မင္းသားႀကီး ဦးေက်ာ္ဟိန္းရဲ႕ ေမြးေန႔မွာ သံဃာေတာ္ေတြကို ဝါဆိုသကၤန္းဆပ္ကပ္ လွဴဒါန္းခဲ့တဲ့ သားညီ

ဇူလိုင္လ(၁၁) ရက္ေန႔က ရဟန္းဘဝနဲ႔ တရားအားထုတ္ေနတဲ့ ႏိုင္ငံေက်ာ္မင္းသားႀကီးေက်ာ္ဟိန္း ပ်ံလြန္မူခဲ့တဲ့သတင္းေၾကာင့္ ပရိသတ္ေတြမ်ားစြာစိတ္မေကာင္းျဖစ္ခဲ့ရမွာပါ။ ဦးဇင္းကိတၳိသာရကေတာ့ သက္ေတာ္(၇၃) ႏွစ္မွာပဲ ပ်ံလြန္ေတာ္မူခဲ့တာျဖစ္ၿပီး ဒီေန႔ ဇူလိုင္လ(၁၄)

ရက္ေန႔ကေတာ့ ဦးဇင္းသာရွိဦးမယ္ဆိုရင္ (၇၃) ႏွစ္ျပည့္ေမြးေန႔ေလး ျဖစ္မွာပါ။ေမြးေန႔မေရာက္ခင္ သုံးရက္အလိုမွာ ကြယ္လြန္သြားခဲ့တဲ့ ဦးဇင္းရဲ႕ဒီေန႔ေမြးေန႔ေလးမွာေတာ့ တူျဖစ္သူ သားညီနဲ႔ ေဆြမ်ိဳးမိသဂၤဟမ်ားက ဝါဆိုသကၤန္းကပ္အလႉေလးျပဳလုပ္ေပးခဲ့ေၾကာင္း

သားညီရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ မွ်ေဝခဲ့ပါတယ္။ ” July 14 ဦးဇင္းႀကီးေမြးေန႔ မွာ က်န္ရစ္သူ ညီ အစ္ကို ေမာင္ႏွမမ်ားနဲ႔ တူ တူမမ်ားက သံဃာေတာ္မ်ားကို အာ႐ုဏ္ဆြမ္း ကပ္လႉပူေဇာ္ပါတယ္ … ျပဳသမွ် ကုသိုလ္အေပါင္းကို အမွ်ေပးေဝပါတယ္ ခင္ဗ်ာ ”

ဆိုၿပီး ဦးဇင္းကိတၳသာရအတြက္ လုပ္ေပးခဲ့တဲ့အလႉေလးကို မွ်ေဝခဲ့ပါတယ္ ပရိသတ္ႀကီးေရ… သ႐ုပ္ေဆာင္၊အဆိုေတာ္၊ဒါ႐ိုက္တာ ဘက္ေပါင္းစုံမွာထူးခြၽန္ခဲ့တဲ့ သဘာဝမင္းသားႀကီးဦးေက်ာ္ဟိန္းကေတာ့ (၂၀၀၈) ခုႏွစ္ကစၿပီး ေလာကီခ်မ္းသာအကုန္လုံးကို

စြန္႔လႊတ္ကာ တရားရွာခဲ့သူမို႔ ေကာင္းရာမြန္ရာေရာက္မွာ အမွန္ပါပဲ။ ဦးဇင္းႀကီးကိတၳသာရရဲ႕ေမြးေန႔မွာ သူ႔အတြက္ရည္စူးၿပီး ဝါဆိုသကၤန္းကပ္ေပးခဲ့ၾကတဲ့ သားညီတို႔ရဲ႕ အလႉအက်ိဳးကိုလည္း ရၿပီး ေကာင္းရာမြန္ရာေရာက္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

ဇူလိုင်လ(၁၁) ရက်နေ့က ရဟန်းဘဝနဲ့ တရားအားထုတ်နေတဲ့ နိုင်ငံကျော်မင်းသားကြီးကျော်ဟိန်း ပျံလွန်မူခဲ့တဲ့သတင်းကြောင့် ပရိသတ်တွေများစွာစိတ်မကောင်းဖြစ်ခဲ့ရမှာပါ။ ဦးဇင်းကိတ္ထိသာရကတော့ သက်တော်(၇၃) နှစ်မှာပဲ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး ဒီနေ့ ဇူလိုင်လ(၁၄)

ရက်နေ့ကတော့ ဦးဇင်းသာရှိဦးမယ်ဆိုရင် (၇၃) နှစ်ပြည့်မွေးနေ့လေး ဖြစ်မှာပါ။မွေးနေ့မရောက်ခင် သုံးရက်အလိုမှာ ကွယ်လွန်သွားခဲ့တဲ့ ဦးဇင်းရဲ့ဒီနေ့မွေးနေ့လေးမှာတော့ တူဖြစ်သူ သားညီနဲ့ ဆွေမျိုးမိသင်္ဂဟများက ဝါဆိုသင်္ကန်းကပ်အလှူလေးပြုလုပ်ပေးခဲ့ကြောင်း

သားညီရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ မျှဝေခဲ့ပါတယ်။ ” July 14 ဦးဇင်းကြီးမွေးနေ့ မှာ ကျန်ရစ်သူ ညီ အစ်ကို မောင်နှမများနဲ့ တူ တူမများက သံဃာတော်များကို အာရုဏ်ဆွမ်း ကပ်လှူပူဇော်ပါတယ် … ပြုသမျှ ကုသိုလ်အပေါင်းကို အမျှပေးဝေပါတယ် ခင်ဗျာ ”

ဆိုပြီး ဦးဇင်းကိတ္ထသာရအတွက် လုပ်ပေးခဲ့တဲ့အလှူလေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ… သရုပ်ဆောင်၊အဆိုတော်၊ဒါရိုက်တာ ဘက်ပေါင်းစုံမှာထူးချွန်ခဲ့တဲ့ သဘာဝမင်းသားကြီးဦးကျော်ဟိန်းကတော့ (၂၀၀၈) ခုနှစ်ကစပြီး လောကီချမ်းသာအကုန်လုံးကို

စွန့်လွှတ်ကာ တရားရှာခဲ့သူမို့ ကောင်းရာမွန်ရာရောက်မှာ အမှန်ပါပဲ။ ဦးဇင်းကြီးကိတ္ထသာရရဲ့မွေးနေ့မှာ သူ့အတွက်ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်ပေးခဲ့ကြတဲ့ သားညီတို့ရဲ့ အလှူအကျိုးကိုလည်း ရပြီး ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Thar Nyi | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *