ကြယ္လြန္သြားတာ တစ္ႏွစ္နဲ႔ကိုးလရွိၿပီျဖစ္တဲ့ မင္းေသြးအတြက္ အလွဴအတန္းေတြ လုပ္ေပးခဲ့တဲ့ ေနတိုးတို႔ မိသားစု

ေနတိုးနဲ႔ မင္းေသြးတို႔ ညီအစ္ကိုႏွစ္ေယာက္စလုံးက အႏုပညာေလာကရဲ႕ ေတာက္ပတဲ့ၾကယ္ပြင့္ေတြျဖစ္ၾကပါတယ္။ မင္းေသြးကေတာ့ ၿပီးခဲ့တဲ့ (၂၀၁၈)ခုႏွစ္ ေအာက္တိုဘာလ(၃) ရက္ေန႔မွာ မေမွ်ာ္လင့္ပဲ ႐ုတ္တရက္ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။ မင္းေသြး

ကြယ္လြန္သြားတာ အခုဆိုရင္ တစ္ႏွစ္ေက်ာ္အခ်ိန္ရွိၿပီျဖစ္ၿပီး က်န္ရစ္သူ ေနတိုးတို႔မိသားစုကလည္း မင္းေသြးအတြက္ ရည္စူးၿပီး ေကာင္းမႈအလႉေတြကို အၿမဲမျပတ္လုပ္ကိုင္ေပးေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့ ဇူလိုင္လ (၃) ရက္ေန့မွာလည္း ေနတိုးတို့ မိသားစုက

ကြယ္​လြန္​သြားတာ တစ္နွစ္နဲ့ကိုးလတိတိျပည့္သြားတဲ့ မင္​း​ေသြး(ခ)ညီ​ေလးငယ္​အားရည္​စူး၍ သာသနာ့ဂုဏ္​ရည္​(မိုးကုတ္​ဓမၼရိပ္​သာ)ဆရာ​ေတာ္​ဘုရားအား ဆြမ္​းမ​်ားနွင္႔ န၀ကမၼ၀တၳဳ​ေငြမ်ား လွဴဒါန္းခဲ့တယ္လို့ သိရပါတယ္။ ပရိသတ္ၾကီးအတြက္ ေနတိုးတို့ မိသားစုရဲ့အလွဴေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။ ေနတိုးတို့

မိသားစုကေတာ့ သူတို့ဘဝထဲကေန အေစာဆံုးထြက္ခြာသြားတဲ့ မင္းေသြးအတြက္ အလွဴအတန္းေတြ အျမဲတမ္း ျပဳလုပ္ေပးေနတာပဲ ျဖစ္ပါတယ္။ ကြယ္လြန္သူ မင္းေသြးလည္း ဒီကေန့ျပဳခဲ့တဲ့ အစ္ကိုၾကီးေနတိုးတို့ရဲ့ အလွဴေလးကို ေကာင္းရာဘံုဘဝကေန ဝမ္းေျမာက္စြာ သာဓုေခၚဆိုေနမယ္ ထင္ပါတယ္ေနာ္။

Read in UNICODE

နေတိုးနဲ့ မင်းသွေးတို့ ညီအစ်ကိုနှစ်ယောက်စလုံးက အနုပညာလောကရဲ့ တောက်ပတဲ့ကြယ်ပွင့်တွေဖြစ်ကြပါတယ်။ မင်းသွေးကတော့ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် အောက်တိုဘာလ(၃) ရက်နေ့မှာ မမျှော်လင့်ပဲ ရုတ်တရက်ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ မင်းသွေး

ကွယ်လွန်သွားတာ အခုဆိုရင် တစ်နှစ်ကျော်အချိန်ရှိပြီဖြစ်ပြီး ကျန်ရစ်သူ နေတိုးတို့မိသားစုကလည်း မင်းသွေးအတွက် ရည်စူးပြီး ကောင်းမှုအလှူတွေကို အမြဲမပြတ်လုပ်ကိုင်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဇူလိုင်လ (၃) ရက်နေ့မှာလည်း နေတိုးတို့ မိသားစုက

ကွယ်လွန်သွားတာ တစ်နှစ်နဲ့ကိုးလတိတိပြည့်သွားတဲ့ မင်းသွေး(ခ)ညီလေးငယ်အားရည်စူး၍ သာသနာ့ဂုဏ်ရည်(မိုးကုတ်ဓမ္မရိပ်သာ)ဆရာတော်ဘုရားအား ဆွမ်းများနှင့် နဝကမ္မဝတ္ထုငွေများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်ကြီးအတွက် နေတိုးတို့ မိသားစုရဲ့အလှူလေးကို မျှဝေပေးလိုက်ပါတယ်နော်။ နေတိုးတို့

မိသားစုကတော့ သူတို့ဘဝထဲကနေ အစောဆုံးထွက်ခွာသွားတဲ့ မင်းသွေးအတွက် အလှူအတန်းတွေ အမြဲတမ်း ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ကွယ်လွန်သူ မင်းသွေးလည်း ဒီကနေ့ပြုခဲ့တဲ့ အစ်ကိုကြီးနေတိုးတို့ရဲ့ အလှူလေးကို ကောင်းရာဘုံဘဝကနေ ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနေမယ် ထင်ပါတယ်နော်။

Source : Ashindamar Nanda’s Facebook

Add a Comment

Your email address will not be published. Required fields are marked *