နေ့ရောညပါ ဂရုတစိုက်စောင့်ရှောက်ပေးနေရတဲ့ ဖခင်ကြီး ပြန်လည်ကျန်းမာလာလို့ ပျော်ရွှင်နေတဲ့ ထက်ထက်မိုးဦး
Read in UNICODE
ထက်ထက်မိုးဦးဟာဆိုရင် အနုပညာလောကမှာ တစ်ခေတ်ကတည်းကရပ်တည်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အခုချိန်မှာဆိုရင်လည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေဆဲဖြစ်တဲ့ ထက်ထက်က ပရိသတ်တွေရဲ့အချစ်များစွာကိုလည်း
ရရှိနေဆဲဖြစ်ပါတယ်နော်။ထက်ထက်မိုးဦးက အခုချိန်ထိလည်း အရွယ်တင်နုပျိုနေဆဲဖြစ်ပြီး ဟိုးအရင်တုန်းကလိုမျိုးအလှအပတွေနဲ့ ကျက်သရေရှိစွာလှပနေတာဖြစ်ပါတယ်။ ထက်ထက်က မိဘအပေါ်မှာလည်း သိတတ်လိမ္မာတဲ့သမီးလေးဖြစ်လို့ ဖခင်အပေါ်မှာလည်း လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးတာပါနော်။ထက်ထက်ရဲ့ ဖခင်ကတော့
သွေးတိုးပြီးလေဖြတ်သွားတာကြောင့် ဆေးရုံတင်ထားရတာ တစ်လရှိပြီဖြစ်ပြီး အခုချိန်မှာဆိုရင်တော့ ပြန်လည်သက်သာလာပြီဖြစ်ပါတယ်။ထက်ထက်တို့ မောင်နှမတွေကလည်း ဖေဖေ့ရဲ့ဘေးမှာ အချိန်ပြည့်နေပြီး ဂရုတစိုက်နဲ့ပြုစုယုယပေးကြတာဖြစ်ပါတယ်နော်။ထက်ထက်ကတော့”ဆေးရုံမှာတစ်လပြည့်လုနီးကြာပြီ
အဖေလည်းသက်သာလာတာတွေ့ရတော့သမီးပင်ပန်းရကျိုးနပ်ပါပြီ..လွန်ခဲ့တဲ့၇နှစ်ခန့်က ischaemic heart disease ဖြစ်တော့သွေးကြော၂ချောင်းချဲ့ရတယ်အချိန်မှီအသက်ကယ်လို့ရခဲ့တယ်,အခုလဲပြန်သက်သာလာအောင်သမီးကြိုးစားခွင့်ရခဲ့တယ်အဖေလည်းအဖေ့ရဲ့သီလနဲ့ကျွန်မကိုချစ်တဲ့သူတွေဝိုင်းပီးဆုတောင်းပေးကြတဲ့တွက်အဖေသက်သာလာတာ
ကျွန်မဘဝဘယ်လိုပဲဖြစ်ဖြစ်ဘာအခက်အခဲနဲ့ရင်ဆိုင်ရရင်ဆိုင်ရအားလုံးအဆင်ပြေပါတယ်ကျွန်မဘဝမှာကျွန်မရဲ့အသက်ချွေးနည်းစာနဲ့ဘုရားတည်ကျောင်းဆောက်ဘုန်းကြီးကျောင်းတွေစာသင်ကျောင်းတွေရဟန်းတွေဘုရားအမကျောင်းအမအဖြစ်လှူဒါန်းခဲ့ရတယ်ဘယ်သူအပေါ်မဆိုလည်း တတ်နိုင်တဲ့ဘက်ကလိုက်ရောကူညီပေးခဲ့တာတွေများကြီးနဲ့သေမယ်ဆိုကျမခုသေပျော်နေပါပြီ…”ဆိုပြီး သူမရဲ့အပျော်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။
Source : Het Htet Moe Oo’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *