ဘဝတစ္ပါး ကူးေျပာင္းသြားၿပီျဖစ္တဲ့ ဆရာအရင္းျဖစ္သူ ဦးမန္းဝင္းနဲ႔ အမွတ္တရေတြကို ရင္ဖြင့္ခဲ့တဲ့ ၿငိမ္းခ်မ္း

ၿငိမ္းခ်မ္းကေတာ့ လူ႐ႊင္ေတာ္ အလုပ္ စလုပ္ကတည္းက ဦးမန္းဝင္းနဲ႔ တြဲဖက္ၿပီး ျပက္လုံးေတြ ျပက္ခဲ့ရတယ္လို႔ ဆိုပါတယ္။ လူ႐ႊင္ေတာ္ႀကီး ဦးမန္းဝင္းဟာ သူ႔အတြက္ေတာ့ ဒုတိယေျမာက္ ဆရာအရင္းတစ္ေယာက္ ျဖစ္တယ္လို႔ ေျပာျပလာပါတယ္။ “ ဦးၿငိမ္းခ်မ္း စင္ေပၚမွာ လူ႐ႊင္ေတာ္ စလုပ္ၿပီဆိုကတည္းက ဦးမန္းဝင္းနဲ႔ ကခဲ့ရတာပါ။ ကိုယ့္အတြက္ေတာ့ ဒုတိယေျမာက္ ဆရာအရင္းေပါ့။ သူ႔ဘဝ

တစ္ေလွ်ာက္လုံးမွာ ဦးၿငိမ္းခ်မ္းနဲ႔ အတူတြဲၿပီး ကရတာေလာက္ ဘယ္လူ႐ႊင္ေတာ္မွ စိတ္တိုင္းမက်ဘူး။ ဒါေပမယ့္ အဆင္ေျပေအာင္ သူ ကခဲ့တယ္။ ၿပီးေတာ့ သူကိုယ္တိုင္က ဦးၿငိမ္းခ်မ္းနဲ႔ တြဲကရတာ စိတ္အခ်မ္းသာဆုံးနဲ႔ အေပ်ာ္ဆုံးပါ။ ဘာေၾကာင့္လဲ ဆိုေတာ့ သူက ဘာႀကိဳက္တတ္တယ္၊ သူက ဘာျပက္လုံးျပက္ရင္ ငါက ဘာလုပ္ေပးရမယ္ ဆိုတာ ဦးၿငိမ္းခ်မ္းက အကုန္သိေတာ့ ေတြ႕တိုင္းေျပာတယ္ မင္းနဲ႔ ကရတာေလာက္ မေကာင္းပါဘူးကြာ၊ ဒီေကာင္ေတြ မင္းကတာ မၾကည့္ဖူးၾကဘူးလား မသိဘူး၊ မမွတ္ထားၾကဘူးလား

မသိဘူးဆိုၿပီးေတာ့ ေျပာတယ္” ဇူလိုင္ (၁၃) ရက္ေန႔က ဦးမန္းဝင္းရဲ႕ အိမ္မွာ ေျဖဆိုခဲ့တာပါ။ ဖခင္တစ္ေယာက္ကို ဆုံးရႈံးလိုက္ရသလို ခံစားရတယ္လို႔ ရင္ဖြင့္လာတဲ့ လူ႐ႊင္ေတာ္ ၿငိမ္းခ်မ္းကလည္း ဝမ္းနည္း ေၾကကြဲေနရတာေတြကို ရင္ဖြင့္ေျပာျပလာပါတယ္။ “ ဦးမန္းဝင္းက သူက ဦးၿငိမ္းခ်မ္းကို စေတြ႕ကတည္းက သားလို႔ပဲ အၿမဲေခၚခဲ့တာ။ ေဟ့ေကာင္ ၊ မင္း ဒီလိုေတြ လုံးဝ မေခၚခဲ့ဖူးဘူး။ သူ႔ကို ဘယ္အခ်ိန္မွာပဲ ေတြ႕ေတြ႕၊ ဘယ္လိုပဲ

ကေလးဆိုးႀကီးလို ဆိုးဆိုး ရယ္ေနတာခ်ည္းပဲ။ ဦးၿငိမ္းခ်မ္းကိုလည္း တစ္ခ်က္ေလး စိတ္ဆိုးသြားတာ၊ စိတ္ေကာက္သြားတာ မရွိဘူး။ ကိုယ့္ကို ေတြ႕ရင္လည္း သူ႔မွာ ေပ်ာ္ေနတာ အေဖအရင္း တစ္ေယာက္က သားသမီးအေပၚ ထားတဲ့ ေမတၱာမ်ိဳးပါ။ ကိုယ့္အတြက္ေတာ့ အေဖအရင္း တစ္ေယာက္ ဆုံးရႈံးလိုက္ရသလိုပါပဲ” လို႔ သူက ဆိုပါတယ္။ ဟာသလူ႐ႊင္ေတာ္ႀကီး သ႐ုပ္ေဆာင္ မန္းဝင္းဟာ ဇူလိုင္(၁၃) ရက္ေန႔ မနက္ (၆) နာရီခြဲ အခ်ိန္မွာ

ကြယ္လြန္သြားၿပီျဖစ္တာေၾကာင့္ မိသားစု နဲ႔ထပ္တူ အႏုပညာအသိုင္းအဝိုင္းက မိတ္ေဆြေတြလည္း ဝမ္းနည္းေၾကကြဲ ခဲ့ၾကပါတယ္။ ဦးမန္းဝင္းရဲ႕ ႐ုပ္ကလာပ္ကိုေတာ့ ဇူလိုင္(၁၅) ရက္ေန႔ ေန႔လယ္ (၂) နာရီအခ်ိန္ က်ီစုသုႆာန္မွာ မီးသၿဂိဳဟ္သြားမွာျဖစ္ပါတယ္။ ဇူလိုင္(၁၉) ရက္ေန႔ မနက္ (၇) နာရီအခ်ိန္မွာ ဦးမန္းဝင္းရဲ႕ ေနအိမ္မွာပဲ ရက္လည္ဆြမ္းသြပ္ တရားနာအလႉျပဳသြားမယ္လို႔ သိရပါတယ္။ ဟာသသ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္၊

လူ႐ႊင္ေတာ္ တစ္ေယာက္လည္းျဖစ္တဲ့ ၿငိမ္းခ်မ္းရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ ၃၀ ေက်ာ္ကိုေရာက္ရွိလို႔ေနပါၿပီ။ သူ႔ကိုေတာ့ လူ႐ႊင္ေတာ္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ အရင္ဆုံး သိရွိခဲ့ၾကတာျဖစ္ပါတယ္။ ပရိသတ္ေတြၾကားမွာ ေအာင္ျမင္ခဲ့တဲ့ သူ႔ရဲ႕ ဟာသေလးကေတာ့ ” ေသာက္မလား ကို႔ … ေရခဲေရ .. ေရခဲေရ” ဆိုတဲ့ သူ႔ရဲ႕ ပ်က္လုံးေလးဟာအခုခ်ိန္ထိ ပရိသတ္ေတြရဲ႕ ပါးစပ္ဖ်ားမွာ ေရပန္းစားတုန္းပါပဲ။ အဲဒီေနာက္မွာေတာ့ ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ကားႀကီးေတြမွာ ဟာသသ႐ုပ္ေဆာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္လာတာကို ေတြ႕ရပါတယ္။

Read in UNICODE

ငြိမ်းချမ်းကတော့ လူရွှင်တော် အလုပ် စလုပ်ကတည်းက ဦးမန်းဝင်းနဲ့ တွဲဖက်ပြီး ပြက်လုံးတွေ ပြက်ခဲ့ရတယ်လို့ ဆိုပါတယ်။ လူရွှင်တော်ကြီး ဦးမန်းဝင်းဟာ သူ့အတွက်တော့ ဒုတိယမြောက် ဆရာအရင်းတစ်ယောက် ဖြစ်တယ်လို့ ပြောပြလာပါတယ်။ “ ဦးငြိမ်းချမ်း စင်ပေါ်မှာ လူရွှင်တော် စလုပ်ပြီဆိုကတည်းက ဦးမန်းဝင်းနဲ့ ကခဲ့ရတာပါ။ ကိုယ့်အတွက်တော့ ဒုတိယမြောက် ဆရာအရင်းပေါ့။ သူ့ဘဝ

တစ်လျှောက်လုံးမှာ ဦးငြိမ်းချမ်းနဲ့ အတူတွဲပြီး ကရတာလောက် ဘယ်လူရွှင်တော်မှ စိတ်တိုင်းမကျဘူး။ ဒါပေမယ့် အဆင်ပြေအောင် သူ ကခဲ့တယ်။ ပြီးတော့ သူကိုယ်တိုင်က ဦးငြိမ်းချမ်းနဲ့ တွဲကရတာ စိတ်အချမ်းသာဆုံးနဲ့ အပျော်ဆုံးပါ။ ဘာကြောင့်လဲ ဆိုတော့ သူက ဘာကြိုက်တတ်တယ်၊ သူက ဘာပြက်လုံးပြက်ရင် ငါက ဘာလုပ်ပေးရမယ် ဆိုတာ ဦးငြိမ်းချမ်းက အကုန်သိတော့ တွေ့တိုင်းပြောတယ် မင်းနဲ့ ကရတာလောက် မကောင်းပါဘူးကွာ၊ ဒီကောင်တွေ မင်းကတာ မကြည့်ဖူးကြဘူးလား မသိဘူး၊ မမှတ်ထားကြဘူးလား

မသိဘူးဆိုပြီးတော့ ပြောတယ်” ဇူလိုင် (၁၃) ရက်နေ့က ဦးမန်းဝင်းရဲ့ အိမ်မှာ ဖြေဆိုခဲ့တာပါ။ ဖခင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရသလို ခံစားရတယ်လို့ ရင်ဖွင့်လာတဲ့ လူရွှင်တော် ငြိမ်းချမ်းကလည်း ဝမ်းနည်း ကြေကွဲနေရတာတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ “ ဦးမန်းဝင်းက သူက ဦးငြိမ်းချမ်းကို စတွေ့ကတည်းက သားလို့ပဲ အမြဲခေါ်ခဲ့တာ။ ဟေ့ကောင် ၊ မင်း ဒီလိုတွေ လုံးဝ မခေါ်ခဲ့ဖူးဘူး။ သူ့ကို ဘယ်အချိန်မှာပဲ တွေ့တွေ့၊ ဘယ်လိုပဲ

ကလေးဆိုးကြီးလို ဆိုးဆိုး ရယ်နေတာချည်းပဲ။ ဦးငြိမ်းချမ်းကိုလည်း တစ်ချက်လေး စိတ်ဆိုးသွားတာ၊ စိတ်ကောက်သွားတာ မရှိဘူး။ ကိုယ့်ကို တွေ့ရင်လည်း သူ့မှာ ပျော်နေတာ အဖေအရင်း တစ်ယောက်က သားသမီးအပေါ် ထားတဲ့ မေတ္တာမျိုးပါ။ ကိုယ့်အတွက်တော့ အဖေအရင်း တစ်ယောက် ဆုံးရှုံးလိုက်ရသလိုပါပဲ” လို့ သူက ဆိုပါတယ်။ ဟာသလူရွှင်တော်ကြီး သရုပ်ဆောင် မန်းဝင်းဟာ ဇူလိုင်(၁၃) ရက်နေ့ မနက် (၆) နာရီခွဲ အချိန်မှာ

ကွယ်လွန်သွားပြီဖြစ်တာကြောင့် မိသားစု နဲ့ထပ်တူ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတွေလည်း ဝမ်းနည်းကြေကွဲ ခဲ့ကြပါတယ်။ ဦးမန်းဝင်းရဲ့ ရုပ်ကလာပ်ကိုတော့ ဇူလိုင်(၁၅) ရက်နေ့ နေ့လယ် (၂) နာရီအချိန် ကျီစုသုဿာန်မှာ မီးသဂြိုဟ်သွားမှာဖြစ်ပါတယ်။ ဇူလိုင်(၁၉) ရက်နေ့ မနက် (၇) နာရီအချိန်မှာ ဦးမန်းဝင်းရဲ့ နေအိမ်မှာပဲ ရက်လည်ဆွမ်းသွပ် တရားနာအလှူပြုသွားမယ်လို့ သိရပါတယ်။ ဟာသသရုပ်ဆောင်တစ်ဦးလည်းဖြစ်၊

လူရွှင်တော် တစ်ယောက်လည်းဖြစ်တဲ့ ငြိမ်းချမ်းရဲ့ အနုပညာသက်တမ်းကတော့ နှစ် ၃၀ ကျော်ကိုရောက်ရှိလို့နေပါပြီ။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ အရင်ဆုံး သိရှိခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့တဲ့ သူ့ရဲ့ ဟာသလေးကတော့ ” သောက်မလား ကို့ … ရေခဲရေ .. ရေခဲရေ” ဆိုတဲ့ သူ့ရဲ့ ပျက်လုံးလေးဟာအခုချိန်ထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတုန်းပါပဲ။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *