ဖေ့ဘွတ်မှာ Live လွှင့်ရောင်းရင်း နာရီပိုင်းအတွင်း သိန်း(၃၀၀)ကျော်တန်ဖိုးရှိ ပစ္စည်းတွေ ရောင်းထွက်ခဲ့လို့ အံသြလို့မဆုံးဖြစ်နေတဲ့ နှိုင်းယှဉ်မြင့်မိုရ်
Read in UNICODE
ဇာတ်ပို့သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ နှိုင်းရှင်ကတော့ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိထားပြီး အနုပညာအလုပ်အပြင် Live လွှင့်ပြီး Online ပေါ် က ဈေးရောင်းပေးတဲ့ အလုပ်ကိုလည်း လုပ်ကိုင်နေသူပဲဖြစ်ပါတယ်.။ ဒီနေ့ ဇူလိုင်လ (၂)ရက်နေ့မှာတော့ နှိုင်းရှင်က တန်ဖိုးငွေ (၃၂၃)သိန်း တန်းဖိုးရှိတဲ့ ပစ္စည်း (၂၅)မျိုးကို နာရီပိုင်းအတွင်း ရောင်းထွက်ခဲ့လို့ ဝမ်းသာပြီး ကျေးဇူးတင်တဲ့ အကြောင်းလေးကို “ညက (323) သိန်းဖိုး
ရောင်းလိုက်ရတဲ့အတွက် အရမ်း ဝမ်းသာပါတယ်ရှင်…။ ပစ္စည်း (25) မျိူး.၊ တန်ဖိုး (323) ဖိုး ရောင်းရတဲ့အတွက် ကွန်ကရက်ကျူလေးရှင်းပါ ..မခိုင်စုရေ။ အမှန်အတိုင်းပြောရရင် ဒီအလုပ်ကို လက်ခံရတာ အရမ်းစိုးရိမ်နေမိပါတယ်။ စိန်ရွှေရတနာ တွေဆိုတော့ ရောင်းရလည်းအနည်း အကျဉ်းလောက်ပဲ လို့စိတ်ထဲထင်ထားမိတယ်။ ဒါပေမယ့် မနေ့ညကတော့ လုံးဝ Suprise ပါပဲရှင်။ ငါအိပ်မက်များ မက်နေတာလားပေါ့။ နှိူင်းရှင်ဝတ်ပြတဲ့ ပုလဲတဆက် သိန်းတစ်ရာကျော်ကို စယူကတည်းကအရမ်းအံ့ဩသွားတာ…နောက်ခရမ်းစွဲ
ဝတ်ပြလည်း ယူကြပြန်ရော..၊ ဘာကိုင်ပြပြ လုဝယ်နေကြတော့ ဟယ် ငါအိပ်မက်များမက်နေသလားလို့တောင် ထင်လိုက်မိတယ်။ မနေ့ကမနက်က Live က (3)နာရီစာ လွှင့်ခဲ့ရတယ်.။ ပြည့်စုံဝင်းစတိုးမှာ ဝက်ဝက်ကွဲရောင်းခဲ့ရတယ်.။ ပင်ပန်းတာအရမ်း ကိုယ့်အိမ်မှာ လွှင့်ရတာနဲ့မတူဘူး။ ညကျတော့စိန်ရွှေရတနာဆိုတော့ လွှင့်ရလည်းတစ်နာရီလောက်လို့ထင်ပြီး ည(7)နာရီက စလွှင့်လိုက်တာ။ ည (12)ခွဲမှာ မြနိမြန်ဖြတ်ချလိုက်ရတယ်.။ မရလိုက်လို့စိတ်တွေဆိုး ကြတဲ့သူတွေကိုလည်း အနူးအညွတ်တောင်းပန်ပါတယ်ရှင်။ ဆိုင်ရှင် အမနဲ့အန်တီက
သဘက်ခါ ထပ်လွှင့်ပေးဖို့ နှိူင်းရှင်ကို တောင်းဆိုထားပါတယ်။ နောက်ထပ် စိန်ရွှေရတနာဆိုင် တစိဆိုင်ကလည်း ကမ်းလှမ်းထားပါသေးတယ်။ နှိုင်းရှင် အိမ်ကတန်းစီနေသောအလုပ်များကို လည်း လုပ်ပေးဖို့ အပ်ထားတာတွေရှိနေပါသေးတယ်..။ .အားလုံး ပြောနေကြတဲ့ Lucky လေးဖြစ်ရတဲ့အတွက်လည်း အရမ်းပဲဝမ်းသာမိတယ်..။ မြှပ်နေတဲ့ ငွေတွေ ပြန်ထွက်လာတော့ ဝမ်းသာ နေကြတဲ့ အလုပ်ရှင်တွေအတွက်လည်း ရင်ထဲ ပီတိဖစ်ရတယ်…။ အားပေးကြတဲ့ သူတွေ ဈေးတန်တန်နဲ့ ကွာလတီမှန်တဲ့ ပစည်းတွေ
ရတဲ့အတွက်လည်း အရမ်းပျော်ရတယ်..။ .နှိုင်းရှင်ကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေကြတဲ့အတွက် နှိူင်းရှင် ရွေးချယ်ထားတဲ့ ဒုတိယအသက်မွေးဝမ်းကျောင်းအလုပ်ကို နှိုင်းရှင် အရမ်းကျေနပ်မိတယ်။ အားပေးတဲ့ ကာစတန်မာတစ်ယောက်ချင်းစီတိုင်း ကိုလည်း ကျေးဇူးအရမ်းတင်တယ်။ သူတို့နှိူင်းရှင် ဘာရောင်းရောင်း ချြစ်ပီး အားပေးကြလို့သာ နှိုင်းရှင် ရပ်တည်လို့ရလာတာပါ။ ဒါကြောင့်နှိုင်းရှင် အရမ်းဝမ်းသာရပါတယ်ရှင်…။ ညက အိမ်ရောက်တော့ ရေမိုးချိူး
မနက်မထနိုင်မှန်းသိလို့ ဘုရားပါတစ်ခါထည်း ရှိခိုးတာ မနက် (3)နာရီမှ အိပ်ရတယ်။ ခု(7)နာရီခွဲ ပြန်နိုးနေတယ်။ နှိုင်းရှင် ဒီနေ့လည်း နေ့လည် ည Live 2 Live ရှိနေပါတယ်။ နေ့လည် ရန်ကင်းစင်တ၊ Crab ဆိုငိနဲ့ ညဘက် အိမ်မှာ အလှပြင်ပစ္စည်းတစ်နာရီ၊ Ready to Wear ကတနာရီ လက်ခံပေးထားပါတယ်။ အားလုံးစောင့်ကြည့်အားပေးပေးကြပါနော်.” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။နှိုင်းရှင်မြင့်မိုရ်ကတော့ နာရီပိုင်းအတွင်းကို Live လွှင့်ရင်း ပစ္စည်းတွေ ရောင်းထွက်ခဲ့လို့ ဝယ်ယူအားပေးတဲ့ ဝယ်သူတွေကို ကျေးဇူးတင်ကြောင်းကို ပြောလာခဲ့တာပဲဖြစ်ပါတယ်နော်.. ပရိသတ်ကြီး.။
Source : Nhying Shin’s Facebook