႐ုပ္ရွင္အစည္းအ႐ုံးမွာ ဦးေက်ာ္ဟိန္း ႐ုပ္တုကို ထားေစခ်င္တယ္ဆိုတဲ့ ဦးေက်ာ္သူ

ဝါရင့္အႏုပညာရွင္ႀကီး ဦးေက်ာ္ဟိန္းရဲ႕ ႐ုပ္တုကို ႐ုပ္ရွင္အစည္းအ႐ုံးမွာ အမွတ္တရ ထားေစခ်င္တယ္လို႔ ဦးေက်ာ္သူက ေျပာပါတယ္။ ဦးေက်ာ္ဟိန္းဟာ ႐ုပ္ရွင္ေလာကမွာ ေခတ္အဆက္ဆက္ ေအာင္ျမင္လာခဲ့သူျဖစ္သလို အႏုပညာရွင္တိုင္က ေလးစားရတဲ့ ဝါရင့္သ႐ုပ္ေဆာင္ႀကီး တစ္ဦးလည္းျဖစ္ပါတယ္။ “ အခုဆိုရင္ ႐ုပ္ရွင္လည္း ႏွစ္(၁၀၀) ျပည့္ၿပီ။ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး အေနနဲ႔ ႏွစ္(၁၀၀) ျပည့္ကာလမွာ ဒီလို ထူးျခားတဲ့ ဆုံးရႈံးမႈ ႀကီး တစ္ခုျဖစ္လာတယ္။ ဦးေက်ာ္ဟိန္းဆိုတာ ေခတ္အဆက္ဆက္ Black & White ခတ္ကေန ကာလာ ေခတ္အထိကို ေအာင္ျမင္ခဲ့တာ။ တကယ္ကို အစားထိုးလို႔မရတဲ့ သ႐ုပ္ေဆာင္ႀကီး၊ ဒါ႐ိုက္တာႀကီးပါ။ ဒါေၾကာင့္ သူ႔ရဲ႕ ႐ုပ္တုကို ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွာ ထုထားဖို႔ေတာ့ လိုအပ္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ႏွစ္(၁၀၀)

ျပည့္ပြဲမွာ ဦးေက်ာ္ဟိန္းရဲ႕ ႐ုပ္တုနဲ႔ စတင္ၿပီးေတာ့ ဖြင့္ေစခ်င္တဲ့အေၾကာင္း အႀကံျပဳခ်င္ပါတယ္” လို႔ သူကဆိုပါတယ္။ ဥဴးဇင္း ကိတၳိသာရ (သ႐ုပ္ေဆာင္ ေက်ာ္ဟိန္း) ဟာ ၾသစေတးလ်ႏိုင္ငံ ကမ္ဘာရာၿမိဳ႕မွာဇူလိုင္လ(၁၁) ရက္ေန႔က ပ်ံလြန္ေတာ္ မူခဲ့တာပါ။ မိသားစုဝင္ေတြနဲ႔ အတူ အႏုပညာရွင္မ်ား၊ ပရိသတ္မ်ားကလည္း စိတ္မေကာင္းျဖစ္လို႔ေနပါတယ္။ ဈာပန ကိစၥအဝဝကို ၾသစေတးလ်ႏိုင္ငံ ကမ္ဘာရာၿမိဳ႕မွာပဲ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။ ဦးေက်ာ္သူ အေနနဲ႔ ဦးေက်ာ္ဟိန္းရဲ႕ အ႐ိုးျပာအိုးကိုေတာ့ ျမန္မာႏိုင္ငံမွာပဲ အမွတ္တရထားေစခ်င္တဲ့ သူ႔ရဲ႕ ဆႏၵကို အခုလို ေျပာျပလာပါတယ္။ “ တစ္ခု စိတ္မေကာင္းတာကေတာ့ ကြၽန္ေတာ္တို႔

ဗုဒၶဘာသာဝင္ႏိုင္ငံမွာ သာသနာ့ေဘာင္ကို ဝင္ၿပီးေတာ့ ေနာက္ဆုံး ေခါင္းမခ်ရတာကို စိတ္မေကာင္းဘူး။ ထိုနည္းတူစြာပဲ သူတို႔ မိသားစုေတြလည္း ဒီလိုပဲ ျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္တယ္။ Covid ကာလျဖစ္ေနေတာ့ Body ကိုလည္း ဒီ သယ္လာလို႔မရဘူး။ ဟိုမွာပဲ မီးသၿဂိဳဟ္မယ္ဆိုရင္ ဦးေက်ာ္ရဲ႕ အ႐ိုးျပာအိုးကို ဧရာဝတီျမစ္ထဲပဲ ေျမႇာ ေျမႇာ၊ ေရေဝးမွာပဲ အမွတ္တရထားသင့္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္” လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။ သ႐ုပ္ေဆာင္ ေက်ာ္ဟိန္းဟာ ၂၀၀၈ ခုႏွစ္က စၿပီး ဥဴးဇင္း ကိတၳိသာရ ဘြဲ႕နာမည္ျဖင့္ သာသနာ့ေဘာင္ထဲ အၿပီးတိုင္ဝင္ေရာက္သြားတာ ျဖစ္ပါတယ္။ ဒီေန႔ ဇူလိုင္(၁၄) ရက္ေန႔ဟာ အသက္(၇၃) ႏွစ္ျပည့္ ေမြးေန႔ ျဖစ္ပါတယ္။ ဦးေက်ာ္ဟိန္း

အတြက္ က်န္ရစ္သူ မိသားစုဝင္ေတြက ဇူလိုင္(၁၇) ရက္ေန႔မွာ ႐ုပ္ရွင္အစည္းအ႐ုံးကေနတဆင့္ ကိုလူေခ်ာအဖြဲ႕သားေတြ နဲ႔ အတူ အလႉအတန္းေတြ လုပ္သြားမယ္လို႔လည္း သိရပါတယ္။ ဦးေက်ာ္သူပါဝင္တဲ့ နာေရးကူညီမႈအသင္းဟာ COVID-19 ကာလမွာ ဈာပနပို႔ေဆာင္ျခင္း၊ ေရာဂါပိုးကာကြယ္ေရးအတြက္ ေဆးျဖန္းျခင္း၊ မီးေဘးအႏၲရာယ္ တားဆီးေရး အတြက္ ေရသယ္ကားမ်ားနဲ႔ ကူညီေပးျခင္း၊ ေရရွားပါးတဲ့ ေက်း႐ြာေတြမွာ ေရအလႉျပဳျခင္း စတဲ့ ကုသိုလ္ေရးေတြ ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။ သူနဲ႔အတူ အနႏၲေမတၱာပရဟိတအဖြဲ႕သားေတြကလည္း ေမလ (၂၅) ရက္ေန႔ နဲ႔ (၂၆) ရက္ေန႔တို႔မွာလည္း စားဝတ္ေနေရးအခက္အခဲ ႀကဳံေနရတဲ့ အႏုပညာေလာကသားေတြထဲက ဇာတ္ပို႔ ဇာတ္ရံ သ႐ုပ္ေဆာင္ေတြ၊ ဇာတ္ၫႊန္းအလႊာက အႏုပညာရွင္ေတြအတြက္ စားနပ္ရိကၡာနဲ႔ လူသုံးကုန္ ပစၥည္းေတြ လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္။

Read in UNICODE

ဝါရင့်အနုပညာရှင်ကြီး ဦးကျော်ဟိန်းရဲ့ ရုပ်တုကို ရုပ်ရှင်အစည်းအရုံးမှာ အမှတ်တရ ထားစေချင်တယ်လို့ ဦးကျော်သူက ပြောပါတယ်။ ဦးကျော်ဟိန်းဟာ ရုပ်ရှင်လောကမှာ ခေတ်အဆက်ဆက် အောင်မြင်လာခဲ့သူဖြစ်သလို အနုပညာရှင်တိုင်က လေးစားရတဲ့ ဝါရင့်သရုပ်ဆောင်ကြီး တစ်ဦးလည်းဖြစ်ပါတယ်။ “ အခုဆိုရင် ရုပ်ရှင်လည်း နှစ်(၁၀၀) ပြည့်ပြီ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေနဲ့ နှစ်(၁၀၀) ပြည့်ကာလမှာ ဒီလို ထူးခြားတဲ့ ဆုံးရှုံးမှု ကြီး တစ်ခုဖြစ်လာတယ်။ ဦးကျော်ဟိန်းဆိုတာ ခေတ်အဆက်ဆက် Black & White ခတ်ကနေ ကာလာ ခေတ်အထိကို အောင်မြင်ခဲ့တာ။ တကယ်ကို အစားထိုးလို့မရတဲ့ သရုပ်ဆောင်ကြီး၊ ဒါရိုက်တာကြီးပါ။ ဒါကြောင့် သူ့ရဲ့ ရုပ်တုကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ထုထားဖို့တော့ လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။ နှစ်(၁၀၀)

ပြည့်ပွဲမှာ ဦးကျော်ဟိန်းရဲ့ ရုပ်တုနဲ့ စတင်ပြီးတော့ ဖွင့်စေချင်တဲ့အကြောင်း အကြံပြုချင်ပါတယ်” လို့ သူကဆိုပါတယ်။ ဥူးဇင်း ကိတ္ထိသာရ (သရုပ်ဆောင် ကျော်ဟိန်း) ဟာ သြစတေးလျနိုင်ငံ ကမ်ဘာရာမြို့မှာဇူလိုင်လ(၁၁) ရက်နေ့က ပျံလွန်တော် မူခဲ့တာပါ။ မိသားစုဝင်တွေနဲ့ အတူ အနုပညာရှင်များ၊ ပရိသတ်များကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဈာပန ကိစ္စအဝဝကို သြစတေးလျနိုင်ငံ ကမ်ဘာရာမြို့မှာပဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဦးကျော်သူ အနေနဲ့ ဦးကျော်ဟိန်းရဲ့ အရိုးပြာအိုးကိုတော့ မြန်မာနိုင်ငံမှာပဲ အမှတ်တရထားစေချင်တဲ့ သူ့ရဲ့ ဆန္ဒကို အခုလို ပြောပြလာပါတယ်။ “ တစ်ခု စိတ်မကောင်းတာကတော့ ကျွန်တော်တို့

ဗုဒ္ဓဘာသာဝင်နိုင်ငံမှာ သာသနာ့ဘောင်ကို ဝင်ပြီးတော့ နောက်ဆုံး ခေါင်းမချရတာကို စိတ်မကောင်းဘူး။ ထိုနည်းတူစွာပဲ သူတို့ မိသားစုတွေလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ Covid ကာလဖြစ်နေတော့ Body ကိုလည်း ဒီ သယ်လာလို့မရဘူး။ ဟိုမှာပဲ မီးသဂြိုဟ်မယ်ဆိုရင် ဦးကျော်ရဲ့ အရိုးပြာအိုးကို ဧရာဝတီမြစ်ထဲပဲ မြှော မြှော၊ ရေဝေးမှာပဲ အမှတ်တရထားသင့်တယ်လို့ ကျွန်တော် ထင်တယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ သရုပ်ဆောင် ကျော်ဟိန်းဟာ ၂၀၀၈ ခုနှစ်က စပြီး ဥူးဇင်း ကိတ္ထိသာရ ဘွဲ့နာမည်ဖြင့် သာသနာ့ဘောင်ထဲ အပြီးတိုင်ဝင်ရောက်သွားတာ ဖြစ်ပါတယ်။ ဒီနေ့ ဇူလိုင်(၁၄) ရက်နေ့ဟာ အသက်(၇၃) နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ဦးကျော်ဟိန်း

အတွက် ကျန်ရစ်သူ မိသားစုဝင်တွေက ဇူလိုင်(၁၇) ရက်နေ့မှာ ရုပ်ရှင်အစည်းအရုံးကနေတဆင့် ကိုလူချောအဖွဲ့သားတွေ နဲ့ အတူ အလှူအတန်းတွေ လုပ်သွားမယ်လို့လည်း သိရပါတယ်။ ဦးကျော်သူပါဝင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သူနဲ့အတူ အနန္တမေတ္တာပရဟိတအဖွဲ့သားတွေကလည်း မေလ (၂၅) ရက်နေ့ နဲ့ (၂၆) ရက်နေ့တို့မှာလည်း စားဝတ်နေရေးအခက်အခဲ ကြုံနေရတဲ့ အနုပညာလောကသားတွေထဲက ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေ၊ ဇာတ်ညွှန်းအလွှာက အနုပညာရှင်တွေအတွက် စားနပ်ရိက္ခာနဲ့ လူသုံးကုန် ပစ္စည်းတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *