ခမ်းနားလှပတဲ့ အိမ်အသစ်တက်ပွဲလေးကို သစ်တံခါးဆရာတော်ကြီးကိုယ်တိုင် ချီးမြှင့်ကြွရောက်ခဲ့တာကြောင့် ပျော်နေတဲ့ မေကဗျာ






Read in UNICODE

သရုပ်ဆောင်မေကဗျာကတော့ လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေကိုလည်း အနည်းအကျဉ်းလုပ်ကိုင်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုလည်း ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။မေကဗျာက ချစ်မွှေးပါတဲ့မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားပြီး

အပြုံးချိုချိုလေးတွေကြောင့် လူချစ်လူခင်ကလည်းပေါများပါတယ်နော်။မေကဗျာရဲ့ဗီဒီယိုဇာတ်ကားတွေကလည်း ယနေ့အချိန်ထိတိုင် မရိုးသွားဘဲ ကြည့်လို့ကောင်းနေဆဲဖြစ်ပါတယ်။မေကဗျာကတော့ အသက်တွေတစ်နှစ်ထက်တစ်နှစ်ပိုကြီးလာပေမယ့် သူမရဲ့အလှအပတွေကတော့

ဟိုးအရင်တုန်းကအတိုင်းပဲဖြစ်ပါတယ်။မေကဗျာက လက်ရှိမှာဆိုရင်တော့ အေးအေးချမ်းချမ်းနဲ့ နေထိုင်နေပြီး သူမရဲ့အိမ်လေးကိုလည်း လှပအောင်ပြင်ဆင်မွမ်းမံထားသေးတာဖြစ်ပါတယ်။မေကဗျာရဲ့အိမ်လေးက ရိုးရိုးရှင်းရှင်းလေးနဲ့ နေချင်စဖွယ်အပြည့်ရှိပြီး ကြည့်လိုက်ရုံနဲ့တင်

သာယာနွေးထွေးမှုရှိမယ်ဆိုတာ သေချာပါတယ်နော်။မေကဗျာက သူမရဲ့အိမ်တက်ပွဲလေးကို မိတ်ဆွေအနည်းငယ်နဲ့အကျဉ်းရုံးလုပ်ခဲ့ပြီး သစ်တံခါးဆရာတော်ဘုရားကလည်း ကြွချီလာခဲ့တာဖြစ်ပါတယ်။မေကဗျာကတော့”ဘုန်းဘုန်းရဲ့ စကားနားထောင်ဘုန်းဘုန်းခိုင်းတဲ့

အဓိဌာန်တွေအမြဲလုပ်ခဲ့လို့ ဘာသာရေးကို ယုံယုံကြည်ကြည်နဲ့ လုပ်ခဲ့လို့ အခုလိုလေးဖြစ်ခွင့်ရခဲ့ပါတယ် အိမ်ကိုလည်းဘုန်ဘုန်းနဲ့ပဲအိမ်တက်လုပ်ချင်ပါတယ်အဓိဌာန်ထားလို့ခုမမျှော်လင့်ပဲ အိမ်ကိုကြွရောက်ချီမြှင့်ပေးလို့ အတိုင်းမသိဝမ်းသာတာ ပြောပြမတတ်အောင်ပါပဲ ဝါဆိုသင်္ကန်း အလှူဝထ္ထုငွေကပ်လှူပူဇော်”ဆိုပြီး ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Source : May Kabyar’s Facebook | Reference & Credit : Myanmaload

Add a Comment

Your email address will not be published. Required fields are marked *