သူမပံုကို တက္တူးအႀကီးႀကီးထိုးၿပီး အားေပးခဲ့တဲ့ ပရိသတ္တစ္ေယာက္ေၾကာင့္ ေပ်ာ္ေနတဲ့ ပိုပို

ကိုယ္ပိုင္အရည္အခ်င္းအျပည့္နဲ႔ ဂီတခရီးလမ္းကို ေလွ်ာက္လွမ္းလာခဲ့သူပိုပိုကေတာ့ အခုဆိုရင္ အားေပးသူပရိသတ္အခိုင္အမာနဲ႔ ရပ္တည္လာႏိုင္ခဲ့သူတစ္ေယာက္ပါ။ ပထမဆုံးထြက္ရွိခဲ့တဲ့ “ခ်စ္ဖူးသမွ်” ေတးစီးရီးမွာတင္ ပရိသတ္ေတြရဲ႕ တစ္ခဲနက္ဝန္းရံအားေပးမႈရရွိခဲ့သူဆိုရင္

လည္း မမွားပါဘူး။ တက္သစ္စေတြကို လက္တြဲေခၚယူတတ္တဲ့ မြန္ျမတ္တဲ့စိတ္ထားေလးကို ပိုင္ဆိုင္ထားတဲ့အျပင္ ပြင့္လင္း႐ိုးသားတဲ့စကားေျပာဟန္ေတြေၾကာင့္လည္း ပရိသတ္ေတြကေတာ့ ပိုပိုကို ပိုလို႔အခ်စ္ပိုေနရတာပါ။ ပိုပိုကေတာ့ ဒီေန႔မွာ သူ႔ရဲ႕ပရိသတ္ေတြထဲမွ

အရမ္းအားေပးၾကမ္းလြန္းတဲ့ပရိသတ္တစ္ေယာက္ကို ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ ” ဘယ္လိုေျပာရမလဲ? ခ်စ္သူေတြေတာင္ က်မပုံ မထိုးခဲ့ဘူး…. နာမည္လည္း မထိုးၾကဘူး… က်မ Fan က က်မပုံတူ Tattoo ထိုးတယ္… ေပ်ာ္တာေပါ့ေနာ္” ဆိုၿပီး အားေပးၾကမ္းလြန္းတဲ့

Fan ေလးရဲ႕ ပုံကို မွ်ေဝခဲ့ပါတယ္။ ကိုယ္ပိုင္ဆိုင္တဲ့ကိုယ့္ရဲ႕ အေရျပားမွာ ကိုယ္ခ်စ္ရတဲ့သူေတြကို ေသရာပါတက္တူးထိုးၿပီး ေဖာ္ျပၾကတာေတာ့ ဟိုးအရင္ကတည္းက ေခတ္စားခဲ့တဲ့အရာတစ္ခုလို႔ ဆိုရမွာပါ။ ပိုပိုကေတာ့

ထားခဲ့ဖူးတဲ့ခ်စ္သူေတြေတာင္ ပုံတူမေျပာနဲ႔ နာမည္ေတာင္မထိုးခဲ့ၾကေပမယ့္ ခ်စ္ဖို႔ေကာင္းလြန္းတဲ့ ပရိသတ္တစ္ေယာက္ကေတာ့ သူ႔ပုံတူေလး တက္တူးထိုးခဲ့တာမို႔ ဝမ္းသာဂုဏ္ယူစြာနဲ႔ မွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္ပရိသတ္ႀကီးေရ…

Read in UNICODE

ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ ဂီတခရီးလမ်းကို လျှောက်လှမ်းလာခဲ့သူပိုပိုကတော့ အခုဆိုရင် အားပေးသူပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာနိုင်ခဲ့သူတစ်ယောက်ပါ။ ပထမဆုံးထွက်ရှိခဲ့တဲ့ “ချစ်ဖူးသမျှ” တေးစီးရီးမှာတင် ပရိသတ်တွေရဲ့ တစ်ခဲနက်ဝန်းရံအားပေးမှုရရှိခဲ့သူဆိုရင်

လည်း မမှားပါဘူး။ တက်သစ်စတွေကို လက်တွဲခေါ်ယူတတ်တဲ့ မွန်မြတ်တဲ့စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ပွင့်လင်းရိုးသားတဲ့စကားပြောဟန်တွေကြောင့်လည်း ပရိသတ်တွေကတော့ ပိုပိုကို ပိုလို့အချစ်ပိုနေရတာပါ။ ပိုပိုကတော့ ဒီနေ့မှာ သူ့ရဲ့ပရိသတ်တွေထဲမှ

အရမ်းအားပေးကြမ်းလွန်းတဲ့ပရိသတ်တစ်ယောက်ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ” ဘယ်လိုပြောရမလဲ? ချစ်သူတွေတောင် ကျမပုံ မထိုးခဲ့ဘူး…. နာမည်လည်း မထိုးကြဘူး… ကျမ Fan က ကျမပုံတူ Tattoo ထိုးတယ်… ပျော်တာပေါ့နော်” ဆိုပြီး အားပေးကြမ်းလွန်းတဲ့

Fan လေးရဲ့ ပုံကို မျှဝေခဲ့ပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ကိုယ့်ရဲ့ အရေပြားမှာ ကိုယ်ချစ်ရတဲ့သူတွေကို သေရာပါတက်တူးထိုးပြီး ဖော်ပြကြတာတော့ ဟိုးအရင်ကတည်းက ခေတ်စားခဲ့တဲ့အရာတစ်ခုလို့ ဆိုရမှာပါ။ ပိုပိုကတော့

ထားခဲ့ဖူးတဲ့ချစ်သူတွေတောင် ပုံတူမပြောနဲ့ နာမည်တောင်မထိုးခဲ့ကြပေမယ့် ချစ်ဖို့ကောင်းလွန်းတဲ့ ပရိသတ်တစ်ယောက်ကတော့ သူ့ပုံတူလေး တက်တူးထိုးခဲ့တာမို့ ဝမ်းသာဂုဏ်ယူစွာနဲ့ မျှဝေခဲ့တာပဲ ဖြစ်ပါတယ်ပရိသတ်ကြီးရေ…

Source : ဝတ္ရည္မိုး | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *