(၁၃)ႏွစ္တိုင္တိုင္ မယ္သီလရွင္ေတြအတြက္ အၿမဲမျပတ္ အလွဴဒါနျပဳခဲ့တဲ့ မ်ိဳးမင္းစိုး

ခန္႔ညားထည္ဝါတဲ့ျမန္မာဖက္ရွင္ေတြသာမက ဆန္းသစ္ၿပီးေျပာင္ေျမာက္တဲ့လက္ရာေတြကို ဖန္တီးႏိုင္တာေၾကာင့္ ျမန္မာႏိုင္ငံရဲ႕နာမည္ေက်ာ္ဖက္ရွင္ဒီဇိုင္နာတစ္ေယာက္အျဖစ္ရပ္တည္ေနႏိုင္သူကေတာ့ ဒီဇိုင္နာမ်ိဳးမင္းစိုးပါ။ သူကေတာ့ အလႉေရစက္လက္နဲ႔မကြာ

လႉႏိုင္လြန္းတဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း “သုဓမၼမဏိေဇာတဓရ” ဘြဲ႕ကိုရရွိထားသလို တတ္ႏိုင္သမွ်ကို လႉေနတာလည္း ေတြ႕ရမွာပါ။ မ်ိဳးမင္းစိုးကေတာ့ ေၾကာ္ျငာအခ်ိဳ႕ကိုလက္ခံ႐ိုက္ကူးေနရၿပီး ရရွိသမွ်အႏုပညာေၾကးကိုလည္း ျပန္လည္

လႉဒါန္းသူပါ။ အခုလည္း မယ္သီလရွင္ေတြကို(၁၃) ႏွစ္တိုင္တိုင္ အၿမဲမျပတ္ အလႉဒါနျပဳလာခဲ့တဲ့အေၾကာင္းကို “က်န္ေတာ္ရဲ႕ကာလဒါနအလႉေလးပါ အေဝးဖိတ္,အနီးဖိတ္ မယ္သီလရွင္ေတြအပတ္တိုင္းအစဥ္မျပတ္ဆိုင္ေရွ႕မွာေလာင္းလႉခဲ့တာ(၁၃)ႏွစ္ေတာင္ေက်ာ္ၿပီေပါ့”

ဆိုၿပီးေတာ့ လႉတန္းေနတဲ့ပုံရိပ္ေလးေတြနဲအတူ သူ႔ရဲ႕ေဖ့ဘြတ္ခ္မွာ ေရးသားေဖာ္ျပထားတာပါ။ ဒီဇိုင္နာမ်ိဳးမင္းစိုးကေတာ့ နာမည္ႀကီးဒီဇိုင္နာတစ္ေယာက္ျဖစ္တာေၾကာင့္ ေအာင္ျမင္ေနသလို ရရွိထားတဲ့ေငြေၾကးေတြကိုလည္း အလႉဒါနျပဳရာမွာရက္ရက္ေရာလႉတန္းႏိုင္လြန္းသူပါ။ တကယ့္ကို စံျပဳထိုက္တဲ့လူတစ္ေယာက္ပါပဲေနာ္…

Read in UNICODE

ခန့်ညားထည်ဝါတဲ့မြန်မာဖက်ရှင်တွေသာမက ဆန်းသစ်ပြီးပြောင်မြောက်တဲ့လက်ရာတွေကို ဖန်တီးနိုင်တာကြောင့် မြန်မာနိုင်ငံရဲ့နာမည်ကျော်ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အဖြစ်ရပ်တည်နေနိုင်သူကတော့ ဒီဇိုင်နာမျိုးမင်းစိုးပါ။ သူကတော့ အလှူရေစက်လက်နဲ့မကွာ

လှူနိုင်လွန်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း “သုဓမ္မမဏိဇောတဓရ” ဘွဲ့ကိုရရှိထားသလို တတ်နိုင်သမျှကို လှူနေတာလည်း တွေ့ရမှာပါ။ မျိုးမင်းစိုးကတော့ ကြော်ငြာအချို့ကိုလက်ခံရိုက်ကူးနေရပြီး ရရှိသမျှအနုပညာကြေးကိုလည်း ပြန်လည်

လှူဒါန်းသူပါ။ အခုလည်း မယ်သီလရှင်တွေကို(၁၃) နှစ်တိုင်တိုင် အမြဲမပြတ် အလှူဒါနပြုလာခဲ့တဲ့အကြောင်းကို “ကျန်တော်ရဲ့ကာလဒါနအလှူလေးပါ အဝေးဖိတ်,အနီးဖိတ် မယ်သီလရှင်တွေအပတ်တိုင်းအစဉ်မပြတ်ဆိုင်ရှေ့မှာလောင်းလှူခဲ့တာ(၁၃)နှစ်တောင်ကျော်ပြီပေါ့”

ဆိုပြီးတော့ လှူတန်းနေတဲ့ပုံရိပ်လေးတွေနဲအတူ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြထားတာပါ။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ နာမည်ကြီးဒီဇိုင်နာတစ်ယောက်ဖြစ်တာကြောင့် အောင်မြင်နေသလို ရရှိထားတဲ့ငွေကြေးတွေကိုလည်း အလှူဒါနပြုရာမှာရက်ရက်ရောလှူတန်းနိုင်လွန်းသူပါ။ တကယ့်ကို စံပြုထိုက်တဲ့လူတစ်ယောက်ပါပဲနော်…

Source : Myo Min Soe’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *