လက္ဦးဆရာတစ္ေယာက္ျဖစ္တဲ့ ဦးေက်ာ္ဟိန္းနဲ႔ အမွတ္တရေတြ ေျပာျပခဲ့တဲ့ ယြန္းယြန္း

ယြန္းယြန္းက ကေလးသ႐ုပ္ေဆာင္ စလုပ္ကတည္းက ဦးေက်ာ္ဟိန္းနဲ႔ တြဲၿပီး ဇာတ္ကားေတြ ႐ိုက္ခဲ့ဖူးတဲ့ အမွတ္တရေတြ ရွိခဲ့ပါတယ္လို႔ ဆိုပါတယ္။ သူမ အတြက္ အႏုပညာအစမွာ ဆရာတစ္ဦး ျဖစ္ခဲ့ဖူးတယ္လို႔လည္း သူက ဆိုပါတယ္။ ” ဘဝမွာ ပထမဦးဆုံး ၃ႏွစ္ နဲ႔ ၄လအ႐ြယ္က ကေလးသ႐ုပ္ေဆာင္လုပ္ခဲ့တဲ့ ဇာတ္ကားမွာ ဦးေက်ာ္ဟိန္းသမီးအငယ္ဆုံးေလးအေနနဲ႔႐ိုက္ခဲ့ရတယ္။ ႏွစ္ကားဆက္တိုက္ ဦးေက်ာ္ဟိန္းနဲ႔ပဲ ။ On scene မွာ Acting သင္ေပးခဲ့တဲ့ လက္ဦးဆရာလို႔ေျပာလို႔ရပါတယ္။ ႀကီးလာမွမေတြ႕ျဖစ္ေတာ့ဘူး။ စိတ္မေကာင္းလိုက္တာ.. Rest In Peace ” ဆိုၿပီးေတာ့

ဇူလိုင္လ ၁၂ ရက္ေန႔ ညေန ၅ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ လက္ဦးဆရာတစ္ေယာက္ျဖစ္တဲ့ ဦးေက်ာ္ဟိန္းရဲ႕ သတင္းကို ၾကားၾကားခ်င္းမွာလည္း အရမ္းကို စိတ္မေကာင္းျဖစ္လို႔ေနပါတယ္။ ဦးေက်ာ္ဟိန္းဟာ အႏုပညာေလာကထဲက အႏုပညာရွင္တိုင္းရဲ႕ အားက်ရသူ တစ္ဦးျဖစ္သလို အားလုံးရဲ႕ ဆရာတစ္ဦးဆိုရင္လည္း မမွားပါဘူး။ ဒါေၾကာင့္ သူဆုံးပါးသြားခ်ိန္မွာ အႏုပညာသမားေတြ အားလုံး ဝမ္းနည္းေၾကကြဲလို႔ ေနၾကတာျဖစ္ၿပီး အဲ့ဒီအထဲမွာလည္း သ႐ုပ္ေဆာင္ ယြန္းယြန္းလည္း အပါအဝင္ျဖစ္ပါတယ္။းယြန္းဟာ ၂၀၀၆ ခုႏွစ္ကတည္းကစလို႔ အႏုပညာအလုပ္ေတြ စတင္လုပ္ေဆာင္ေနခဲ့ တာျဖစ္ပါတယ္။ သူမဟာ ကေလး သ႐ုပ္ေဆာင္

တစ္ေယာက္အျဖစ္ “တိမ္မင္းသမီးရဲ႕ ဒ႑ာရီ” ႐ုပ္ရွင္ဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ နဝရတ္ရဲ႕ ငယ္ဘဝ အျဖစ္ပါဝင္သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ဇာတ္ကားနဲ႔ပဲ သူမဟာ ပထမဆုံးအႀကိမ္ အေကာင္းဆုံး ကေလးသ႐ုပ္ေဆာင္ အကယ္ဒမီ ထူးခြၽန္ဆုကို ရရွိပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ သူမက ကေလးသ႐ုပ္ေဆာင္ အျဖစ္ ” ေစတန္ရဲ႕ ကေခ်သည္” ၊ ” ကြၽန္မက ႏွင္းဆီပါေမာင္” ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ အကယ္ဒမီ ဆန္ခါတင္စာရင္း ဝင္ခဲ့ဖူးပါတယ္။ ယြန္းယြန္းဟာ အသက္ ၃ ႏွစ္နဲ႔ ၄လ အ႐ြယ္ကေန အသက္ ၁၅ ႏွစ္ဝန္းက်င္အထိ ႐ုပ္ရွင္ဇာတ္ကားေပါင္း (၁၀၀) ေက်ာ္႐ိုက္ကူးခဲ့ရသူ

တစ္ေယာက္ပါ။ တီဗီေၾကာ္ျငာေတြ၊ ဗီဒီယို ဇာတ္ကားေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ ခဲ့ပါေသးတယ္။ ယြန္းယြန္းဟာ ၂၀၁၅ ခုႏွစ္က စလို႔ တကၠသိုလ္ဝင္တန္း တက္ေရာက္ေနရတဲ့ အခ်ိန္တုန္းက ပညာေရးအတြက္ အႏုပညာ အလုပ္ေတြ ခဏတာ ရပ္နားထားခဲ့တာကို ေတြ႕ရပါတယ္။ ၂၀၁၇ ခုႏွစ္မွာေတာ့ ” မေန႔က ျဖစ္သည္” ဆိုတဲ့ MRTV-4 ႐ုပ္သံ ဇာတ္လမ္းတြဲကေနတဆင့္ အႏုပညာအလုပ္ေတြ ျပန္လည္ လုပ္ကိုင္လာတာ ေတြ႕ရပါတယ္။ အဲဒီေနာက္ ၂၀၁၈ ခုႏွစ္မွာေတာ့ ျမဝတီ႐ုပ္သံလိုင္းက ထုတ္လႊင့္တဲ့ ” ေ႐ႊမင္းသမီးနဲ႔ လူလိမ္” ဆိုတဲ့ ႐ုပ္သံဇာတ္လမ္းတြဲထဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ ထားတာ ေတြ႕ရပါတယ္။ အခုခ်ိန္မွာေတာ့ ယြန္းယြန္းဟာ ေၾကာ္ျငာေတြ ဆက္တိုက္႐ိုက္ကူးေနရသူ ျဖစ္ပါတယ္။

Read in UNICODE

ယွန်းယွန်းက ကလေးသရုပ်ဆောင် စလုပ်ကတည်းက ဦးကျော်ဟိန်းနဲ့ တွဲပြီး ဇာတ်ကားတွေ ရိုက်ခဲ့ဖူးတဲ့ အမှတ်တရတွေ ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။ သူမ အတွက် အနုပညာအစမှာ ဆရာတစ်ဦး ဖြစ်ခဲ့ဖူးတယ်လို့လည်း သူက ဆိုပါတယ်။ ” ဘဝမှာ ပထမဦးဆုံး ၃နှစ် နဲ့ ၄လအရွယ်က ကလေးသရုပ်ဆောင်လုပ်ခဲ့တဲ့ ဇာတ်ကားမှာ ဦးကျော်ဟိန်းသမီးအငယ်ဆုံးလေးအနေနဲ့ရိုက်ခဲ့ရတယ်။ နှစ်ကားဆက်တိုက် ဦးကျော်ဟိန်းနဲ့ပဲ ။ On scene မှာ Acting သင်ပေးခဲ့တဲ့ လက်ဦးဆရာလို့ပြောလို့ရပါတယ်။ ကြီးလာမှမတွေ့ဖြစ်တော့ဘူး။ စိတ်မကောင်းလိုက်တာ.. Rest In Peace ” ဆိုပြီးတော့

ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ လက်ဦးဆရာတစ်ယောက်ဖြစ်တဲ့ ဦးကျော်ဟိန်းရဲ့ သတင်းကို ကြားကြားချင်းမှာလည်း အရမ်းကို စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဦးကျော်ဟိန်းဟာ အနုပညာလောကထဲက အနုပညာရှင်တိုင်းရဲ့ အားကျရသူ တစ်ဦးဖြစ်သလို အားလုံးရဲ့ ဆရာတစ်ဦးဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် သူဆုံးပါးသွားချိန်မှာ အနုပညာသမားတွေ အားလုံး ဝမ်းနည်းကြေကွဲလို့ နေကြတာဖြစ်ပြီး အဲ့ဒီအထဲမှာလည်း သရုပ်ဆောင် ယွန်းယွန်းလည်း အပါအဝင်ဖြစ်ပါတယ်။းယွန်းဟာ ၂၀၀၆ ခုနှစ်ကတည်းကစလို့ အနုပညာအလုပ်တွေ စတင်လုပ်ဆောင်နေခဲ့ တာဖြစ်ပါတယ်။ သူမဟာ ကလေး သရုပ်ဆောင်

တစ်ယောက်အဖြစ် “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် နဝရတ်ရဲ့ ငယ်ဘဝ အဖြစ်ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားနဲ့ပဲ သူမဟာ ပထမဆုံးအကြိမ် အကောင်းဆုံး ကလေးသရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆုကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ သူမက ကလေးသရုပ်ဆောင် အဖြစ် ” စေတန်ရဲ့ ကချေသည်” ၊ ” ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီ ဆန်ခါတင်စာရင်း ဝင်ခဲ့ဖူးပါတယ်။ ယွန်းယွန်းဟာ အသက် ၃ နှစ်နဲ့ ၄လ အရွယ်ကနေ အသက် ၁၅ နှစ်ဝန်းကျင်အထိ ရုပ်ရှင်ဇာတ်ကားပေါင်း (၁၀၀) ကျော်ရိုက်ကူးခဲ့ရသူ

တစ်ယောက်ပါ။ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင် ခဲ့ပါသေးတယ်။ ယွန်းယွန်းဟာ ၂၀၁၅ ခုနှစ်က စလို့ တက္ကသိုလ်ဝင်တန်း တက်ရောက်နေရတဲ့ အချိန်တုန်းက ပညာရေးအတွက် အနုပညာ အလုပ်တွေ ခဏတာ ရပ်နားထားခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ” မနေ့က ဖြစ်သည်” ဆိုတဲ့ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲကနေတဆင့် အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာတာ တွေ့ရပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှာတော့ မြဝတီရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ ” ရွှေမင်းသမီးနဲ့ လူလိမ်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်သရုပ်ဆောင် ထားတာ တွေ့ရပါတယ်။ အခုချိန်မှာတော့ ယွန်းယွန်းဟာ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးနေရသူ ဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *