ္ကာ ဝမ္းနည္း စိတ္မေကာင္းျဖစ္ေနၾကပါတယ္ေနာ္..။ ဆရာေတာ္ဦးကိတၱိသာရ (မင္းသားႀကီး ေက်ာ္ဟိန္း)ဟာ

ဇူလိုင္လ(၁၁)ရက္ေန႔ မနက္ပိုင္းမွာပဲ ပ်ံလြန္ေတာ္မူသြားခဲ့တာျဖစ္ၿပီး ဦးေက်ာ္ဟိန္း ကြယ္လြန္ျခင္းအတြက္ စိတ္မေကာင္းေၾကကြဲရသလို ရည္စူးကုသိုလ္ေလးေတြ ျပဳလုပ္ေပးမယ့္အေၾကာင္းေလး ဦးေအာင္ခိုင္က ေျပာျပလာပါတယ္ေနာ္..။ ကိုလူေခ်ာအဖြဲ႕အတြက္ ေက်းဇူးရွင္ျဖစ္တဲ့

ဦးေက်ာ္ဟိန္းအတြက္ ဒါ႐ိုက္တာေက်ာ္ေဇာလင္း (အေတြးပုံရိပ္)နဲ႔အတူ ေတာင္ဥကၠလာက ဘုန္းႀကီးေက်ာင္းမွာ ဆရာေတာ္ဦးကိတၱိသာရ (မင္းသားႀကီး ေက်ာ္ဟိန္း) ပ်ံလြန္ေတာ္မူတဲ့ (၃)ရက္ေျမာက္ေန႔မွာ သက္ေပ်ာက္ဆြမ္းအေနနဲ႔ ဆြမ္းခဲဖြယ္အျပည့္အစုံ သြားေရာက္လႉဒါန္းခဲ့တဲ့ အေၾကာင္းေလးလည္း ေျပာျပထားတာ ျဖစ္ပါတယ္..။ ကိုလူေခ်ာအဖြဲ႕က သူ႔ေက်းဇူးေတြ အမ်ားႀကီးရွိတာမို႔

ေက်းဇူးဆပ္ဖို႔အတြက္ ေက်းဇူးဆပ္တဲ့အေနနဲ႔ ဦးေက်ာ္ဟိန္း ကြယ္လြန္တဲ့(၁၇)ရက္ေျမာက္ေန႔မွာ အႏုပညာရွင္ေတြနဲ႔အတူ ႐ုပ္ရွင္အစည္းအ႐ုံးမွာ ရက္လည္ဆြမ္းကပ္လႉၿပီး ရည္စူးကုသိုလ္ေလး ျပဳလုပ္သြားမယ့္ အေၾကာင္းေလးေတြကို ဦးေအာင္ခိုင္က ေျပာျပထားတာပါ..။ ဦးေက်ာ္ဟိန္းဟာ ကိုလူေခ်ာ အဖြဲ႕ျဖစ္တည္ဖို႔အတြက္ ေဒါက္တိုင္တစ္တိုင္ ျဖစ္ေပးခဲ့သလို သ႐ုပ္ေဆာင္ေၾကးမယူတဲ့အျပင္

ေငြဆယ္သိန္း ထပ္လႉခဲ့ၿပီး ေမြးေန႔တိုင္း ေမြးေန႔တိုင္းမွာလည္း ကိုလူေခ်ာအဖြဲ႕ကို ေငြေၾကးအျပင္ ပစၥည္းေတြလည္း ႏွစ္တိုင္း လႉဒါန္းခဲ့တဲ့ ေက်းဇူးအမွတ္တရေလးေတြကိုလည္း ေျပာျပထားပါေသးတယ္..။ ဦးေက်ာ္ဟိန္းနဲ႔ အမွတ္တရေလေးတြကို ေျပာျပၿပီး ရည္စူးအလႉေလးေတြ ျပဳလုပ္သြားမယ့္ အေၾကာင္းေလးေတြကို ေျပာျပထားတဲ့ ဦးေအာင္ခိုင္ရဲ႕ ဗီဒီယိုဖိုင္ေလးကိုလည္း တင္ဆက္ေပးလိုက္ပါတယ္..။

Read in UNICODE

အနုပညာလောကရဲ့ လေးစားအတုယူစရာ စံပြပုဂ္ဂိုလ်ကောင်း တစ်ယောက်ဖြစ်သလို အားလုံးက လေးစားချစ်ခင်ကြတဲ့ စွယ်စုံရ အကယ်ဒမီမင်းသားကြီး ဦးကျော်ဟိန်းကတော့ အားလုံးကို အပြီးတိုင်စွန့်ခွာထွက်သွားပြီမို့ မိသားစုတွေအပြင် ပရိသတ်တွေနဲ့ အနုပညာရှင်တွေ အားလုံးက နှမျောတသဖြစ်ကာ ဝမ်းနည်း စိတ်မကောင်းဖြစ်နေကြပါတယ်နော်..။ ဆရာတော်ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း)ဟာ

ဇူလိုင်လ(၁၁)ရက်နေ့ မနက်ပိုင်းမှာပဲ ပျံလွန်တော်မူသွားခဲ့တာဖြစ်ပြီး ဦးကျော်ဟိန်း ကွယ်လွန်ခြင်းအတွက် စိတ်မကောင်းကြေကွဲရသလို ရည်စူးကုသိုလ်လေးတွေ ပြုလုပ်ပေးမယ့်အကြောင်းလေး ဦးအောင်ခိုင်က ပြောပြလာပါတယ်နော်..။ ကိုလူချောအဖွဲ့အတွက် ကျေးဇူးရှင်ဖြစ်တဲ့

ဦးကျော်ဟိန်းအတွက် ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်)နဲ့အတူ တောင်ဥက္ကလာက ဘုန်းကြီးကျောင်းမှာ ဆရာတော်ဦးကိတ္တိသာရ (မင်းသားကြီး ကျော်ဟိန်း) ပျံလွန်တော်မူတဲ့ (၃)ရက်မြောက်နေ့မှာ သက်ပျောက်ဆွမ်းအနေနဲ့ ဆွမ်းခဲဖွယ်အပြည့်အစုံ သွားရောက်လှူဒါန်းခဲ့တဲ့ အကြောင်းလေးလည်း ပြောပြထားတာ ဖြစ်ပါတယ်..။ ကိုလူချောအဖွဲ့က သူ့ကျေးဇူးတွေ အများကြီးရှိတာမို့

ကျေးဇူးဆပ်ဖို့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ဦးကျော်ဟိန်း ကွယ်လွန်တဲ့(၁၇)ရက်မြောက်နေ့မှာ အနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်အစည်းအရုံးမှာ ရက်လည်ဆွမ်းကပ်လှူပြီး ရည်စူးကုသိုလ်လေး ပြုလုပ်သွားမယ့် အကြောင်းလေးတွေကို ဦးအောင်ခိုင်က ပြောပြထားတာပါ..။ ဦးကျော်ဟိန်းဟာ ကိုလူချော အဖွဲ့ဖြစ်တည်ဖို့အတွက် ဒေါက်တိုင်တစ်တိုင် ဖြစ်ပေးခဲ့သလို သရုပ်ဆောင်ကြေးမယူတဲ့အပြင်

ငွေဆယ်သိန်း ထပ်လှူခဲ့ပြီး မွေးနေ့တိုင်း မွေးနေ့တိုင်းမှာလည်း ကိုလူချောအဖွဲ့ကို ငွေကြေးအပြင် ပစ္စည်းတွေလည်း နှစ်တိုင်း လှူဒါန်းခဲ့တဲ့ ကျေးဇူးအမှတ်တရလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။ ဦးကျော်ဟိန်းနဲ့ အမှတ်တရလေေးတွကို ပြောပြပြီး ရည်စူးအလှူလေးတွေ ပြုလုပ်သွားမယ့် အကြောင်းလေးတွေကို ပြောပြထားတဲ့ ဦးအောင်ခိုင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်..။

Source : Myanmarload | Reference & Credit Myanamrload

Add a Comment

Your email address will not be published. Required fields are marked *