နောက်ဆုံးပေါ် ဈေးကြီးပေးရတဲ့ မိုးတွင်းစီးဖိနပ် လက်ဆောင်ပေးခဲ့တဲ့ ဇနီးဖြစ်သူကို ချစ်မဝဖြစ်နေတဲ့ ရွှေထူး
Read in UNICODE
ရွှေထူးနဲ့ ချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့တစ်ဦးကိုတစ်ဦး နက်နက်ရှိုင်းရှိုင်း ချစ်မိသွားခဲ့ကြတာမို့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို အတူပုံဖော်နေကြတာပါ။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သူတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နတ်ဖက်တဲ့စုံတွဲလေးလို
လိုက်ဖက်လွန်းတဲ့ ရွှေနှစ်ရွှေရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၁) ရက်နေ့ကတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံရဲ့ Anniversary နေ့လေးပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့က Anniversary နေ့လေးမှာ ညစာအတူသွားစားရင်း တစ်ယောက်နဲ့တစ်ယောက် အမှတ်တရလက်ဆောင်တွေပေးကာ အထိမ်းအမှတ်နေ့လေးကို ဖြတ်သန်းခဲ့ပါတယ်။ ဒီနေ့မှာတော့
ရွှေထူးက ဇနီးလေးရွှေမှုံရတီပေးတဲ့လက်ဆောင်တွေကို ပရိသတ်တွေဆီ ပြသထားပါတယ်။ ရွှေထူးကတော့ ဇနီးလေးရွှေမှုံရတီဆီက နောက်ဆုံးပေါ် 2020 ဒီဇိုင်း OFF-WHITE FLIP FLOPS တစ်ရံနဲ့ လည်ဆွဲတစ်ခုကို လက်ဆောင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ ရွှေထူးရဲ့ အကြိုက်တွေအားလုံးကိုသိပြီး အကောင်းဆုံးကိုပဲ ပေးချင်တဲ့ ဆန္ဒလေးကိုတွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီကတော့
တစ်ယောက်ရဲ့ လိုအပ်ချက်တွေ တစ်ယောက် ဖြည့်စည်းပေးရင်း သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ထောင်ထားကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေနှစ်ရွှေကိုကြည့်ပြီး အိမ်ထောင်ပြုချင်စိတ်တွေဖြစ်ပြီး အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Htoo Khant’s Facebook
Add a Comment
Your email address will not be published. Required fields are marked *