ရုပ်ရှင်အစည်းအရုံးဝင်များရဲ့ သားသမီးတိုင်းအတွက် ပညာသင်စရိတ်အပြင် စာအုပ်(၂၀၀)ဒါဇင် ထောက်ပံ့ လှူဒါန်းခဲ့တဲ့ ပြေတီဦး ဖောင်ဒေးရှင်း
Read in UNICODE
ပြေတီဦးကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်ကျော်ကြားသူတစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုများစွာကို လက်ဝယ်ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ပြေတီဦးက အိမ်ထောင်မကျခင်အချိန်ကတည်းက ပြေတီဦးဖောင်ဒေးရှင်းကို တည်ထောင်ပြီး
ပညာရေးထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းက အခုဆိုရင် (၁၀)နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး နိုင်ငံ့အတွက် ပညာတတ်လူငယ်လေးတွေကို မွေးထုတ်ပေးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပြေတီဦးဖောင်ဒေးရှင်းကနေပြီး ရုပ်ရှင်အစည်းအရုံးဝင်များရဲ့
သားသမီးများတွက် ပညာသင်စရိတ်ထောက်ပံ့ပေးမယ်လို့သတင်းကောင်းလေး ကြားသိရပါတယ်။။ ဒါ့အပြင် ဒီကနေ့ ဇူလိုင်လ (၁၄) ရက်နေ့မှာတော့ ပြေတီဦးဖောင်ဒေးရှင်းကနေပြီး ဗလာစာအုပ် ဒါဇင် (၃၀၀)ကို ဦးစွာလာရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းကတော့ အနုပညာရှင်များရဲ့ သားသမီးမျိုးဆက်တွေအတွက်သာမက
ရုပ်ရှင်အစည်းအရုံးဝင် အလွှာအသီးသီးကလူများရဲ့ သားသမီးတွေအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပြေတီဦးဖောင်ဒေးရှင်းနဲ့တကွ အလှူရှင်များရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Myanamr Motion Picture’s Facebook
Add a Comment
Your email address will not be published. Required fields are marked *