မိခင္ျဖစ္သူ ကြယ္လြန္သြားထဲက ဆုျမတ္ႏိုးဦးကို အၿမဲအားေပးစကားေတြေျပာရတယ္ဆိုတဲ့ ေက်ာ္ေက်ာ္

ေက်ာ္ေက်ာ္ဟာ မၾကာေသးခင္က မိခင္ျဖစ္သူကိုဆုံးရႈံးလိုက္ရတဲ့ သ႐ုပ္ေဆာင္ ဆုျမတ္ႏိုးဦးအတြက္ စိတ္မေကာင္းျဖစ္လို႔ ေနပါတယ္။ ဒါေၾကာင့္ သူမအတြက္ သူငယ္ခ်င္းေတြလည္း ေဘးမွာ အၿမဲရွိေနေပးပါတယ္လို႔ သူက ေျပာျပခဲ့တာပါ။ “ သူ႔ကို အားေပးစကားေျပာရတာေတာ့ အၿမဲတမ္းပါပဲ။ အခုဆိုရင္ ကိုေျပဇင္ တို႔ရွိတယ္၊ ကြၽန္ေတာ္၊ ညီထြဋ္ေခါင္ေပါ့ေနာ္။ သူငယ္ခ်င္းေတြကေတာ့ အမ်ားႀကီးရွိေပမယ့္ သူ႔ အေမ

ဆုံးၿပီးကတည္းက အနားမွာ အားေပးစကားအၿမဲ ေျပာျဖစ္တာကေတာ့ ကြၽန္ေတာ္တို႔ေလာက္ပဲ ရွိတာေပါ့။ ေမွ်ာ္လင့္မထားပဲ ျဖစ္သြားတဲ့ ကိစၥႀကီးျဖစ္တဲ့အတြက္ အနားမွာ ဘယ္လိုပဲ ေျဖာင္းဖ်ေပးေနပါေစ။ အခ်ိန္က လိုတယ္။ ဒါေၾကာင့္ သူငိုခ်င္လည္း ငို၊ ေျပာခ်င္တာေတြရွိရင္လည္း နားေထာင္ေပးၾကတယ္” လို႔ ဆိုၿပီးေတာ့ ႐ုပ္ရွင္ ႏွစ္(၁၀၀) ျပည့္အတြက္ ႐ိုက္ကူးေရးမွာ ေျဖဆိုခဲ့တာပါ။ သ႐ုပ္ေဆာင္ ေက်ာ္ေက်ာ္၊ ညီထြဋ္ေခါင္နဲ႔ ဆုျမတ္ႏိုးဦးတို႔ဟာ

“ ကမာၻႀကီးပါ” ဆိုတဲ့ ဗီဒီယိုအတိုေလး တစ္ပုဒ္ ႐ိုက္ကူးခဲ့ပါေသးတယ္။ ဆုျမတ္ႏိုးဦးအတြက္ ဒီဗီဒီယိုေလး ႐ိုက္ေပးရင္း ႏွစ္သိမ့္ေပးခဲ့ တာလို႔ ေက်ာ္ေက်ာ္က ေျပာပါတယ္။ “ ျမတ္ႏိုးလည္း သူ႔ရဲ႕ စိတ္ထဲမွာ စိတ္မေကာင္းျဖစ္ၿပီး ဝမ္းနည္းေနရတဲ့ အခ်ိန္ေတြ ရွိခဲ့တယ္။ သူ႔ စိတ္အေျပာင္းအလဲေလး ျဖစ္ေအာင္ ဗီဒီယိုေလးေတြ ျပန္႐ိုက္ၾကမယ္၊ ဟာသေလးေတြလည္း ႐ိုက္ၾကမယ္ ဆိုၿပီးေတာ့ သူငယ္ခ်င္း သုံးေယာက္ ဆုံျဖစ္ခဲ့ၾကတယ္။ “ကမာၻႀကီးပါ” ဆိုတဲ့

ဗီဒီယို ဖိုင္ေလးက တကယ္ေတာ့ ကိုေက်ာ္႐ိုက္ဖို႔ လုပ္ထားတာ ဒါေလးက ကိုေက်ာ္တို႔ ငယ္ငယ္တုန္းက ေဆာ့တဲ့ ခို လိုက္တိုင္းေဆာ့သလိုပဲေပါ့။ ဒါေပမယ့္ အေျခအေနနဲ႔ အခ်ိန္အခါကို ၾကည့္လိုက္ေတာ့ ဆုျမတ္ႏိုးဦးကိုလည္း ငါ ဒါ႐ိုက္ခ်င္တယ္လို႔ ေျပာလို႔မရဘူး။ သူ႔ကို ႐ိုက္မယ့္ ပုံစံေလး ေျပာျပၿပီးေတာ့ သူ လက္ခံမွ ႐ိုက္တာပါ” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ေက်ာ္ေက်ာ္ကိုေတာ့ ဗီဒီယိုဇာတ္ကား၊ တီဗီေၾကာ္ျငာ နဲ႔ ႐ုပ္သံဇာတ္လမ္းတြဲေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေက်ာ္ေက်ာ္၊ ညီထြဋ္ေခါင္၊ ဆုျမတ္ႏိုးဦးတို႔ သုံးေယာက္ေပါင္းၿပီး ‘’ပရမ္းပတာ Bff’’ ဆိုၿပီးေတာ့ Facebook Page ေလးေထာင္ၿပီး သူတို႔ သုံးေယာက္ရဲ႕ လႈပ္ရွားမႈေတြတိုင္းကို ပရိသတ္ေတြဆီ ေဝမွ်ေလ့ရွိေနတာ ေတြ႕ရပါတယ္။

Read in UNICODE

ကျော်ကျော်ဟာ မကြာသေးခင်က မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးအတွက် စိတ်မကောင်းဖြစ်လို့ နေပါတယ်။ ဒါကြောင့် သူမအတွက် သူငယ်ချင်းတွေလည်း ဘေးမှာ အမြဲရှိနေပေးပါတယ်လို့ သူက ပြောပြခဲ့တာပါ။ “ သူ့ကို အားပေးစကားပြောရတာတော့ အမြဲတမ်းပါပဲ။ အခုဆိုရင် ကိုပြေဇင် တို့ရှိတယ်၊ ကျွန်တော်၊ ညီထွဋ်ခေါင်ပေါ့နော်။ သူငယ်ချင်းတွေကတော့ အများကြီးရှိပေမယ့် သူ့ အမေ

ဆုံးပြီးကတည်းက အနားမှာ အားပေးစကားအမြဲ ပြောဖြစ်တာကတော့ ကျွန်တော်တို့လောက်ပဲ ရှိတာပေါ့။ မျှော်လင့်မထားပဲ ဖြစ်သွားတဲ့ ကိစ္စကြီးဖြစ်တဲ့အတွက် အနားမှာ ဘယ်လိုပဲ ဖြောင်းဖျပေးနေပါစေ။ အချိန်က လိုတယ်။ ဒါကြောင့် သူငိုချင်လည်း ငို၊ ပြောချင်တာတွေရှိရင်လည်း နားထောင်ပေးကြတယ်” လို့ ဆိုပြီးတော့ ရုပ်ရှင် နှစ်(၁၀၀) ပြည့်အတွက် ရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာပါ။ သရုပ်ဆောင် ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ဟာ

“ ကမ္ဘာကြီးပါ” ဆိုတဲ့ ဗီဒီယိုအတိုလေး တစ်ပုဒ် ရိုက်ကူးခဲ့ပါသေးတယ်။ ဆုမြတ်နိုးဦးအတွက် ဒီဗီဒီယိုလေး ရိုက်ပေးရင်း နှစ်သိမ့်ပေးခဲ့ တာလို့ ကျော်ကျော်က ပြောပါတယ်။ “ မြတ်နိုးလည်း သူ့ရဲ့ စိတ်ထဲမှာ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေရတဲ့ အချိန်တွေ ရှိခဲ့တယ်။ သူ့ စိတ်အပြောင်းအလဲလေး ဖြစ်အောင် ဗီဒီယိုလေးတွေ ပြန်ရိုက်ကြမယ်၊ ဟာသလေးတွေလည်း ရိုက်ကြမယ် ဆိုပြီးတော့ သူငယ်ချင်း သုံးယောက် ဆုံဖြစ်ခဲ့ကြတယ်။ “ကမ္ဘာကြီးပါ” ဆိုတဲ့

ဗီဒီယို ဖိုင်လေးက တကယ်တော့ ကိုကျော်ရိုက်ဖို့ လုပ်ထားတာ ဒါလေးက ကိုကျော်တို့ ငယ်ငယ်တုန်းက ဆော့တဲ့ ခို လိုက်တိုင်းဆော့သလိုပဲပေါ့။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါကို ကြည့်လိုက်တော့ ဆုမြတ်နိုးဦးကိုလည်း ငါ ဒါရိုက်ချင်တယ်လို့ ပြောလို့မရဘူး။ သူ့ကို ရိုက်မယ့် ပုံစံလေး ပြောပြပြီးတော့ သူ လက်ခံမှ ရိုက်တာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ကျော်ကျော်ကိုတော့ ဗီဒီယိုဇာတ်ကား၊ တီဗီကြော်ငြာ နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျော်ကျော်၊ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့ သုံးယောက်ပေါင်းပြီး ‘’ပရမ်းပတာ Bff’’ ဆိုပြီးတော့ Facebook Page လေးထောင်ပြီး သူတို့ သုံးယောက်ရဲ့ လှုပ်ရှားမှုတွေတိုင်းကို ပရိသတ်တွေဆီ ဝေမျှလေ့ရှိနေတာ တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *