ဂဠုန်ဦးစောအဖြစ် သရုပ်ဆောင်ရန် ပထမအဆင့် ရွေးချယ်ခံလိုက်ရပြီဖြစ်တဲ့ ဆုပန်ထွာရဲ့ ခင်ပွန်း
Read in UNICODE
လတ်တလောမှာ မြန်မာနိုင်ငံရဲ့ အာဇာနည်ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုရိုက်ကူးမယ့် “အောင်ဆန်းရုပ်ရှင်” အတွက် လိုအပ်နေတဲ့ “ဂဠုန်ဦးစော” ဇာတ်ကောင်အဖြစ် ဂဠုန်ဦးစော နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် လူရွေးချယ်ဖို့ နေတာကို
ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။ပြီးခဲ့တဲ့ ဇွန်လ (၅)ရက်နေ့ကတည်းက ပါဝင်သရုပ်ဆောင်ဖို့ လျှောက်လွှာတွေ ခေါ်ယူနေခဲ့တာဖြစ်ပြီး လျှောက်ထားတဲ့ သူ (၂၉)ယောက်အထိရှိခဲ့ပါတယ်။ လျှောက်ထားသူတွေထဲကမှ အသက်အရွယ်၊ အရပ်အမောင်း၊ ရုပ်ရည်ဆင်တူမှု
စသည်တို့အပေါ်မူတည်၍ Casting Director ဒါရိုက်တာ ပန်းချီစိုးမိုးနှင့် ဒါရိုက်တာ လူမင်းတို့မှ စိစစ်ရွေးချယ်ခဲ့ရာ ပရိသတ်တွေရဲ့အချစ်တော် ဆုပန်ထွာရဲ့ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော် တစ်ဦးတည်းသာ ပထမအဆင့်ရွေးချယ်မှုမှာတော့ အောင်မြင်ခဲ့ပါတယ်။ ကိုဥက္ကာကျော်ကို
ဒုတိယအဆင့်အနေဖြင့် လူတွေ့စစ်ဆေးခြင်း၊ သရုပ်ဆောင်မှုစစ်ဆေးခြင်း၊ Character Make-up Test ပြုလုပ်ခြင်းများကို မကြာမီရက်ပိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ဆုပန်ထွာရဲ့ခင်ပွန်းကို ဥက္ကာကျော်အတွက် ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ပါဦးနော်။
Source : အောင်ဆန်းရုပ်ရှင် | Reference & Credit : Cele Gabar
Add a Comment
Your email address will not be published. Required fields are marked *