အလုပ္ေတြမရွိတဲ့အခ်ိန္မွာ ေၾကာ္ျငာေခၚ႐ိုက္တဲ့အျပင္ ပစၥည္းအစံုနဲ႔ ကန္ေတာ့ခဲ့တဲ့ ျဖဴျဖဴေထြးေၾကာင့္ ဝမ္းသာခဲ့ရတဲ့ ဘုန္းလွ်ံ

တခ်ိန္က အႏုပညာေလာကမွာ ပီျပင္တဲ့ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ဘုန္းလွ်ံကေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕ သည္းသည္းလႈပ္အားေပးခ်စ္ခင္ျခင္းကို အျပည့္အဝရရွိထားတဲ့ သူပဲ

ျဖစ္ပါတယ္။ ဘုန္းလွ်ံက အၾကမ္းအႏုဇာတ္စုံရတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္လို႔ သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဗီဒီယိုဇာတ္ကားေတြကလည္း ပရိသတ္ေတြအႀကိဳက္ေတြ႕ေစခဲ့တာလည္းျဖစ္ပါတယ္…..။ အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လာခဲ့တဲ့ မင္းသားေခ်ာ

ဘုန္းလွ်ံက ယခုလက္ရွိမွာ အႏုပညာလႈပ္ရွားမႈေတြအျပင္ ပရဟိတလုပ္ငန္းေတြကိုလည္း ႀကိဳးစားလုပ္ကိုင္ေနသူတစ္ဦးပါ။ လတ္တေလာမွာေတာ့ ကို႐ိုနာဗိုင္းရပ္ေရာဂါေၾကာင့္ အႏုပညာလႈပ္ရွားမႈေတြ နည္းပါးေနတာလည္းျဖစ္ပါတယ္။ ယခုလို နည္းပါးေနခ်ိန္

ပရိသတ္ေတြ ခ်စ္စႏိုးနဲ႔ေခၚၾကတဲ့ ပရဟိတ မင္းသမီးေခ်ာေလးျဖဴျဖဴေထြးက ေၾကာ္ျငာေခၚ႐ိုက္တာေၾကာင့္ ေပ်ာ္႐ႊင္ေနတာလည္းျဖစ္ပါတယ္……။ေၾကာ္ျငာေခၚ႐ိုက္တဲ့အျပင္ လိုအပ္တဲ့ပစၥည္းအစုံအလင္ကိုလည္း ကန္ေတာ့လိုက္တာေၾကာင့္ အတိုင္းမသိဝမ္းသာေပ်ာ္႐ႊင္ေနေၾကာင္းကို မင္းသားေခ်ာ ဘုန္းလွ်ံက

သူရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ” AYA bank..ေၾကာ္ျငာ႐ိုက္ၿပီးကန္ေတာ့ခံရေတာ့ဝမ္းသာပိတိျဖစ္ရပါတယ္…..ညီမေလးျဖဴျဖဴေထြးေရ” ဆိုတဲ့ စာသားေလးအျပင္ ပုံေလးေတြကိုလည္း တင္ေပးလာတာပါ။ ပရိသတ္ေတြလည္း ျဖဴျဖဴေထြးရဲ႕ အလႉဒါနေလးကို သာဓုေခၚႏိုင္ေစရန္အတြက္ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ေနာ္……။

Read in UNICODE

တချိန်က အနုပညာလောကမှာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင် မင်းသားချော ဘုန်းလျှံကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ သူပဲ

ဖြစ်ပါတယ်။ ဘုန်းလျှံက အကြမ်းအနုဇာတ်စုံရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဇာတ်ကားတွေကလည်း ပရိသတ်တွေအကြိုက်တွေ့စေခဲ့တာလည်းဖြစ်ပါတယ်…..။ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့ မင်းသားချော

ဘုန်းလျှံက ယခုလက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေအပြင် ပရဟိတလုပ်ငန်းတွေကိုလည်း ကြိုးစားလုပ်ကိုင်နေသူတစ်ဦးပါ။ လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေတာလည်းဖြစ်ပါတယ်။ ယခုလို နည်းပါးနေချိန်

ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ပရဟိတ မင်းသမီးချောလေးဖြူဖြူထွေးက ကြော်ငြာခေါ်ရိုက်တာကြောင့် ပျော်ရွှင်နေတာလည်းဖြစ်ပါတယ်……။ကြော်ငြာခေါ်ရိုက်တဲ့အပြင် လိုအပ်တဲ့ပစ္စည်းအစုံအလင်ကိုလည်း ကန်တော့လိုက်တာကြောင့် အတိုင်းမသိဝမ်းသာပျော်ရွှင်နေကြောင်းကို မင်းသားချော ဘုန်းလျှံက

သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ” AYA bank..ကြော်ငြာရိုက်ပြီးကန်တော့ခံရတော့ဝမ်းသာပိတိဖြစ်ရပါတယ်…..ညီမလေးဖြူဖြူထွေးရေ” ဆိုတဲ့ စာသားလေးအပြင် ပုံလေးတွေကိုလည်း တင်ပေးလာတာပါ။ ပရိသတ်တွေလည်း ဖြူဖြူထွေးရဲ့ အလှူဒါနလေးကို သာဓုခေါ်နိုင်စေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်……။

Source : Bhone Hlan’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *