မတရားမႈေတြၾကားမွာ စိတ္ဓာတ္ေတြလဲက်ေနၿပီလို႔ ယေန႔ရံုးခ်ိန္းမွာ ရင္ဖြင့္ခဲ့တဲ့ မင္းရာဇာ

အိမ္အကူ မိန္းကေလးအား ညႇင္းပန္းႏွိပ္စက္မႈ၊ မုဒိန္းမႈေတြေၾကာင့္ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာကို ဒီေန႔ ဇူလိုင္(၁၃) ရက္က ေျမာက္ဥကၠလာ တရား႐ုံးမွာ ႐ုံးထုတ္ခဲ့ပါတယ္။ မင္းရာဇာက ႐ုံးခ်ိန္းကို တက္ေရာက္လာရင္းနဲ႔ မတရားမႈေတြ ၾကားမွာ အမွန္တရားဆိုတာ ဘာလဲ မသိေတာ့ေအာင္ စိတ္ဓာတ္က်ေနၿပီလို႔ မီဒီယာေတြကို ေျပာျပခဲ့ပါတယ္။ “ မတရားမႈေတြ ၾကားမွာ အားမရွိေတာ့ပါဘူးဗ်ာ။ စိတ္ဓာတ္လည္း က်တယ္။ တရား႐ုံးေတြ၊ အမႈစစ္ေတြ၊ ရဲ အရာရွိေတြထက္ ပိုၿပီးေတာ့ အရာအားလုံးကို သိေနတဲ့လူေတြ ေျပာေနတဲ့အရာေတြ၊ ကြၽန္ေတာ့္ကို ကူညီခ်င္တဲ့လူေတြ ဘယ္သူမွ မရွိေတာ့ေလာက္ေအာင္

ဂ်ာနယ္ေတြမွာ ေျပာေနတာေတြက တလြဲစီ ျဖစ္ေနတယ္ ခင္ဗ်ာ။ ကြၽန္ေတာ့္မွာ ေျပာဖို႔ေတာင္ အားမရွိေတာ့ပါဘူး။ အမွန္တရားဆိုတာ ဘာလဲ ကြၽန္ေတာ္ မသိေတာ့ပါဘူး။ ေျပာခ်င္တာက အခု အျပင္မွာ ျဖစ္ေနတာေတြက အကုန္ဆန႔္က်င္ဘက္ေတြလို႔ ကြၽန္ေတာ္ ေျပာခ်င္ပါတယ္” လို႔ ဆိုပါတယ္။ မင္းရာဇာဟာ ဇနီးေမာင္ႏွံ ႏွစ္ေယာက္စလုံး အမႈရင္ဆိုင္ေနရတဲ့ အခ်ိန္မွာ အျပင္မွာ က်န္ခဲ့တဲ့ သမီးနဲ႔ သားအတြက္ စိတ္မေကာင္းျဖစ္ရတာေတြကိုလည္း ရင္ဖြင့္လာပါတယ္။ တရားလို မိန္းကေလး ဘက္ကို ယုတ္မာခဲ့ျခင္း မရွိဘူးလို႔လည္း တရား႐ုံး ႐ုံးခ်ိန္းကို တက္ေရာက္ရင္း ဆက္လက္ေျပာခဲ့ပါတယ္။ “ ကြၽန္ေတာ့္ သားသမီးေတြလည္း

အေဖ၊ အေမ မဲ့ေနပါၿပီ။ လင္မယား ႏွစ္ေယာက္စလုံး အခုလို ျဖစ္ေနတဲ့ အတြက္ ကေလးေတြလည္း အရမ္းကို ဒုကၡေရာက္ေနၾကပါၿပီ။ သမီးေလးဆိုလည္း ေက်ာင္းတက္ရေတာ့မယ္၊ သားေလးဆိုလည္း ေနမေကာင္းဘူး။ ကြၽန္ေတာ့္ မိန္းမဆိုလည္း အခု ကိုယ္ဝန္ (၅) လထဲ ေရာက္ေနၿပီ။ ေသခ်ာတာ တစ္ခုကေတာ့ ကြၽန္ေတာ္တို႔ မိသားစုဟာ သူတို႔အေပၚ အဲဒီေလာက္အထိ မယုတ္မာခဲ့ပါဘူး။ ဒီေလာက္အထိလည္း ေအာက္တန္း မက်ပါဘူး” လို႔ သူက ေျပာပါတယ္။ မင္းရာဇာရဲ႕ အမႈအေျခအေနကေတာ့ တရားလိုဘက္က သက္ေသခံ အျဖစ္ မင္းရာဇာတို႔ ဇနီးေမာင္ႏွံေျပာထားတဲ့ အသံဖိုင္ေတြကို တင္သြင္းခဲ့တယ္လို႔ ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က

ဆိုပါတယ္။ အဲဒီေနာက္ ႐ုံးခ်ိန္းေတြမွာ မင္းရာဇာ ထြက္ဆိုလာတဲ့ စကားလုံးတိုင္းကို သက္ေသအျဖစ္ မွတ္ခ်က္ယူထားတယ္လို႔ ဇူလိုင္ (၁၀) ရက္ေန႔က ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ တရား႐ုံးမွာ ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က မီဒီယာေတြကို ေျဖဆိုခဲ့တာပါ။ အိမ္အကူအမ်ိဳးသမီးငယ္အား ညႇင္းပန္းႏွိပ္စက္မႈနဲ႔ သ႐ုပ္ေဆာင္မင္းရာဇာ အပါအဝင္ ၄ ဦးကို ေမ ၇ ရက္ေန႔က ေျမာက္ဥကၠလာပၿမိဳ႕နယ္တရား႐ုံမွာ ပထမဆုံးအႀကိမ္ ႐ုံးထုတ္ခဲ့တာျဖစ္ၿပီး မင္းရာဇာရဲ႕ ေယာကၡထီးျဖစ္သူအၿငိမ္းစား ရဲဝန္ထမ္း ဦးေမာင္ေမာင္ေအးက တရား႐ုံးမွာ ေငြက်ပ္ ၁၀ သိန္းျဖင့္ အာမခံရရွိခဲ့ပါတယ္။ မင္းရာဇာနဲ႔ အေပါင္းအပါ (၃)ဦးကို အိမ္အကူမိန္းကေလးအား အက္စစ္နဲ႔ပက္မႈျဖင့္ မိန္းကေလးရဲ႕ မိခင္က ေ႐ႊေပါက္ကံ ရဲစခန္းမွာ (ပ)အမွတ္ ၅၀၅၊ ပုဒ္မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို႔ျဖင့္ အမႈဖြင့္အေရးယူခဲ့တာျဖစ္ပါတယ္။

Read in UNICODE

အိမ်အကူ မိန်းကလေးအား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုတွေကြောင့် တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာကို ဒီနေ့ ဇူလိုင်(၁၃) ရက်က မြောက်ဥက္ကလာ တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ မင်းရာဇာက ရုံးချိန်းကို တက်ရောက်လာရင်းနဲ့ မတရားမှုတွေ ကြားမှာ အမှန်တရားဆိုတာ ဘာလဲ မသိတော့အောင် စိတ်ဓာတ်ကျနေပြီလို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။ “ မတရားမှုတွေ ကြားမှာ အားမရှိတော့ပါဘူးဗျာ။ စိတ်ဓာတ်လည်း ကျတယ်။ တရားရုံးတွေ၊ အမှုစစ်တွေ၊ ရဲ အရာရှိတွေထက် ပိုပြီးတော့ အရာအားလုံးကို သိနေတဲ့လူတွေ ပြောနေတဲ့အရာတွေ၊ ကျွန်တော့်ကို ကူညီချင်တဲ့လူတွေ ဘယ်သူမှ မရှိတော့လောက်အောင်

ဂျာနယ်တွေမှာ ပြောနေတာတွေက တလွဲစီ ဖြစ်နေတယ် ခင်ဗျာ။ ကျွန်တော့်မှာ ပြောဖို့တောင် အားမရှိတော့ပါဘူး။ အမှန်တရားဆိုတာ ဘာလဲ ကျွန်တော် မသိတော့ပါဘူး။ ပြောချင်တာက အခု အပြင်မှာ ဖြစ်နေတာတွေက အကုန်ဆန့်ကျင်ဘက်တွေလို့ ကျွန်တော် ပြောချင်ပါတယ်” လို့ ဆိုပါတယ်။ မင်းရာဇာဟာ ဇနီးမောင်နှံ နှစ်ယောက်စလုံး အမှုရင်ဆိုင်နေရတဲ့ အချိန်မှာ အပြင်မှာ ကျန်ခဲ့တဲ့ သမီးနဲ့ သားအတွက် စိတ်မကောင်းဖြစ်ရတာတွေကိုလည်း ရင်ဖွင့်လာပါတယ်။ တရားလို မိန်းကလေး ဘက်ကို ယုတ်မာခဲ့ခြင်း မရှိဘူးလို့လည်း တရားရုံး ရုံးချိန်းကို တက်ရောက်ရင်း ဆက်လက်ပြောခဲ့ပါတယ်။ “ ကျွန်တော့် သားသမီးတွေလည်း

အဖေ၊ အမေ မဲ့နေပါပြီ။ လင်မယား နှစ်ယောက်စလုံး အခုလို ဖြစ်နေတဲ့ အတွက် ကလေးတွေလည်း အရမ်းကို ဒုက္ခရောက်နေကြပါပြီ။ သမီးလေးဆိုလည်း ကျောင်းတက်ရတော့မယ်၊ သားလေးဆိုလည်း နေမကောင်းဘူး။ ကျွန်တော့် မိန်းမဆိုလည်း အခု ကိုယ်ဝန် (၅) လထဲ ရောက်နေပြီ။ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ မိသားစုဟာ သူတို့အပေါ် အဲဒီလောက်အထိ မယုတ်မာခဲ့ပါဘူး။ ဒီလောက်အထိလည်း အောက်တန်း မကျပါဘူး” လို့ သူက ပြောပါတယ်။ မင်းရာဇာရဲ့ အမှုအခြေအနေကတော့ တရားလိုဘက်က သက်သေခံ အဖြစ် မင်းရာဇာတို့ ဇနီးမောင်နှံပြောထားတဲ့ အသံဖိုင်တွေကို တင်သွင်းခဲ့တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က

ဆိုပါတယ်။ အဲဒီနောက် ရုံးချိန်းတွေမှာ မင်းရာဇာ ထွက်ဆိုလာတဲ့ စကားလုံးတိုင်းကို သက်သေအဖြစ် မှတ်ချက်ယူထားတယ်လို့ ဇူလိုင် (၁၀) ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ရှေ့နေ ဦးရောဘတ်စန်းအောင်က မီဒီယာတွေကို ဖြေဆိုခဲ့တာပါ။ အိမ်အကူအမျိုးသမီးငယ်အား ညှင်းပန်းနှိပ်စက်မှုနဲ့ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၄ ဦးကို မေ ၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တရားရုံမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူအငြိမ်းစား ရဲဝန်ထမ်း ဦးမောင်မောင်အေးက တရားရုံးမှာ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရရှိခဲ့ပါတယ်။ မင်းရာဇာနဲ့ အပေါင်းအပါ (၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *