ဖ်ားစုတ္ေလးခင္းၿပီး လမ္းေဘးမွာ အိပ္ရတဲ့ A4 ရဲ႕ဘဝကို တိုက္ခန္းမွာ အဲကြန္းေလးနဲ႔ ေနတိုင္ေအာင္ ေျပာင္းလဲေပးခဲ့တဲ့ ယုန္ေလး

ယုန္ေလးကေတာ့ အရည္အခ်င္းရိွတဲ့ရြက္ပုန္းသီးလူငယ္ေတြကို ေျမေတာင္ေျမွာက္ေပးေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ယုန္ေလးက ေရႊတိဂံုဘုရားအေရွ့ဘက္မုခ္မွာ ၾကံရည္ေရာင္းတဲ့ A4ကိုလည္း သြားေရာက္ေတြ့ဆုံအားေပးျပီး သူနဲ့အတူတူ သီခ်င္းေတြဖန္တီးနိုင္ေအာင္ ျပဳလုပ္ေပးခဲ့တာပဲျဖစ္ပါတယ္။ ဒီေန့မွာလည္း ယုန္ေလးက A4 အတြက္

တိုက္ခန္းေလးနဲ့ ေနနိုင္ေအာင္ ဖန္တီးေပးျဖစ္ေၾကာင္းကုိ ဝမ္းသာစြာနဲ့ အခုလိုပဲ မွ်ေဝထားပါတယ္။ “ေက်ာ္စြာ ေနစရာ အိမ္ေလးရသြားတဲ့အတြက္ အရင္လို အိပ္ေနတုန္း မိုးရြာရင္ အိပ္ေရးပ်က္ၿပီး မိုးေျပးခိုစရာ မလိုေတာ့ပါဘူး။ ဝမ္းစာထဲကအတိုင္း မိုးမိ၊ႏွာေစး၊ ေဆးဖိုးမရိွဆိုတဲ့ စာသားေတြထဲကေန ေက်ာ္စြာေတာ့ လြတ္ေျမာက္သြားပါၿပီ။ Rocker ကို တင္ျပလိုက္တာ Rocker က

အိမ္ဌားေပးၿပီးကူညီသြားတာပါ။ မလြတ္ေျမာက္ေသးတဲ့ အေျခခံလူတန္းစားမ်ား၊ အေရးတႀကီး လိုအပ္ေနတဲ့ လူတန္းစားမ်ားအတြက္ ကြ်န္ေတာ္လည္း အျမဲတန္း အဆင္မေျပေတာ့ Rocker ကိုအစီစဥ္ေလး တင္ျပၾကည့္တာ။” “လစဥ္ တကယ္လိုအပ္ေနတဲ့ အေျခခံလူတန္းစားေတြအတြက္ ေျပာင္းလဲ မူ႔ေတြေပးဖို႔ ကူဖို႔ အစီစဥ္ေလးကို Rocker က ေတာ္ေလ်ာက္ လစဥ္ ကူညီေထာက္ပံ့ေတာ့မွာပါ။ ကြ်န္ေတာ္

ပထမဆံုး Brand Ambassador ျဖစ္တဲ့ Brand က ပိုင္ရွင္ေတြစိတ္ဓာတ္က ကြ်န္ေတာ္နဲ႔ တသားထဲျဖစ္ေနတဲ့ အတြက္ ဂုဏ္ယူပါတယ္။ တကယ္လိုအပ္ၿပီးဆိုရင္ Data ျပည့္စံုရင္ အေျခခံလူတန္းစားေတြအတြက္ ယုန္ေလး နဲ႔ Rocker အသင့္ရိွေနပါၿပီ။” ဆိုျပီး ဝမ္းသာစြာေျပာထားပါတယ္။ ယုန္ေလးကေတာ့ လမ္းေဘးမွာ ဖ်ာစုတ္ေလးခင္းျပီး အိပ္ရတဲ့ A4ရဲ့ဘဝကို အဲကြန္းတိုက္ခန္းေလးနဲ့ေနနိုင္ေအာင္ အလွဴရွင္ေတြနဲ့ေပါင္းျပီး ဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။ A4 လည္း ေက်ာေအးေအးနဲ့လံုျခံဳတဲ့အိမ္ေလးမွာ ေနနိုင္ျပီမို့ ဝမ္းသာေနမယ္ ထင္ပါတယ္ေနာ္။

Read in UNICODE

ယုန်လေးကတော့ အရည်အချင်းရှိတဲ့ရွက်ပုန်းသီးလူငယ်တွေကို မြေတောင်မြှောက်ပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယုန်လေးက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ ကြံရည်ရောင်းတဲ့ A4ကိုလည်း သွားရောက်တွေ့ဆုံအားပေးပြီး သူနဲ့အတူတူ သီချင်းတွေဖန်တီးနိုင်အောင် ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့မှာလည်း ယုန်လေးက A4 အတွက်

တိုက်ခန်းလေးနဲ့ နေနိုင်အောင် ဖန်တီးပေးဖြစ်ကြောင်းကို ဝမ်းသာစွာနဲ့ အခုလိုပဲ မျှဝေထားပါတယ်။ “ကျော်စွာ နေစရာ အိမ်လေးရသွားတဲ့အတွက် အရင်လို အိပ်နေတုန်း မိုးရွာရင် အိပ်ရေးပျက်ပြီး မိုးပြေးခိုစရာ မလိုတော့ပါဘူး။ ဝမ်းစာထဲကအတိုင်း မိုးမိ၊နှာစေး၊ ဆေးဖိုးမရှိဆိုတဲ့ စာသားတွေထဲကနေ ကျော်စွာတော့ လွတ်မြောက်သွားပါပြီ။ Rocker ကို တင်ပြလိုက်တာ Rocker က

အိမ်ဌားပေးပြီးကူညီသွားတာပါ။ မလွတ်မြောက်သေးတဲ့ အခြေခံလူတန်းစားများ၊ အရေးတကြီး လိုအပ်နေတဲ့ လူတန်းစားများအတွက် ကျွန်တော်လည်း အမြဲတန်း အဆင်မပြေတော့ Rocker ကိုအစီစဉ်လေး တင်ပြကြည့်တာ။” “လစဉ် တကယ်လိုအပ်နေတဲ့ အခြေခံလူတန်းစားတွေအတွက် ပြောင်းလဲ မူ့တွေပေးဖို့ ကူဖို့ အစီစဉ်လေးကို Rocker က တော်လျောက် လစဉ် ကူညီထောက်ပံ့တော့မှာပါ။ ကျွန်တော်

ပထမဆုံး Brand Ambassador ဖြစ်တဲ့ Brand က ပိုင်ရှင်တွေစိတ်ဓာတ်က ကျွန်တော်နဲ့ တသားထဲဖြစ်နေတဲ့ အတွက် ဂုဏ်ယူပါတယ်။ တကယ်လိုအပ်ပြီးဆိုရင် Data ပြည့်စုံရင် အခြေခံလူတန်းစားတွေအတွက် ယုန်လေး နဲ့ Rocker အသင့်ရှိနေပါပြီ။” ဆိုပြီး ဝမ်းသာစွာပြောထားပါတယ်။ ယုန်လေးကတော့ လမ်းဘေးမှာ ဖျာစုတ်လေးခင်းပြီး အိပ်ရတဲ့ A4ရဲ့ဘဝကို အဲကွန်းတိုက်ခန်းလေးနဲ့နေနိုင်အောင် အလှူရှင်တွေနဲ့ပေါင်းပြီး ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ A4 လည်း ကျောအေးအေးနဲ့လုံခြုံတဲ့အိမ်လေးမှာ နေနိုင်ပြီမို့ ဝမ်းသာနေမယ် ထင်ပါတယ်နော်။

Source : Yone Lay’s Facebook

Add a Comment

Your email address will not be published. Required fields are marked *