အမျဖစ္သူ စိုးျမတ္နႏၵာဆီက မုန္႔လုပ္နည္းေတြ သင္ယူေနတဲ့ စိုးျပည့္သဇင္

မင္းသမီးေခ်ာေလး စိုးျပည့္သဇင္ကေတာ့ လတ္တေလာမွာ အစ္မျဖစ္သူ စိုးျမတ္နႏၵာဆီကေန မုန္႔လုပ္နည္းေတြသင္ေနခဲ့ပါတယ္။ စိုးျပည့္ေလးကေတာ့ အခ်က္အျပဳတ္ေတြကို ဝါသနာပါတဲ့ သူတစ္ေယာက္ျဖစ္ၿပီး ေအာင္ျမင္တဲ့ မင္းသမီးတစ္ေယာက္ျဖစ္မေနခဲ့ရင္

စာဖိုမႈးတစ္ေယာက္ျဖစ္မွာပါလို႔ေတာင္ ဆိုထားတဲ့အထိ အခ်က္အျပဳတ္မွာ ဝါသနာႀကီးတဲ့ သူတစ္ေယာက္ပါ။ လစဥ္ (၂၉)ရက္ေန႔တိုင္းမွာလည္း သံဃာေတာ္ရွင္သူျမတ္ေတြအတြက္ ဆြမ္းထမင္း ဆြမ္းဟင္းေတြကို ကိုယ္တိုင္ခ်က္ျပဳတ္ေလာင္းလႉေလ့ရွိပါေသးတယ္။ အစားအစာေတြကို

ဖန္တီးတဲ့ ေနရာမွာ ဝါသနာထုံလွတဲ့ စိုးျပည့္ေလးကေတာ့ လတ္တေလာမွာ အစ္မျဖစ္သူ စိုးျမတ္နႏၵာဆီကေန မုန္႔လုပ္နည္းေတြကိုပါ ထပ္မံသင္ယူေနတဲ့အေၾကာင္း သူ႔ရဲ႕My Day ကေန ေဖာ္ျပလာခဲ့ပါတယ္။ အစားအစာေတြကိုဖန္တီးရတာဝါသနာပါတဲ့ စိုးျပည့္ေလးကေတာ့

အစ္မျဖစ္သူဆီကေန မုန္႔လုပ္နည္းေတြသင္ေနရလို႔ေပ်ာ္႐ႊင္ေနခဲ့ၿပီး အစ္မျဖစ္သူ စိုးျမတ္နႏၵာကလည္း ညီမေလးကို ေသေသခ်ာခ်ာသင္ေပးေနပါတယ္။ ပရိသတ္ႀကီးေတြေရာ ဒီလိုခ်စ္စရာေကာင္းတဲ့ အစ္မေတြ ညီမေတြကို ပိုင္ဆိုင္ထားလား။

Read in UNICODE

မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ လတ်တလောမှာ အစ်မဖြစ်သူ စိုးမြတ်နန္ဒာဆီကနေ မုန့်လုပ်နည်းတွေသင်နေခဲ့ပါတယ်။ စိုးပြည့်လေးကတော့ အချက်အပြုတ်တွေကို ဝါသနာပါတဲ့ သူတစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်မနေခဲ့ရင်

စာဖိုမှုးတစ်ယောက်ဖြစ်မှာပါလို့တောင် ဆိုထားတဲ့အထိ အချက်အပြုတ်မှာ ဝါသနာကြီးတဲ့ သူတစ်ယောက်ပါ။ လစဉ် (၂၉)ရက်နေ့တိုင်းမှာလည်း သံဃာတော်ရှင်သူမြတ်တွေအတွက် ဆွမ်းထမင်း ဆွမ်းဟင်းတွေကို ကိုယ်တိုင်ချက်ပြုတ်လောင်းလှူလေ့ရှိပါသေးတယ်။ အစားအစာတွေကို

ဖန်တီးတဲ့ နေရာမှာ ဝါသနာထုံလှတဲ့ စိုးပြည့်လေးကတော့ လတ်တလောမှာ အစ်မဖြစ်သူ စိုးမြတ်နန္ဒာဆီကနေ မုန့်လုပ်နည်းတွေကိုပါ ထပ်မံသင်ယူနေတဲ့အကြောင်း သူ့ရဲ့My Day ကနေ ဖော်ပြလာခဲ့ပါတယ်။ အစားအစာတွေကိုဖန်တီးရတာဝါသနာပါတဲ့ စိုးပြည့်လေးကတော့

အစ်မဖြစ်သူဆီကနေ မုန့်လုပ်နည်းတွေသင်နေရလို့ပျော်ရွှင်နေခဲ့ပြီး အစ်မဖြစ်သူ စိုးမြတ်နန္ဒာကလည်း ညီမလေးကို သေသေချာချာသင်ပေးနေပါတယ်။ ပရိသတ်ကြီးတွေရော ဒီလိုချစ်စရာကောင်းတဲ့ အစ်မတွေ ညီမတွေကို ပိုင်ဆိုင်ထားလား။

Source : Soe Pyae Thazin’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *