ဦးကျော်ဟိန်း ကွယ်လွန်သွားရတဲ့ အကြောင်းအရင်းအမှန်ကို ပြောပြခဲ့တဲ့ ဦးကျော်သူ
Read in UNICODE
အနုပညာအလုပ်တွေ မလုပ်တော့ထိတိုင်အောင် ပရိသတ်တွေရဲ့ရင်ထဲ ယနေ့အချိန်ထိ နက်နက်ရှိုင်းရှိုင်းနေရာယူထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်နှစ်ဦးကတော့ ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့ကြတဲ့ ဦးကျော်ဟိန်းနဲ့ ဒွေးတို့ တူဝရီးနှစ်ယောက်ပဲ ဖြစ်ပါတယ်နော်..။ အခုအချိန်မှာ
နှစ်ယောက်လုံး သက်ရှိထင်ရှား မရှိကြတော့ပေမယ့် ပရိသတ်တွေရဲ့ရင်ထဲ ဆယ်စုနှစ်တွေများစွာတိုင်အောင် ရှိနေကြဦးမယ့် ဦးကျော်ဟိန်းနဲ့ ဒွေးတို့ရဲ့ ဇာတ်ကားတွေကလည်း မရိုးနိုင်အောင် အမှတ်တရလေးတွေအဖြစ် ကျန်ရှိနေကြဦးမှာပေါနော်..။ပြီးခဲ့တဲ့ ဇူလိုင်လ(၁၁)ရက်နေ့ကမှ
ဆုံးပါးကွယ်လွန်သွားတဲ့ ဦးကျော်ဟိန်းအတွက် ပြည်သူပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်ကြရသလို ဦးကျော်သူကလည်း စိတ်မကောင်းဖြစ်တဲ့ အကြောင်းလေးနဲ့ အမှတ်တရလေးတွေကို ပြောပြလာပါတယ်..။ ဦးကျော်ဟိန်းကွယ်လွန်သွားတဲ့ အကြောင်းအရင်းအမှန်ကို
ပြောပြရင်း မူးယစ်ဆေးကြောင့် သေလုနီးပါးဖြစ်ခဲ့တဲ့ သူ့ကို အသက်ကယ်ဖူးခဲ့တဲ့ ဒွေးနဲ့ အမှတ်တရလေေးတွ အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်..။ ဦးကျော်ဟိန်းဟာ နှလုံးခွဲစိတ်မှုပြုလုပ်ခဲ့တဲ့ အချိန်မှာပဲ အဆုတ်က ဒဏ်ရာဒဏ်ချက်တွေရှိနေတာကို
သိခဲ့ရပြီး အခုလို မဆုံးခင်ကလည်း အဆုတ်က ဇကာပေါက်လိုဖြစ်နေကာ လှဲအိပ်လို့လည်း မရသလိုဘဲ ဒရင်းဘတ်နဲ့ပဲ ထိုင်ထိုင်နေခဲ့ပြီး အဆုတ်ရောဂါနဲ့ပဲ ကွယ်လွန်ဆုံးပါးသွားတာဖြစ်တဲ့ အကြောင်းလေးကို ပြောပြထားတာပါ..။ဒွေးနဲ့အတူ ချောင်းသာမှာ ရုပ်ရှင်ရိုက်ခဲ့တုန်းကလည်း
ညနေဘက် အရက်နဲ့ မူးယစ်ဆေးနှစ်ပင်လိမ်ပြီး တစ်ကိုယ်လုံးပြာနှမ်းကာ ရှော့ဖြစ်ပြီး သတိလစ်နေတဲ့အချိန်မှာ အသက်ကယ်ဆေးကို မရရအောင် ရှာပြီး အသက်ကယ်တင်ပေးခဲ့တဲ့ ဒွေးနဲ့ အမှတ်တရလေးတွေကို ပြောပြထားတဲ့ ဦးကျော်သူ့ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။
Source : Zwe Naing Win & Thar Nyi’s Facebook | Reference & Credit : Myanamrload