ေမသန္းႏု နဲ႔အတူ စိန္အေရာင္းအဝယ္ေတြလုပ္တုန္းက တစ္လကို သိန္း(၁၀၀၀)ဖိုးေလာက္ေရာင္းခဲ့ရေၾကာင္း ေျပာျပခဲ့တဲ့ စု႐ွိဳင္း

အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြအခိုင္အမာနဲ႔ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ရရွိထားတဲ့ ဝါရင့္သ႐ုပ္ေဆာင္ အကယ္ဒမီမင္းသမီးေခ်ာ ေမသန္းႏုျပန္လည္လြတ္ေျမာက္လာလို႔ အႏုပညာရွင္ေတြနဲ႔ ပရိသတ္ေတြကလည္း ဝမ္းသာေနၾကပါတယ္ေနာ္..။ေငြေၾကးလိမ္လည္မႈနဲ႔ တရားစြဲဆို အျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့ မဆင့္ကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းကမွ မိသားစုနဲ႔ ပရိသတ္ေတြဆီ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး သူမျပန္လည္လြတ္ေျမာက္လာတဲ့

အတြက္လည္း အားလုံးက ေပ်ာ္ေနၾကသလို သ႐ုပ္ေဆာင္စုရႈိင္းကလည္း မဆင့္အတြက္ ေပ်ာ္ေနတဲ့အေၾကာင္း ေျပာျပလာပါတယ္ေနာ္..။ မဆင့္နဲ႔ သူမနဲ႔ေတာ့ ႏွစ္အေတာ္ၾကာ ခင္လာၿပီး အရင္ကတည္းက စိန္အေရာင္းအဝယ္အတူလုပ္ကာ စီးပြားေရးေတြ အတူလုပ္ခဲ့တဲ့ အမွတ္တရေလးေတြကိုလည္း ေျပာျပလာၿပီး လတ္တေလာ မဆင့္ႀကဳံေတြ႕ေနရတဲ့ အမႈကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေျပာျပလာပါတယ္ေနာ္..။ “ညီအစ္မအရင္းေခါက္ေခါက္လိုပဲ

ခင္ၿပီး အဲ့လိုျဖစ္သြားေတာ့ စိတ္မေကာင္းဘူး အခုလို ေမွ်ာ္ေနတဲ့အခ်ိန္မွာပဲ အျပင္ကို ျပန္ေရာက္လာေတာ့ အရမ္းဝမ္းသာပါတယ္ စိန္အေရာင္းအဝယ္လုပ္တုန္းက တစ္လကို သိန္းတစ္ေထာင္ဖိုးေလာက္ ေရာင္းရတယ္ဆိုေတာ့ အခုအခ်ိန္မွာ အမွတ္တရေတြေပါ့ ရန္ကုန္ေရာက္လာေတာ့ မလုပ္ျဖစ္ၾကေတာ့ဘူး ဒါေပမယ့္ အျခားေျခလွမ္းေတြက အခုမွစေနတာ စၿပီးေတာ့လုပ္ေနတဲ့အခ်ိန္မွာ အဲ့လိုျဖစ္သြားတာ..”

ဆိုၿပီး စီးပြားေရးအတူလုပ္ခဲ့တဲ့ အမွတ္တရေလးေတြကို ေျပာျပထားတာ ျဖစ္ပါတယ္..။ “သူေပးစရာရွိတာေလးကလည္း တကယ္ေတာ့ ကိုယ္လည္း အစအဆုံးအကုန္သိတယ္ သူလည္းေပးေနတယ္ သူလည္း အဲ့ဒီအမ်ိဳးသမီးကို ဆပ္ေနတယ္ အတိုးေတြလည္း ေပးေနတယ္ ေခ်းထားတာလည္း ဘယ္ေလာက္မွမရွိဘူး အဲ့ဒါေတြလည္း အကုန္သိတယ္ အဲ့အမ်ိဳးသမီးနဲ႔လည္း ကိုယ္က မဆင့္အိမ္မွာပဲ

ေတြ႕ဖူးေနတာ ေတြ႕ေတာ့ သူ႔စိတ္က မဆင့္အေပၚမွာ တစ္မ်ိဳးေတာ့ျဖစ္တယ္ မဆင့္အေပၚမွာ အဲ့လိုေလးျဖစ္ေစခ်င္တဲ့ စိတ္ကမ်ားေနတာ အဲ့ဒါေၾကာင့္မို႔လည္း ဆပ္ေနတဲ့ၾကားထဲက အဲ့လိုေလး ျဖစ္ေအာင္လုပ္လိုက္တာေပါ့ေနာ္ ..” ဆိုၿပီး မဆင့္ရဲ႕ အမႈကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေျပာျပထားပါေသးတယ္ေနာ္..။ မဆင့္နဲ႔ သူမရဲ႕ တခ်ိန္ကအမွတ္တရေလးေတြကို ေျပာျပရင္း မဆင့္ႀကဳံေတြ႕ေနရတဲ့ အမႈကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေျပာျပထားတဲ့ စုရႈိင္းရဲ႕ ဗီဒီယိုဖိုင္ေလးကိုလည္း တင္ဆက္ေပးလိုက္ပါတယ္ေနာ္..။

Read in UNICODE

အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီမင်းသမီးချော မေသန်းနုပြန်လည်လွတ်မြောက်လာလို့ အနုပညာရှင်တွေနဲ့ ပရိသတ်တွေကလည်း ဝမ်းသာနေကြပါတယ်နော်..။ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲဆို အပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ မဆင့်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ မိသားစုနဲ့ ပရိသတ်တွေဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူမပြန်လည်လွတ်မြောက်လာတဲ့

အတွက်လည်း အားလုံးက ပျော်နေကြသလို သရုပ်ဆောင်စုရှိုင်းကလည်း မဆင့်အတွက် ပျော်နေတဲ့အကြောင်း ပြောပြလာပါတယ်နော်..။ မဆင့်နဲ့ သူမနဲ့တော့ နှစ်အတော်ကြာ ခင်လာပြီး အရင်ကတည်းက စိန်အရောင်းအဝယ်အတူလုပ်ကာ စီးပွားရေးတွေ အတူလုပ်ခဲ့တဲ့ အမှတ်တရလေးတွေကိုလည်း ပြောပြလာပြီး လတ်တလော မဆင့်ကြုံတွေ့နေရတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြလာပါတယ်နော်..။ “ညီအစ်မအရင်းခေါက်ခေါက်လိုပဲ

ခင်ပြီး အဲ့လိုဖြစ်သွားတော့ စိတ်မကောင်းဘူး အခုလို မျှော်နေတဲ့အချိန်မှာပဲ အပြင်ကို ပြန်ရောက်လာတော့ အရမ်းဝမ်းသာပါတယ် စိန်အရောင်းအဝယ်လုပ်တုန်းက တစ်လကို သိန်းတစ်ထောင်ဖိုးလောက် ရောင်းရတယ်ဆိုတော့ အခုအချိန်မှာ အမှတ်တရတွေပေါ့ ရန်ကုန်ရောက်လာတော့ မလုပ်ဖြစ်ကြတော့ဘူး ဒါပေမယ့် အခြားခြေလှမ်းတွေက အခုမှစနေတာ စပြီးတော့လုပ်နေတဲ့အချိန်မှာ အဲ့လိုဖြစ်သွားတာ..”

ဆိုပြီး စီးပွားရေးအတူလုပ်ခဲ့တဲ့ အမှတ်တရလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။ “သူပေးစရာရှိတာလေးကလည်း တကယ်တော့ ကိုယ်လည်း အစအဆုံးအကုန်သိတယ် သူလည်းပေးနေတယ် သူလည်း အဲ့ဒီအမျိုးသမီးကို ဆပ်နေတယ် အတိုးတွေလည်း ပေးနေတယ် ချေးထားတာလည်း ဘယ်လောက်မှမရှိဘူး အဲ့ဒါတွေလည်း အကုန်သိတယ် အဲ့အမျိုးသမီးနဲ့လည်း ကိုယ်က မဆင့်အိမ်မှာပဲ

တွေ့ဖူးနေတာ တွေ့တော့ သူ့စိတ်က မဆင့်အပေါ်မှာ တစ်မျိုးတော့ဖြစ်တယ် မဆင့်အပေါ်မှာ အဲ့လိုလေးဖြစ်စေချင်တဲ့ စိတ်ကများနေတာ အဲ့ဒါကြောင့်မို့လည်း ဆပ်နေတဲ့ကြားထဲက အဲ့လိုလေး ဖြစ်အောင်လုပ်လိုက်တာပေါ့နော် ..” ဆိုပြီး မဆင့်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။ မဆင့်နဲ့ သူမရဲ့ တချိန်ကအမှတ်တရလေးတွေကို ပြောပြရင်း မဆင့်ကြုံတွေ့နေရတဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြထားတဲ့ စုရှိုင်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Source : Su Shine & May Than Nu-Ma Sint’s Facebook | Reference & Credit : Myanamrload

Add a Comment

Your email address will not be published. Required fields are marked *