မုန္႔ေတြ အျပင္ကေနဝယ္လာတိုင္း အားရပါးရစားတတ္တဲ့ အေဖျဖစ္သူ ဦးမန္းဝင္းအေၾကာင္း ေတြးမိတိုင္း မ်က္ရည္လည္ေနတဲ့ ေဟမာမန္းဝင္း

ဇူလိုင္လ (၁၃)ရက္ေန႕မွာ ဘဝတစ္ပါးသို႕ ကူးေျပာင္းသြားတဲ့ ဟာသအနုပညာရွင္ ဦးမန္းဝင္းရဲ႕ နာေရးသတင္းကိုေတာ့ သိၿပီးၾကၿပီထင္ပါတယ္ေနာ္.။ ဦးမန္းဝင္းကေတာ့ ဟာသလူရႊင္ေတာ္တစ္ေယာက္အေနနဲ႕ ပရိသတ္တိုင္းကို ရယ္ေမာေပ်ာ္ရႊင္ေစခဲ့သူျဖစ္ၿပီး ဇာတ္ရုပ္တိုင္းကိုလည္း ပီျပင္ေအာင္ သရုပ္ေဆာင္နိုင္တဲ့ သရုပ္ေဆာင္တစ္ဦးပဲျဖစ္ပါတယ္.။ ၿပီးခဲ့တဲ့ နွစ္ေတြထဲက

ေဝဒနာေတြခံစားေနရေပမယ့္ လတ္တေလာမွာပဲ ရုတ္တရက္ ဦးေနွာက္ေသြးယုိစိမ့္မႈေၾကာင့္ အေရးေပၚ ေဆးရံုတင္ကာ ခြဲစိတ္မႈ ျပဳလုပ္ခဲ့ရေသ းတာပါ.။ ဇူလိုင္လ (၁၃)ရက္ေန႕မွာေတာ့ ဦးမန္းဝင္းတစ္ေယာက္ ေဝဒနာခံစားေနရတဲ့ အေျခအေနေတြကေန လြတ္ေျမာက္ၿပီး ၿငိမ္းခ်မ္းရာဘံုဘဝကို ကူးေျပာင္းသြားခဲ့ၿပီျဖစ္ပါတယ္.။ ဒီေန႕ ဇူလိုင္လ (၁၄)ရက္ေန႕မွာေတာ့ အေဖေျခရာကို နင္းသူ

သမီးေဟမာမန္းဝင္းတစ္ေယာက္ ဖခင္ျဖစ္သူကို သတိရလြမ္းဆြတ္ပူေဆြးေနတဲ့ ခံစားခ်က္ေလးေတြကို “ဘယ္ခရီးကပဲ ျပန္လာျပန္လာ သမီးေဖႀကီးဖို႔ ဘာပါလဲ.။ အၿမဲေမးတယ္.။ လမ္းေဘးက မုန္႔ေလးဝယ္လာရင္လည္း စားေနတာပဲ အခုေတာ့” ဆုိၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္.။ ေဟမာမန္းဝင္းကေတာ့

ဖခင္ျဖစ္သူရဲ႕ ခြဲခြာသြားမႈကို အသားမက်မႈေတြနဲ႕ သတိရ လြမ္းဆြတ္ေနတဲ့ ပံုပါပဲေနာ္.. ပရိသတ္ႀကီး။ ပရိသတ္ႀကီးလည္း ဝမ္းနည္းမႈေတြနဲ႕ ဖခင္ ဦးမန္းဝင္းကို သတိရလြမ္းဆြတ္ေနတဲ့ ေဟမာမန္းဝင္းအတြက္ အားေပးစကားေလးေတြ ေျပာေပးသြားပါဦးေနာ္.။ဖတ္ရႈ႕ေပးခဲ့ၾကတဲ့ ပရိသတ္ႀကီးလည္း ေပ်ာ္ရႊင္သာယာတဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႕ ဆုေတာင္းေပးလိုက္ ပါတယ္.။

Read in UNICODE

ဇူလိုင်လ (၁၃)ရက်နေ့မှာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားတဲ့ ဟာသအနုပညာရှင် ဦးမန်းဝင်းရဲ့ နာရေးသတင်းကိုတော့ သိပြီးကြပြီထင်ပါတယ်နော်.။ ဦးမန်းဝင်းကတော့ ဟာသလူရွှင်တော်တစ်ယောက်အနေနဲ့ ပရိသတ်တိုင်းကို ရယ်မောပျော်ရွှင်စေခဲ့သူဖြစ်ပြီး ဇာတ်ရုပ်တိုင်းကိုလည်း ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်.။ ပြီးခဲ့တဲ့ နှစ်တွေထဲက

ဝေဒနာတွေခံစားနေရပေမယ့် လတ်တလောမှာပဲ ရုတ်တရက် ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ် ဆေးရုံတင်ကာ ခွဲစိတ်မှု ပြုလုပ်ခဲ့ရသေ းတာပါ.။ ဇူလိုင်လ (၁၃)ရက်နေ့မှာတော့ ဦးမန်းဝင်းတစ်ယောက် ဝေဒနာခံစားနေရတဲ့ အခြေအနေတွေကနေ လွတ်မြောက်ပြီး ငြိမ်းချမ်းရာဘုံဘဝကို ကူးပြောင်းသွားခဲ့ပြီဖြစ်ပါတယ်.။ ဒီနေ့ ဇူလိုင်လ (၁၄)ရက်နေ့မှာတော့ အဖေခြေရာကို နင်းသူ

သမီးဟေမာမန်းဝင်းတစ်ယောက် ဖခင်ဖြစ်သူကို သတိရလွမ်းဆွတ်ပူဆွေးနေတဲ့ ခံစားချက်လေးတွေကို “ဘယ်ခရီးကပဲ ပြန်လာပြန်လာ သမီးဖေကြီးဖို့ ဘာပါလဲ.။ အမြဲမေးတယ်.။ လမ်းဘေးက မုန့်လေးဝယ်လာရင်လည်း စားနေတာပဲ အခုတော့” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ဟေမာမန်းဝင်းကတော့

ဖခင်ဖြစ်သူရဲ့ ခွဲခွာသွားမှုကို အသားမကျမှုတွေနဲ့ သတိရ လွမ်းဆွတ်နေတဲ့ ပုံပါပဲနော်.. ပရိသတ်ကြီး။ ပရိသတ်ကြီးလည်း ဝမ်းနည်းမှုတွေနဲ့ ဖခင် ဦးမန်းဝင်းကို သတိရလွမ်းဆွတ်နေတဲ့ ဟေမာမန်းဝင်းအတွက် အားပေးစကားလေးတွေ ပြောပေးသွားပါဦးနော်.။ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်.။

Soruce : Hay Marn Mann Win’s Facebook

Add a Comment

Your email address will not be published. Required fields are marked *