လက္ဝတ္လက္စားေတြေရာင္း အေႂကြးေတြတင္ခဲ့ၿပီး အခက္အခဲေတြၾကားထဲက အိမ္ေဆာက္ခဲ့ရတယ္ဆိုတဲ့ လိေမၼာ္သီး

အဆိုေတာ္ လိေမၼာ္သီးကေတာ့ အိမ္ငွားၿပီးေနရတဲ့ အေျခအေန ကို မႀကဳံခ်င္ေတာ့တာေၾကာင့္ ကိုယ္ပိုင္ အိမ္ေလး ေဆာက္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ ဆိုပါတယ္။ အိမ္ငွားေနရခဲ့စဥ္က ႀကဳံခဲ့ရတဲ့ အေတြ႕အႀကဳံေတြကို အခုလို ေျပာျပခဲ့ပါတယ္။ “ ေျမဝယ္တုန္းက ေဈးအဲ့ေလာက္မႀကီးဘူး။ အိမ္မေဆာက္ႏိုင္ေသးေတာ့ ၅ ႏွစ္ေလာက္ ပစ္ထားမိတယ္။ အိမ္ငွားတာကလည္း ၄လႊာ၊ ၅ လႊာ၊ ၆ လႊာေလာက္ မတက္ခ်င္ဘူး ခရီးေတြ သြားရတာ ပင္ပန္းတယ္ဆိုေတာ့ လုံးခ်င္းအိမ္ေျပာင္းေနတယ္။ အိမ္ေကာင္းရင္ ေကာင္းသလို ၁၂ သိန္း၊ ၁၃ သိန္း ေပးရတယ္။ တစ္ႏွစ္ တစ္ႏွစ္ အိမ္လခေပးရတာ သိန္း ရာနဲ႔ခ်ီတယ္။ အဲဒီေတာ့ အေမက အိမ္ေဆာက္လိုက္ေတာ့ေပါ့

ဆိုေတာ့ ဝယ္ထားတဲ့ ေျမကြက္မွာလည္း ျမက္ေတြ၊ ဘာေတြ အကုန္ရွင္းၿပီး အိမ္ေဆာက္ဖို႔ ျပင္ဆင္ရတာေပါ့” လို႔ သူကဆိုပါတယ္။ လိေမၼာ္သီးဟာ ကိုယ္ပိုင္ အိမ္ေလး တစ္လုံး ျဖစ္လာဖို႔အတြက္ သူ စုေဆာင္းထားတာေတြ ေရာင္းခဲ့ရပါတယ္။ ဒီ အိမ္ေလး တစ္လုံး ျဖစ္လာဖု႔ိ အတြက္ သူ႔ရဲ႕ ကိုယ္ပိုင္ လက္ဝတ္ရတနာေတြ၊ ကား ေတြ အျပင္ အေႂကြးတင္ရေလာက္တဲ့ အထိ ပိုက္ဆံအကုန္အက် ေတာ္ေတာ္ မ်ားခဲ့တယ္လို႔ ေျပာပါတယ္။ “ အိမ္ေဆာက္တဲ့ အခ်ိန္ လက္ထဲမွာ ပိုက္ဆံကလည္း အရမ္းအမ်ားႀကီးရွိတာ မဟုတ္ဘူး။ ဘဏ္ထဲမွာ နည္းနည္းပါးပါးပဲ ရွိတာ

အဲဒီေတာ့ လက္ဝတ္လက္စားေလး ဝယ္ၿပီး စုထားတာေလးေတြရွိတယ္။ ကား ႏွစ္စီး ရွိတာကိုလည္း ေရာင္းလိုက္တယ္။ ကားငွားစီးရတဲ့ အေျခအေန ျဖစ္သြားတာေပါ့။ အေမ တို႔ ထမီေရာင္းတဲ့ ဆိုင္ကလည္း ပိုက္ဆံ လိုေတာ့ ယူတယ္။ သူတို႔ စိုက္ေပးထားတဲ့ ပိုက္ဆံကလည္း သိန္း ရာခ်ီရွိတယ္။ ကိုယ္ ခရီး တစ္လေလာက္သြားၿပီး ျပန္လာေတာ့ အိမ္က ေနလို႔ရေနၿပီ။ ၿပီးက်ေတာ့မွ အေႂကြးစာရင္းက ထြက္လာေရာ၊ ဘယ္သူ႔ဆီက အတိုးနဲ႔ ဘယ္ေလာက္ ယူထားတယ္ေပ့ါ ။ အိမ္ေဆာက္တာေတာ့ သိတဲ့အတိုင္းပဲ ထင္ထားတာထက္ ပိုကုန္တယ္”

လို႔ ဆိုပါတယ္။ လက္ရွိမွာ လိေမၼာ္သီးဟာ ေ႐ႊေရာင္နဲ႔ အျဖဴေရာင္ေလးကို အဓိကထား ေဆးျခယ္ထားတဲ့ အိမ္လွလွေလးမွာ မိသားစုဝင္ေတြနဲ႔အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္ၾကတာ ျဖစ္ပါတယ္။ ဒီအိမ္ကို ေဆာက္တဲ့ အခ်ိန္မွာ ႀကဳံေတြ႕ခဲ့ရတဲ့ အခက္အခဲေတြကိုလည္း အခုလို ေျပာျပလာပါတယ္။ “အိမ္ကို ေဆာက္ေပးတဲ့ လူေတြကလည္း မေဆာက္ခင္ ကေတာ့ တစ္မ်ိဳး၊ ေဆာက္ၿပီးေတာ့ တစ္မ်ိဳးေပါ့။ ၿပီးရင္ စကားေတြကလည္း အရမ္းေျပာရတယ္။ ကိုယ့္စိတ္နဲ႔ အခန႔္မသင့္ေတာ့ စကားမ်ား ရတာ အရမ္း စိတ္ညစ္ဖို႔ေကာင္းတယ္။ အလုပ္သမားေတြ ကလည္း သီခ်င္း

အက်ယ္ႀကီး ဆိုလို႔ ေဘးက တိုင္တာနဲ႔ ဆိုေတာ့ တစ္ေယာက္ တစ္မ်ိဳးစီ ျဖစ္ေနတာေပါ့။ အိမ္တစ္လုံး ေဆာက္ရတာ ေတာ္ေတာ္ စိတ္ညစ္ဖို႔ေကာင္းပါတယ္” လို႔ ဆက္လက္ ေျပာျပလာပါတယ္။ လိေမၼာ္သီးကိုေတာ့ Rock သီခ်င္းေလးေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိ ရွိလာတာျဖစ္ပါတယ္။ သူမဟာ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာအမူအရာအျပင္၊ အရပ္ရွည္ရွည္၊ ဆံပင္ရွည္ရွည္တို႔ကို ပိုင္ဆိုင္ထားသူျဖစ္ၿပီး အသံပါဝါအားေကာင္းမႈေတြေၾကာင့္လည္း ပရိသတ္ေတြက ပိုသတိထားမိလာခဲ့တာပါ။ အခုဆိုရင္ သူမရဲ႕ ဂီတသက္တမ္းဟာ ၁၁ ႏွစ္ခန႔္ရွိေနၿပီျဖစ္ပါတယ္။ သူမဟာ “လိေမၼာ္သီးရဲ႕ လိေမၼာ္ေရာင္ စိတ္ကူးမ်ား”၊ “လူမွန္” ၊ “ဒဏ္ရာႏွလုံးသား” စတဲ့ တစ္ကိုယ္ေတာ္အေခြေတြ ထြက္ရွိထားပါတယ္။ အခုဆိုရင္ေတာ့ ေနာက္ထပ္ တစ္ကိုယ္ေတာ္ေခြအေနနဲ႔ “အသက္ရွင္မယ့္သူ” ဆိုတဲ့ တစ္ကိုယ္ေတာ္ ေတးစီးရီးကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ အတြင္းမွာ ထြက္ရွိလာေတာ့မွာျဖစ္ပါတယ္။

Read in UNICODE

အဆိုတော် လိမ္မော်သီးကတော့ အိမ်ငှားပြီးနေရတဲ့ အခြေအနေ ကို မကြုံချင်တော့တာကြောင့် ကိုယ်ပိုင် အိမ်လေး ဆောက်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ငှားနေရခဲ့စဉ်က ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြခဲ့ပါတယ်။ “ မြေဝယ်တုန်းက ဈေးအဲ့လောက်မကြီးဘူး။ အိမ်မဆောက်နိုင်သေးတော့ ၅ နှစ်လောက် ပစ်ထားမိတယ်။ အိမ်ငှားတာကလည်း ၄လွှာ၊ ၅ လွှာ၊ ၆ လွှာလောက် မတက်ချင်ဘူး ခရီးတွေ သွားရတာ ပင်ပန်းတယ်ဆိုတော့ လုံးချင်းအိမ်ပြောင်းနေတယ်။ အိမ်ကောင်းရင် ကောင်းသလို ၁၂ သိန်း၊ ၁၃ သိန်း ပေးရတယ်။ တစ်နှစ် တစ်နှစ် အိမ်လခပေးရတာ သိန်း ရာနဲ့ချီတယ်။ အဲဒီတော့ အမေက အိမ်ဆောက်လိုက်တော့ပေါ့

ဆိုတော့ ဝယ်ထားတဲ့ မြေကွက်မှာလည်း မြက်တွေ၊ ဘာတွေ အကုန်ရှင်းပြီး အိမ်ဆောက်ဖို့ ပြင်ဆင်ရတာပေါ့” လို့ သူကဆိုပါတယ်။ လိမ္မော်သီးဟာ ကိုယ်ပိုင် အိမ်လေး တစ်လုံး ဖြစ်လာဖို့အတွက် သူ စုဆောင်းထားတာတွေ ရောင်းခဲ့ရပါတယ်။ ဒီ အိမ်လေး တစ်လုံး ဖြစ်လာဖု့ိ အတွက် သူ့ရဲ့ ကိုယ်ပိုင် လက်ဝတ်ရတနာတွေ၊ ကား တွေ အပြင် အကြွေးတင်ရလောက်တဲ့ အထိ ပိုက်ဆံအကုန်အကျ တော်တော် များခဲ့တယ်လို့ ပြောပါတယ်။ “ အိမ်ဆောက်တဲ့ အချိန် လက်ထဲမှာ ပိုက်ဆံကလည်း အရမ်းအများကြီးရှိတာ မဟုတ်ဘူး။ ဘဏ်ထဲမှာ နည်းနည်းပါးပါးပဲ ရှိတာ

အဲဒီတော့ လက်ဝတ်လက်စားလေး ဝယ်ပြီး စုထားတာလေးတွေရှိတယ်။ ကား နှစ်စီး ရှိတာကိုလည်း ရောင်းလိုက်တယ်။ ကားငှားစီးရတဲ့ အခြေအနေ ဖြစ်သွားတာပေါ့။ အမေ တို့ ထမီရောင်းတဲ့ ဆိုင်ကလည်း ပိုက်ဆံ လိုတော့ ယူတယ်။ သူတို့ စိုက်ပေးထားတဲ့ ပိုက်ဆံကလည်း သိန်း ရာချီရှိတယ်။ ကိုယ် ခရီး တစ်လလောက်သွားပြီး ပြန်လာတော့ အိမ်က နေလို့ရနေပြီ။ ပြီးကျတော့မှ အကြွေးစာရင်းက ထွက်လာရော၊ ဘယ်သူ့ဆီက အတိုးနဲ့ ဘယ်လောက် ယူထားတယ်ပေ့ါ ။ အိမ်ဆောက်တာတော့ သိတဲ့အတိုင်းပဲ ထင်ထားတာထက် ပိုကုန်တယ်”

လို့ ဆိုပါတယ်။ လက်ရှိမှာ လိမ္မော်သီးဟာ ရွှေရောင်နဲ့ အဖြူရောင်လေးကို အဓိကထား ဆေးခြယ်ထားတဲ့ အိမ်လှလှလေးမှာ မိသားစုဝင်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတာ ဖြစ်ပါတယ်။ ဒီအိမ်ကို ဆောက်တဲ့ အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကိုလည်း အခုလို ပြောပြလာပါတယ်။ “အိမ်ကို ဆောက်ပေးတဲ့ လူတွေကလည်း မဆောက်ခင် ကတော့ တစ်မျိုး၊ ဆောက်ပြီးတော့ တစ်မျိုးပေါ့။ ပြီးရင် စကားတွေကလည်း အရမ်းပြောရတယ်။ ကိုယ့်စိတ်နဲ့ အခန့်မသင့်တော့ စကားများ ရတာ အရမ်း စိတ်ညစ်ဖို့ကောင်းတယ်။ အလုပ်သမားတွေ ကလည်း သီချင်း

အကျယ်ကြီး ဆိုလို့ ဘေးက တိုင်တာနဲ့ ဆိုတော့ တစ်ယောက် တစ်မျိုးစီ ဖြစ်နေတာပေါ့။ အိမ်တစ်လုံး ဆောက်ရတာ တော်တော် စိတ်ညစ်ဖို့ကောင်းပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ လိမ္မော်သီးကိုတော့ Rock သီချင်းလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိ ရှိလာတာဖြစ်ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ မျက်နှာအမူအရာအပြင်၊ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်တို့ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အသံပါဝါအားကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာပါ။ အခုဆိုရင် သူမရဲ့ ဂီတသက်တမ်းဟာ ၁၁ နှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ သူမဟာ “လိမ္မော်သီးရဲ့ လိမ္မော်ရောင် စိတ်ကူးများ”၊ “လူမှန်” ၊ “ဒဏ်ရာနှလုံးသား” စတဲ့ တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားပါတယ်။ အခုဆိုရင်တော့ နောက်ထပ် တစ်ကိုယ်တော်ခွေအနေနဲ့ “အသက်ရှင်မယ့်သူ” ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *