ကိုယ္တိုင္ထိုးခဲ့တဲ့ ထီေလးက(၅)ေသာင္းဆုေပါက္ခဲ့လို႔ ေပ်ာ္မဆံုးျဖစ္ေနတဲ့ အဆိုေတာ္ႀကီး စိုင္းဆိုင္ေမာဝ္

“ေမာင္ေပးတဲ့အခ်စ္ ျပန္ဆပ္ခဲ့ပါ”၊ “တစ္ရြာသားနဲ့ ပုဝါပါး”၊ “ခ်ယ္ရီသက္ေသ ေမာင့္မ်က္ရည္” စတဲ့ သီခ်င္းေတြရဲ့ပိုင္ရွင္ အဆိုေတာ္ၾကီး စိုင္းဆိုင္ေမာဝ္ရဲ့ သီခ်င္းေတြကေတာ့ ဒီေန့ထက္တိုင္ ပရိသတ္ေတြၾကားမွာ လႊမ္းမိုးမႈရိွေနဆဲ ျဖစ္ပါတယ္။ စိုင္းဆိုင္ေမာဝ္ကေတာ့

အသက္အရြယ္တစ္ခုေရာက္ရိွလာခ်ိန္မွာေတာ့ က်န္းမာေရးခ်ိဳ့ယြင္းလာျပီး သူျမတ္နုိးတဲ့ သီခ်င္းေတြကို ဆက္လက္ျပီး မဆိုနိုင္ေတာ့တာကို ေတြ့ရပါတယ္။ က်န္းမာေရးမေကာင္းတာေၾကာင့္ အိမ္ထဲမွာပဲ အနားယူေနရတဲ့ စိုင္းဆိုင္ေမာဝ္က ဒီလမွာေတာ့

သူထိုးထားတဲ့ ထီေလးကေန (၅)ေသာင္းဆုကို ဆြတ္ခူးနိုင္ခဲ့လို့ ဝမ္းသာေနတာပဲ ျဖစ္ပါတယ္။ စိုင္းဆိုင္ေမာဝ္ရဲ့ ဇနီးက “ခုမွသူထိုးထားတာေလးျပလို႔ တိုက္ၾကည့္တာ ဂ ၈၈ နဲ႔ ၅ေသာင္းရလို႔ ေပ်ာ္ေနရွာ….” ဆိုျပီး

မွ်ေဝထားတာကို ေတြ့ရပါတယ္။ စိုင္းဆိုင္ေမာဝ္ကေတာ့ အရင္ကလို သီခ်င္းေတြမဆိုနိုင္ေတာ့ပဲ အိမ္မွာပဲ အနားယူေနရတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း စိုင္းဆိုင္ေမာဝ္တစ္ေယာက္ က်န္းမာ ခ်မ္းသာနိုင္ဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။

Read in UNICODE

“မောင်ပေးတဲ့အချစ် ပြန်ဆပ်ခဲ့ပါ”၊ “တစ်ရွာသားနဲ့ ပုဝါပါး”၊ “ချယ်ရီသက်သေ မောင့်မျက်ရည်” စတဲ့ သီချင်းတွေရဲ့ပိုင်ရှင် အဆိုတော်ကြီး စိုင်းဆိုင်မောဝ်ရဲ့ သီချင်းတွေကတော့ ဒီနေ့ထက်တိုင် ပရိသတ်တွေကြားမှာ လွှမ်းမိုးမှုရှိနေဆဲ ဖြစ်ပါတယ်။ စိုင်းဆိုင်မောဝ်ကတော့

အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ ကျန်းမာရေးချို့ယွင်းလာပြီး သူမြတ်နိုးတဲ့ သီချင်းတွေကို ဆက်လက်ပြီး မဆိုနိုင်တော့တာကို တွေ့ရပါတယ်။ ကျန်းမာရေးမကောင်းတာကြောင့် အိမ်ထဲမှာပဲ အနားယူနေရတဲ့ စိုင်းဆိုင်မောဝ်က ဒီလမှာတော့

သူထိုးထားတဲ့ ထီလေးကနေ (၅)သောင်းဆုကို ဆွတ်ခူးနိုင်ခဲ့လို့ ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ စိုင်းဆိုင်မောဝ်ရဲ့ ဇနီးက “ခုမှသူထိုးထားတာလေးပြလို့ တိုက်ကြည့်တာ ဂ ၈၈ နဲ့ ၅သောင်းရလို့ ပျော်နေရှာ….” ဆိုပြီး

မျှဝေထားတာကို တွေ့ရပါတယ်။ စိုင်းဆိုင်မောဝ်ကတော့ အရင်ကလို သီချင်းတွေမဆိုနိုင်တော့ပဲ အိမ်မှာပဲ အနားယူနေရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း စိုင်းဆိုင်မောဝ်တစ်ယောက် ကျန်းမာ ချမ်းသာနိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။

Source : Khay Lar Mo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *