ဇာတ္ကားမ႐ိုက္ရတဲ့ အခ်ိန္မွာ ေဈးကလဲ မေရာင္းတတ္ေတာ့ တကၠစီပဲေမာင္းျဖစ္တယ္ဆိုတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ ေအာင္တိုး

ေအာင္တိုးကေတာ့ COVID-19 ကာလမွာ တကၠစီေမာင္းရင္း မိသားစုစားဝတ္ေနေရးကို ေျဖရွင္းေနပါတယ္တဲ့။ တျခား အႏုပညာရွင္ေတြလို ေဈးေရာင္းဖို႔လည္း အဆင္မေျပတဲ့အေၾကာင္း ေျပာျပလာပါတယ္။ “ အခုခ်ိန္မွာ ကိုယ္က ေဈးေရာင္းစားမယ္ဆိုရင္လည္း ကြၽန္ေတာ္က ဘာမွ မခ်က္တတ္ေတာ့ ေရာင္းစားဖို႔ အဆင္မေျပဘူး။ ဒါေၾကာင့္ ကိုယ္တတ္ထားတဲ့ ကားေမာင္းတာေလးနဲ႔ပဲ Taxi ေမာင္းတယ္။ ကားကလည္း

မိန္းမရဲ႕ အစ္မ ကားပါ။ ဒီကားေလးကို ကြၽန္ေတာ္တို႔ အဆင္ေျပသလို သုံးစြဲပါ ဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔ကို ေပးထားတာ။ အုံနာေၾကးေတြလည္း ေပးစရာေတာ့ မလိုဘူးေပါ့ေလ။ ကားဆြဲေကာင္းရင္ ေကာင္းသလိုေပးျဖစ္တယ္။ မေကာင္းရင္လည္း မေပးျဖစ္ပါဘူး။ ကားေမာင္းတာကလည္း Lock Down မျဖစ္ခင္ကတည္းကပါ။ ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေလာက္ကတည္းကေပါ့” ဆိုၿပီးေတာ့ ႐ုပ္ရွင္အစည္းအ႐ုံး အလႉကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ ကိုေအာင္တိုးဟာ အႏုပညာအလုပ္ေတြ ရပ္နားထားရတဲ့

အခ်ိန္မွာ စားဝတ္ေနေရး အခက္အခဲႀကဳံေနရတဲ့ လူၾကမ္းသ႐ုပ္ေဆာင္သူငယ္ခ်င္းေတြ အတြက္လည္း စိတ္မေကာင္းျဖစ္ေနမိတယ္လို႔ ဆိုပါတယ္။ “ ကိုယ္ေတြ ငတ္ေနလို႔ စိတ္မေကာင္းျဖစ္တာထက္ ကိုယ္ေတြလိုပဲ အခက္အခဲ ႀကဳံေနရသူေတြ အတြက္ကိုပါ ေရာၿပီး စိတ္မေကာင္းျဖစ္ရတယ္။ တခ်ိဳ႕ဆို ကားလည္း မေမာင္းတတ္ဘူး၊ ဘာစီးပြားေရးမွလည္း မလုပ္စားတတ္ဘူး။ အဲဒီအခါက်ေတာ့လည္း သူတို႔ မိန္းမေတြက

ရပ္ကြက္ထဲ လွည့္ၿပီး ေငြတိုးေလးေတြ ယူတာမ်ိဳး၊ ေဈးေရာင္းၾကရတာမ်ိဳးေတြ လုပ္တာ ေတြ႕ရတယ္။ ႐ုပ္ရွင္႐ိုက္တုန္းကေလာက္ ပိုက္ဆံ မဝင္ေပမယ့္လည္း အနည္းငယ္ ထိန္းႏိုင္တာေပ့ါေလ” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ေအာင္တိုးကိုေတာ့ ဗီဒီယို ဇာတ္ကားေတြမွာ လူၾကမ္းသ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္ ပရိသတ္ေတြ သတိထားမိၾကမွာပါ။ သူဟာ အက္ရွင္ဇာတ္ကား ေတာ္ေတာ္ မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ရသူ ျဖစ္ပါတယ္။ အဲဒီေနာက္ အဓိက သ႐ုပ္ေဆာင္ ေတြရဲ႕ သူငယ္ခ်င္း ကာ႐ိုက္တာ၊ ႐ုံးဝန္ထမ္း ကာ႐ိုက္တာ၊ ဒ႐ိုင္ဘာ ကာ႐ိုက္တာ ၊ ေကာက္က်စ္တတ္တဲ့ လူတစ္ေယာက္ ကာ႐ိုက္တာ ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရေလ့ရွိပါတယ္။

Read in UNICODE

အောင်တိုးကတော့ COVID-19 ကာလမှာ တက္ကစီမောင်းရင်း မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေပါတယ်တဲ့။ တခြား အနုပညာရှင်တွေလို ဈေးရောင်းဖို့လည်း အဆင်မပြေတဲ့အကြောင်း ပြောပြလာပါတယ်။ “ အခုချိန်မှာ ကိုယ်က ဈေးရောင်းစားမယ်ဆိုရင်လည်း ကျွန်တော်က ဘာမှ မချက်တတ်တော့ ရောင်းစားဖို့ အဆင်မပြေဘူး။ ဒါကြောင့် ကိုယ်တတ်ထားတဲ့ ကားမောင်းတာလေးနဲ့ပဲ Taxi မောင်းတယ်။ ကားကလည်း

မိန်းမရဲ့ အစ်မ ကားပါ။ ဒီကားလေးကို ကျွန်တော်တို့ အဆင်ပြေသလို သုံးစွဲပါ ဆိုပြီးတော့ ကျွန်တော်တို့ကို ပေးထားတာ။ အုံနာကြေးတွေလည်း ပေးစရာတော့ မလိုဘူးပေါ့လေ။ ကားဆွဲကောင်းရင် ကောင်းသလိုပေးဖြစ်တယ်။ မကောင်းရင်လည်း မပေးဖြစ်ပါဘူး။ ကားမောင်းတာကလည်း Lock Down မဖြစ်ခင်ကတည်းကပါ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းကပေါ့” ဆိုပြီးတော့ ရုပ်ရှင်အစည်းအရုံး အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ ကိုအောင်တိုးဟာ အနုပညာအလုပ်တွေ ရပ်နားထားရတဲ့

အချိန်မှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ လူကြမ်းသရုပ်ဆောင်သူငယ်ချင်းတွေ အတွက်လည်း စိတ်မကောင်းဖြစ်နေမိတယ်လို့ ဆိုပါတယ်။ “ ကိုယ်တွေ ငတ်နေလို့ စိတ်မကောင်းဖြစ်တာထက် ကိုယ်တွေလိုပဲ အခက်အခဲ ကြုံနေရသူတွေ အတွက်ကိုပါ ရောပြီး စိတ်မကောင်းဖြစ်ရတယ်။ တချို့ဆို ကားလည်း မမောင်းတတ်ဘူး၊ ဘာစီးပွားရေးမှလည်း မလုပ်စားတတ်ဘူး။ အဲဒီအခါကျတော့လည်း သူတို့ မိန်းမတွေက

ရပ်ကွက်ထဲ လှည့်ပြီး ငွေတိုးလေးတွေ ယူတာမျိုး၊ ဈေးရောင်းကြရတာမျိုးတွေ လုပ်တာ တွေ့ရတယ်။ ရုပ်ရှင်ရိုက်တုန်းကလောက် ပိုက်ဆံ မဝင်ပေမယ့်လည်း အနည်းငယ် ထိန်းနိုင်တာပေ့ါလေ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။အောင်တိုးကိုတော့ ဗီဒီယို ဇာတ်ကားတွေမှာ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ သတိထားမိကြမှာပါ။ သူဟာ အက်ရှင်ဇာတ်ကား တော်တော် များများမှာ ပါဝင်သရုပ်ဆောင်ရသူ ဖြစ်ပါတယ်။ အဲဒီနောက် အဓိက သရုပ်ဆောင် တွေရဲ့ သူငယ်ချင်း ကာရိုက်တာ၊ ရုံးဝန်ထမ်း ကာရိုက်တာ၊ ဒရိုင်ဘာ ကာရိုက်တာ ၊ ကောက်ကျစ်တတ်တဲ့ လူတစ်ယောက် ကာရိုက်တာ တွေမှာ ပါဝင်သရုပ်ဆောင်ရလေ့ရှိပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *