ရန္ကုန္ၿမိဳ႕ အနီးတဝိုက္မွာရွိတဲ့ ဆင္းရဲႏြမ္းပါးတဲ့ သက္ႀကီးရြယ္အိုေတြအတြက္ တစ္လတခါ အလွဴလုပ္ေပးသြားမယ္ဆိုတဲ့ ေနေဒြး

မင္းသားေခ်ာ ေနေဒြးကေတာ့ လတ္တေလာမွာ အသက္ႀကီး႐ြယ္အိုေတြအတြက္ အလႉေလးျပဳလုပ္သြားဖို႔ စီစဥ္ေနတဲ့ အေၾကာင္းကို သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေဖာ္ျပလာခဲ့ပါတယ္။ ေနေဒြးကေတာ့ အၿမဲတမ္းလိုလို လိုအပ္တဲ့ေနရာေတြမွာ လိုက္လံလႉဒါန္းမႈေတြ

ျပဳလုပ္ေနတဲ့ သူတစ္ေယာက္ပါ။ အခုတစ္ေခါက္မွာလည္း ေနေဒြးက ရန္ကုန္ၿမိဳ႕အနီးတဝိုက္မွာရွိတဲ့ သားသမီးေက်ာေထာက္ေနာက္ခံမရွိတဲ့ အဖိုးအဖြား ေတြအတြက္ကို တတ္ႏိုင္သေလာက္ တစ္လတစ္ခါ လစဥ္ေထာက္ပံ့မႈေတြျပဳလုပ္ေပးသြားဖို႔ အစီအစဥ္ရွိတဲ့

အေၾကာင္း သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ေဖာ္ျပထားၿပီး တကယ္အကူအညီလိုအပ္ေနတဲ့ အဖိုးအဖြားေတြဆက္သြယ္ေပးဖို႔ ေတာင္းဆိုထားပါေသးတယ္။ ပရိသတ္ႀကီးေရ ေနေဒြးရဲ႕ အဖိုးအဖြားေတြကို တစ္လတစ္ခါ တတ္ႏိုင္သေလာက္

ေထာက္ပံ့ကူညီမႈေတြ ျပဳလုပ္ေပးသြားမယ့္ စိတ္ဓာတ္ေလးကေတာ့ တကယ္ကို ခ်ီးက်ဴးထိုက္တဲ့ စိတ္ထားေလးပါပဲ။ ပရိသတ္ေတြရဲ႕ ပတ္ဝန္းက်င္မွာ သားသမီးေက်ာ္ေထာက္ေနာက္ခံမရွိတဲ့ ခ်ိဳ႕တဲ့တဲ့ အဖိုးအဖြားေတြရွိရင္ ေနေဒြးကို ဆက္သြယ္ေပးလိုက္ၾကပါဦးေနာ္။

Read in UNICODE

မင်းသားချော နေဒွေးကတော့ လတ်တလောမှာ အသက်ကြီးရွယ်အိုတွေအတွက် အလှူလေးပြုလုပ်သွားဖို့ စီစဉ်နေတဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။ နေဒွေးကတော့ အမြဲတမ်းလိုလို လိုအပ်တဲ့နေရာတွေမှာ လိုက်လံလှူဒါန်းမှုတွေ

ပြုလုပ်နေတဲ့ သူတစ်ယောက်ပါ။ အခုတစ်ခေါက်မှာလည်း နေဒွေးက ရန်ကုန်မြို့အနီးတဝိုက်မှာရှိတဲ့ သားသမီးကျောထောက်နောက်ခံမရှိတဲ့ အဖိုးအဖွား တွေအတွက်ကို တတ်နိုင်သလောက် တစ်လတစ်ခါ လစဉ်ထောက်ပံ့မှုတွေပြုလုပ်ပေးသွားဖို့ အစီအစဉ်ရှိတဲ့

အကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားပြီး တကယ်အကူအညီလိုအပ်နေတဲ့ အဖိုးအဖွားတွေဆက်သွယ်ပေးဖို့ တောင်းဆိုထားပါသေးတယ်။ ပရိသတ်ကြီးရေ နေဒွေးရဲ့ အဖိုးအဖွားတွေကို တစ်လတစ်ခါ တတ်နိုင်သလောက်

ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ပေးသွားမယ့် စိတ်ဓာတ်လေးကတော့ တကယ်ကို ချီးကျူးထိုက်တဲ့ စိတ်ထားလေးပါပဲ။ ပရိသတ်တွေရဲ့ ပတ်ဝန်းကျင်မှာ သားသမီးကျော်ထောက်နောက်ခံမရှိတဲ့ ချို့တဲ့တဲ့ အဖိုးအဖွားတွေရှိရင် နေဒွေးကို ဆက်သွယ်ပေးလိုက်ကြပါဦးနော်။

Source : Nay Dway’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *